Unicode
Knowledge roundtable 58
ဒီတခေါက် Knowledge roundtable မှာတော့ Container သင်္ဘောတွေမှာ …တာဝန်ထမ်းဆောင်နေသူများ အထူးသဖြင့် Chief officer နဲ့ Third officer များ သိထားရမဲ့ Direct container firefighting equipment အကြောင်းဆွေးနွေးကြပါမယ်…
On deck မှာ ရှိတဲ့ Container တွေ မီးလောင်ရင် မီးသတ်ရတာလွယ်ပေမဲ့ … အမြင့်မှာရှိနေတဲ့ Container တွေ မီးသတ်ဖိုအတွက်ကတော့ … သင်္ဘောဝန်ထမ်းတွေအတွက် ခက်ခဲသလို အန္တရာယ်လဲ အင်မတန် များလှပါတယ်…
အချိန်မှီ မီးမငြိမ်းသတ်နိုင်ရင်လဲ … တခြားကို မီးကူးစက်နိုင်တာကြောင့် သင်္ဘော အတွက်လဲ …အန္တရာယ်လဲ အင်မတန် များလှပါတယ်…
ဒါကြောင့် မီးသတ်ဖို အမြင့်ကို တက်စရာမလိုဘဲ … Deck level ကနေ အမြင့်မှာ မီးလောင်နေတဲ့ Container တွေကို မီးငြိမ်းသတ်နိုင်ဖို … ကြံဆ တီထွင်လာခဲ့ပါတယ် …
ထုတ်လုပ်တဲ့ Manufacturer ပေါ်မူတည်ပြီး … Design နဲ့ Operation က အနည်းငယ်ပြောင်းလဲနိုင်ပေမဲ့…
Basic ကတော့ တူတူပါဘဲ …
အဓိက ကတော့ သင်္ဘောရဲ့ Fire main ကရတဲ့ … Water pressure ကိုဘဲ အသုံးပြုပြီး … မီးလောင်နေတဲ့ Container ရဲ့ Door ကို Drill machine လို ဖေါက်ပြီး ရေနဲ့ မီးငြိမ်းသတ်တဲ့ စနစ်ဘဲ ဖြစ်ပါတယ် …
Telescopic lift စနစ်ပါလို အမြင့်တက်စရာလုံး၀ မလိုဘဲ … Deck level ကနေဘဲ မီးသတ်ဖို လိုတဲ့ အမြင့်ကို ချိန်ညှိနိုင်ပါတယ် …
Fully automatic firefighting စနစ်ဖြစ်ပြီး … သင်္ဘောဝန်ထမ်းတွေ အလွယ်တကူ အန္တရာယ် ကင်းကင်းနဲ့ လုံခြုံစိတ်ချစွာ … မီးငြိမ်းသတ်ခြင်းကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ် …
အားသာချက်တွေကတော့ …
မီလောင်နေတဲ့ Container ကိုမီးသတ်ဖို … လက်လှမ်းမှီတဲ့ နေရာရော အမြင့် မှာပါ သုံးနိုင်ပါတယ်…
Electricity မလိုဘဲ Fire main က water pressure ကိုဘဲ အသုံးပြုပါတယ် …
ရိုးရှင်းတဲ့ Operation ဖြစ်ပြီး … Container ရဲ့ Locking bar မှာ တပ်ဆင်ဖိုဘဲ လိုပါတယ် …
အမြင့်မှာ ရှိတဲ့ container တွေမှာ Deck level ကနေ Telescopic pole နဲ့ တတ်ဆင်တဲ့အခါ မှာ …တပ်ဆင်ထားတဲ့ Firehose weight ကိုသုံးပြီး တပ်မဲ့နေရာမှာ … Auto တပ်လိုရတာပါဘဲ …
မီးငြိမ်းသတ်ပြီးသွားရင်လဲ … Water supply ကို ရပ်လိုက်တာနဲ့ … Equipment ကို အလွယ်တကူ အောက်ကိုပြန်ချလိုရပါတယ် …
Maintenance အနေနဲ့တော့ … Container door ကိုဖေါက်မဲ့ Hole Saw ကိုတော့ … ဆက်သုံးချင်လဲရပါတယ် Safety reason အရ တခါသုံးပြီးရင်လဲဖိုတော့ Recommend လုပ်ထားပါတယ် …
Fully automated penetration & operation ဖြစ်လို … Crew safety ကို အများကြီး အထောက်အကူပြုပါတယ် …
Water pressure ကလဲ … 2-3 bars ဘဲလိုအပ်ပါတယ် …
သင်္ဘောပေါ်မှာရှိတဲ့ Coupling မျိုးစုံနဲ့ အသုံးပြုလိုရပါတယ် …
Weight ကလဲ 4.5 kg (10 lbs) လောက်ဘဲ လေးပါတယ်…
အားနည်းချက်ကတော့ … Sides of Container မှာတော့တတ်လိုမရပါဘူး …
Door handle ( Locking bars) မှာဘဲ တတ်ဆင်လို ရနိုင်ပါမယ် …
Reefer container တွေမှာတော့ … အသုံးပြုလို မရပါဘူး
7th or 8th container အမြင့်ကိုတော့ … တတ်ဆင်လိုမရပါဘူး …
ဒါပေမဲ့ များသောအားဖြင့် အဲဒီအမြင့်မှာ Empty container တွေသာ တင်တာကြောင် … ပြသနာမရှိနိုင်ပါဘူး
SOLAS 74, Chapter II-2 Regulation 10.7.3 ကို comply လုပ်ပြီး … Type approval certificate ပါရှိပါတယ် …
Model ပေါ်မူတည်ပြီး … Water , Foam နဲ့ CO2 တိုနဲ့လဲ မီးငြိမ်းသတ်နိုင်မှာ ဖြစ်ပါတယ် …
တတ်ဆင်ရတာလွယ်ကူပေမဲ့ … Crew training ကတော့ လိုအပ်မှာဖြစ်ပါတယ် …
သုံပြီးရင်တော့ … System တခုလုံးကို … Fresh water နဲ့ သေချာဆေး ၊ အခြောက်ခံပြီးရင် … သိမ်းလို ရပါပြီ …
ခုချိန်မှာ … Shipper တွေက Declaration အမှန်မလုပ်တဲ့ container တွေကြောင့် … Container fire တွေ အကြီးအကျယ်ကြုံနေကြချိန်မှာ … သင်္ဘော၊ ကုန် နဲ့ သင်္ဘောဝန်ထမ်းတွေရဲ့ Safety အတွက်တော့ … အင်မတန်ကောင်းတဲ့ … စနစ်တခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် …
ဖတ်တဲ့သူအတွက် အကျိုးရှိမယ်ဆိုရင်တော့ …
အုတ်တချပ် သဲတပွင့် အဖြစ် ပါ၀င်ခွင့် လိုကျေနပ်လှပါပြီ …
မိမိသင်္ဘော၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …
MARITIME PRO ဆက်ကြိုးစားနေပါအုန်းမယ် …
Zawgyi
Knowledge roundtable 58
Basic ကတော့ တူတူပါဘဲ …
အားသာချက်တွေကတော့ …
သင်္ဘောပေါ်မှာရှိတဲ့ Coupling မျိးစုံနဲ့ အသုံးပြုလိုရပါတယ် …
ဖတ်တဲ့သူအတွက် အကျိးရှိမယ်ဆိုရင်တော့ …




