Knowledge Roundtable 6
SSAS TEST ကို ဘယ်လို မှန်မှန်ကန်ကန် ဘယ်လို လုပ်ကြမလဲ …
SSAS (Ship Security Alert System) ဘယ်လို အလုပ်လုပ်ပါသလဲ …
IMO ရဲ့ Requirements ကရော ဘာတွေလဲ …
မသိသေးသူ ၊ မကွဲပြားသေးသူတွေ အတွက်သာ ရည်ညွှန်းပါတယ် …
IMO က MSC/ Circ.1155 နဲ့ ” Guidance on the message priority and the testing of ship security alert systems ” ဆိုပြီး ညွှန်ကြားထားပြီးသားပါ …
ဒီအပေါ်မှာ မူတည်ပြီး သက်ဆိုင်ရာ Administration တွေ ရဲ့ Testing procedures ကို သတ်မှတ်ပိုင်ခွင့်ကိုလဲ ပေးထားပါတယ် …
ဒါကြောင့် အရေးကြီးဆုံးက မိမိ သင်္ဘောရဲ့ Administration ရဲ့ Testing procedures ကို ထဲထဲ၀င်၀င် သိနေဘိုလိုပါမယ် …
ဘာလို လဲဆိုတော့ IMO Guide line တွေ က တူပေမဲ့ procedure က Flag တခု နဲ့ တခု မတူတတ်ပါဘူး …
Flag တွေကလည်း သက်ဆိုင်ရာ Circular တွေနဲ့ သဘောင်္တွေ ကုမ္ပဏီ တွေကို အကြောင်းကြားထားလိုပါ …
ကုမ္ပဏီတွေကလည်း SSP (Ship Security Plan) မှာ ဖေါ်ပြပေးထားပါတယ် …
ISPS (International Ship and Port Facility Security Code) အရ သဘောင်္တွေ ရဲ့ လုံခြုံရေးကို တိုးမြှင့်ဘို SSAS (Ship Security Alert System) ဟာ Act of piracy နဲ့ terrorism အတွက် အရေးပါလာခဲ့ပါတယ် …
SSAS (Ship Security Alert System) ဘယ်လို အလုပ်လုပ်ပါသလဲ …
တကယ်လို မိမိ သဘောင်္ဟာ Piracy attack, Terrorist act ဒါမှမဟုတ် Maritime Security နဲ့ ပါတ်သက်လို ခြိမ်းခြောက်ခံနေရပြီဆိုရင် သင်ဘာလုပ်မှာလဲ …
သဘောင်္ပေါ်မှာ Security Alert ကို Activate လုပ်ဘို Security Alert Button တွေကို
Bridge ပေါ်မှာ တခု ရယ်၊
တခြားလူမသိနိုင်တဲ့ နေရာ တခုရယ်မှာ တတ်ဆင်ထားရမယ်လို ပြောပါတယ်၊
များသောအားဖြင့် Master’s Cabin မှာ ထားပါတယ်…
အဓိပ္ပါယ်ကတော့ Bridge ကို မသမာသူတွေ စီးမိသွားရင်တောင် Master’s Cabin က နေ Activate လုပ်နိုင်အောင်ပါ …
ပြီးတော့ Activation points တွေဟာ အမှတ်တမဲ့ မတော်မဆ မနှိပ်မိအောင်လည်း စီစဉ်ထားရှိရမယ်လိုလဲ ညွှန်ကြားထားပါတယ် …
Security Alert Button ကို နှိပ်လိုက်တာနဲ့ အောက်မှာပြထားတဲ့ Informations တွေဟာ သတ်မှတ်ထားတဲ့ အဖွဲ အစည်း ၊ ကုမ္ပဏီ တွေကို ပိုမှာပါ…
1. Name of ship
2. IMO number allotted to the ship
3. The Call Sign of the ship
4. The Global Navigation Satellite System (GNSS) position of the ship in latitude and longitude
5. Maritime Mobile Service Identity (MMSI)
6. Date and time of the alert according to the GNSS position (as per the current time the ship is sailing)
Security Alert / alarm ရဲ့ ထူးခြားချက်လေးတွေ၊ အလုပ်လုပ်ပုံတွေကိုတော့ သေချာသိထားသင့်ပါတယ် …
၁။ Activate လုပ်လိုက်တာနဲ့ သက်ဆိုင်ရာ Parties (Administration , Owner , Appointed professional SSAS management) တွေကို အပေါ်မှာပြောထားတဲ့ အချက်အလက်တွေကို မရပ်မနား (GSM phone, email, fax, telex… တွေကို ) Transmit လုပ်နေမှာ ဖြစ်ပါတယ်၊
၂။ Reset / Deactivate လုပ်လိုက်မှ Transmission က ရပ်မှာပါ ။ မလုပ်မချင်း ဆက်လွှင့်နေမှာပါ။
၃။ ဒီ Security Alert / alarm ဟာ Activate လုပ်တာနဲ့ မိမိသဘောင်္ပေါ်မှာ Fire alarm တိုလို အသံမမြည်သလို၊ အနီးအနားမှာရှိတဲ့ သဘောင်္တွေကလည်း မသိနိုင်ပါဘူး။
၄။ Security Alert / alarm ရတဲ့ ကုမ္ပဏီအပါအ၀င် Administration က သဘောင်္နဲ့ အနီးဆုံး သက်ဆိုင်ရာ National Authorities ကို အမြန် အကြောင်းကြားပါတယ်။
၅။ သက်ဆိုင်ရာ National Authorities ကလည်း ဖြစ်တဲ့နေရာကို military / law-enforcement forces တွေကို အမြန်လွှတ်မှာ ဖြစ်ပါတယ် ။
ဒီတော့ Security Alert / alarm ကို မှားပြီး၊ ဒါမှမဟုတ် မတော်မဆ Transmit လုပ်မိရင် ဖြစ်လာမဲ့ အကျိုးဆက်တွေနဲ့ ကုန်ကျစားရိတ်တွေက အင်မတန်များပါတယ် …
ဒါကြောင့် မိမိ သင်္ဘောရဲ့ Administration ရဲ့ ရဲ့ Testing procedures ကို သေသေချာချာ သိနေဘို အလွန်အရေးကြီးလှပါတယ် …
Administration ရဲ့ Testing procedures တွေဟာ Flag ပေါ်မူတည်ပြီး တခုနဲ့ တခုမတူညီနိုင်ပါဘူး …
ဥပမာ အနေနဲ့ India (DG) နဲ့ Singapore (MPA) ရဲ့ Testing procedures တွေကို လေ့လာကြည့်ရအောင်ပါ …
# # # INDIA (DG) က
Test မလုပ်ခင်
သဘောင်္ကနေ E-mail နဲ့ DG ကို အောက်မှာပြောထားတဲ့ information တွေကိုပေးပြီး ခွင့်ပြုဘို ၃ နာရီကြိုပြီး အကြောင်းအရင်ကြားရပါမယ်
* Name of the vessel and its present position
* Intended date and time (UTC) and IST of the test.
DG ကနေ Test လုပ်ခွင့်ရရင် Location 1 ကနေ ြေ့ပာထားတဲ့အချိန်မှာ Test လုပ်လိုရပါပြီ…
DG က Correct Alert ကို ရရင် CSO / Master ကို ရရှိကြောင်း နဲ့ Location 2 ကနေ ဆက်ပြီး Test လုပ်ဘိုအကြောင်းကြားပါမယ် …
Location 2 ကနေ Test လုပ်ရင်တော့ Level-3 အထိရောက်အောင် မိနစ် ၃၀ စောင့်ခိုင်းပါတယ်၊
Alert level-3 ကိုမှန်မှန်ကန်ကန် ရရင် CSO / Master ကို ရရှိကြောင်း နဲ့ System ကို Reset လုပ်ဘို ပြောပါမယ် …
System ကို Reset လုပ်ပြီးရင်တော့ …
CSO/ Master က Test complete ဖြစ်တဲ့ အကြောင်းနဲ့ System reset လုပ်ပြီးကြောင်း ကို email နဲ့ “SSAS test has been completed and all subsequent alerts may be treated as true alerts.” ဆိုပြီး ပိုပေးရပါတယ် …
# # # SINGAPORE ( MPA ) ကတော့
Test မလုပ်ခင်
သဘောင်္ကနေ E-mail နဲ့ MPA ကို Test လုပ်မဲ့ အကြောင်းကို ခွင့်ပြုဘို Pre-test notification ကို ၂ ရက်ထက်မပို ၊ Test လုပ်မဲ့ အချိန်ထက် ၄နာရီထက် နောက်မကျစေဘဲ ကြိုပြီး အကြောင်းအရင်ကြားရပါမယ် …
Test frequency ကိုတော့ တနှစ်မှ တခါဘဲ လက်ခံပါတယ် … အဲဒီ အချိန်ဟာလဲ Annual Safety radio & safety Equipment Survey အချိန်နဲ့ ကိုက်ပြီး လုပ်ခိုင်းပါတယ် …
MPA ကတော့ Actual Security Alert နဲ့ Annual Test Alert ကိုဘဲ လက်ခံပါတယ် …
Company / Master တွေ ကိုတော့ False Alert ကိုသတိထားဘိုနဲ့ ဖြစ်ခဲ့ရင်လည်း False Alert ဖြစ်ကြောင်း အားလုံးကို အကြောင်းကြားဘို ညွှန်ကြားထားပါတယ် … မဟုတ်ရင်တော့ Heavy Penalties ထိလိမ့်မယ်လို အကြောင်းကြာထားပြီဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့ …
ဒါကြောင့် Administration ရဲ့ Testing procedures တွေဟာ Flag ပေါ်မူတည်ပြီး တခုနဲ့ တခုမတူညီနိုင်လို Test မလုပ်ခင် အရင်သိအောင်လုပ်ဘို တိုက်တွန်းလိုက်ရပါတယ် …
ဖတ်တဲ့သူအတွက် အကျိုးရှိမယ်ဆိုရင်တော့ …
အုတ်တချပ် သဲတပွင့် အဖြစ် ပါ၀င်ခွင့် လိုကျေနပ်လှပါပြီ …
MARITIME PRO ဆက်ကြိုးစားပါအုန်းမယ် …
Zawgyi
Knowledge Roundtable 6
Bridge ပေါ်မှာ တခု ရယ်၊
1. Name of ship
ဒီတော့ Security Alert / alarm ကို မှားပြီး၊ ဒါမှမဟုတ် မတော်မဆ Transmit လုပ်မိရင် ဖြစ်လာမဲ့ အကျိးဆက်တွေနဲ့ ကုန်ကျစားရိတ်တွေက အင်မတန်များပါတယ် …
# # # INDIA (DG) က
Test မလုပ်ခင်
DG ကနေ Test လုပ်ခွင့်ရရင် Location 1 ကနေ ပြော့ထားတဲ့အချိန်မှာ Test လုပ်လိုရပါပြီ…
# # # SINGAPORE ( MPA ) ကတော့
Test မလုပ်ခင်
ဖတ်တဲ့သူအတွက် အကျိးရှိမယ်ဆိုရင်တော့ …