Unicode
Knowledge Roundtable 7
Oily Water Separator
• ကျွန်တော်တို Seafarer တစ်ယောက်အနေနဲ့ရော သင်္ဘောပိုင်ရှင်တွေအနေနဲ့ရော
စိုးရိမ်ကြောင့်ကျ နေရတာက နေ့တဓူဝ သင်္ဘောပေါ်က ထွက်ရှိနေတဲ့ ရေ နဲ့ ဆီ
ရောပြွန်းနေတဲ့ dirty water တွေကို သင်္ဘောပေါ်မှ စွန့်ထုတ်မှု လုပ်ငန်းစဉ်ပါပဲ
• ဒါဆိုရင် MARPOL Annex l Reg.14 အညီ ဒီ oily mixture တွေကို ဘယ်လို
discharge လုပ်ကြမလဲ…
• 1974 မှာ IMO ကနေ သင်္ဘောပေါ်တွေမှာ Oily Water Separator တပ်ဖို ဥပဒေပြု
ပြဌာန်းခဲ့ပါတယ်၊
• ကနဦး အစပိုင်းမှာတော့ 100 ppm (Parts Per Million of oil) နဲ့ စခဲ့သော် လည်း1992 မှာ 15 ppm ထိ စံနှုန်းထားတင်းကြပ်ခဲ့တာ ယနေ့ထိတိုင်ပါပဲ
• တကယ်လို Marinfloc Oily Water Separator ဆိုရင်တော့ 5 ppm ထိ
လျော့ချနိုင်မှာဖြစ်ပါတယ်၊ဒီနေရာမှာ သတိမူရမှာက dose လုပ်ဖို Chemical
အလုံအလောက် ရှိနေဖို လိုအပ်သလို ၊ Maker Instruction Manual အရ Bilge tank ကို အပူပေးဖိုလိုပါတယ်
*OWS Operation မစခင် ဘာလုပ်ကြမလဲ …
• Overboard valve ကို unsealed လုပ်ရပါမယ်
• Valve တွေ gauge တွေ good working condition ဖြစ်မဖြစ် confirm လုပ်ရပါမယ်
• 15 ppm မှာ ODM အလုပ် လုပ်မလုပ် confirm လုပ်ရပါမယ်(Calibration အနေနဲ့က Maker instruction ဒာမှမဟုတ် IOPP Certificate renewal ပေါ်မှာ တည်မှီကြပါတယ်)
• OWS ရဲ့ sampling line choke ဖြစ်မဖြစ်၊ bilge pump က auto stop ဖြစ်မဖြစ်တိုကိုလည်း စစ်ဆေးရပါမယ်
• တကယ်လို 3 way valve တပ်ထားလိုရှိရင်လဲ 15 ppm alarm မြည်တာနဲ့ O/B valve က completely close ဖြစ်ရဲ့လား ၊ BSO tank ထဲ ပြန်ဝင်တဲ့ line က choke မဖြစ်ဘူး ဆိုတာလဲ သေချာဖိုလိုပါတယ်၊
• ဒါတွေအားလုံး အဆင်သင့် ဖြစ်ရင်တော့ bridge ကို အကြောင်းကြားဖိုလိုပြီပေါ့
*OWS running နေတဲ့ အချိန်အတွင်းမှာရော ဘာတွေလုပ်ကြမလဲ…
• Bilge pump က auto position မှာရှိနေဖို
• 15 ppm ODM ကို ဝင်တဲ့ fresh water line ဟာ completely close ဖြစ်ရဲ့လား
• 15 ppm ODM က ထွက်တဲ့ return line မှာ fresh water အဆက်မပြတ် ရှိနေရဲ့လား
• Pump နဲ့ OWS ရဲ့ pressures ဟာ specified range ထဲမှာ ရှိရဲ့လား
• Overboard line ပေါ်က clear glass ကနေ no trace of oil ဖြစ်ရဲ့လား
• Bilge tank / BSO tank ရဲ့ sounding အခြေအနေ
• Different chambers မှာရှိနေတဲ့ samples တွေတိုကို မကြာခဏ ဆိုသလို Monitor လုပ်ပေးနေရမှာ ဖြစ်ပါတယ်
• *တာဝန်ကျ duty officer က bridge ပေါ်ကနေ seaside ကို monitor လုပ်နေမယ်ဆို safe ဖြစ်မယ့် Operation လေးဖြစ်နေမယ်ဆိုတာ မလွဲဧကန်ပါပဲ
Zawgyi
Knowledge Roundtable 7
Oily Water Separator
discharge လုပ်ကြမလဲ…
ပြဌာန်းခဲ့ပါတယ်၊
