Unicode
Knowledge roundtable – 57
ဒီတခါတော့ …
သင်္ဘောပေါ်က Anchor cable တွေ အကြောင်း ဆွေးနွေးကြည့်ကြရအောင် …
Bridge duty ယူရင်း Wheel House Poster ကို … လေ့လာကြည့်ဖြစ်ပါသလား …
အဲဒီ Information တွေထဲက… Anchor Chain Details အကြောင်း ပြောကြည့်ရအောင် …
Self assessment လေးလုပ်ကြည့်ကြရအောင် …
၁၊ Port & Stbd anchor cables အရေအတွက်က သင်္ဘောပေါ်မှာ တူတူဘဲလား
၂၊ တူနေတယ်ဆို ဘာကြောင့်တူနေရတာလဲ
၃၊ မတူဘူးဆိုရင် ဘာကြောင့်မတူရတာလဲ
၄၊ သင်္ဘောတိုင်းအတွက် တင်ဆင်ထားရမဲ့ cables အရေအတွက်ကရော တူတူဘဲလား
၅၊ အရင်သင်္ဘောက cables အရေအတွက်နဲ့ ခု သင်္ဘောက cables အရေအတွက်ကရော တူတူဘဲလား
၆၊ ဘယ်လို တွက်ပြီး တပ်ဆင်ကြသလဲ
၇၊ ဘယ်မှာ ရှာကြည့်ရင်ကော ရနိုင်မလဲ
အပေါ်က အချက်လေးတွေ … အရင်ဖြေကြည့်ပါအုံး …
ပြီးမှ ဆက်ဖတ်ပေးပါ …
📔📖📕📖📗📖📘📖📙📖
📚📃📚📃📚📃📚📃📚📃
သင်္ဘောပေါ်မှာ … Anchor cable Length ဟာ တဖက်နဲ့ တဖက် မတူကြတာ … သတိထားမိကောင်း သတိထားမိကြပါလိမ့်မယ် …
သင်္ဘောမှာ တပ်ဆင်ရမဲ့ anchor weight ၊ stud link တွေရဲ့ diameter နဲ့ steel grade ၊ length of the anchor chain တွေကို IACS ( International association of classification society )က သတ်မှတ်ပေးထားတဲ့ guidelines တွေအတိုင်း တွက်ချက် သတ်မှတ်ပါတယ်…
အဲဒီ သတ်မှတ်ချက်တွေကိုတော့ … အောက်မှာ ပြောထားတဲ့ Formula နဲ့ တွက်ချက် ပါတယ် …
EQUIPMENT NUMBER ( EN ) ကို ရရှိပါတယ် … တွက်နည်း သိချင်တဲ့ သူတွေအတွက်တော့ … Formula ကို မျှဝေပေးထားပါတယ် …
H = a + Σhi
H = effective height, [m], from the summer load waterline to the top of the uppermost deckhouse
a = distance [m] from summer load waterline amidships to the upper deck at side
hi = height [m] on the centre line of each tier of houses having a breadth greater than B/4. For lowest tier, hi is to be measured at centre line from upper deck, or from a notional deck line where there is a local discontinuity in the uppers deck.
ENc = Δ2/3 + 2BH + 0.1A
Δ = moulded displacement, [t], to the summer load water line
A = area [m2] in profile view of the hull, superstructures and houses above the summer load waterline, which is within the Rule length of the vessel. Houses of breadth less than B/4 are to be disregarded.
EQUIPMENT NUMBER ( EN ) ကိုတော့ Delivery လုပ်ချိန်က … Shipyard ကပေးလိုက်တဲ့ … Anchor certificate မှာ တွေ့နိုင်ပါတယ် …
EQUIPMENT NUMBER ( EN ) သိရင်တော့ … IACS Regulation အရ ထုတ်ထားတဲ့ … Rigging Tables တွေမှာ … ရှာကြည့်ရင် မိမိသင်္ဘောအတွက် Equipment Letter ကို ရမှာဖြစ်သလို … တပ်ဆင်ဖို လိုအပ်တဲ့ Anchor ရဲ့ အရေအတွက် ၊ Weight တွေနဲ့ အတူ … Total cable length ၊ Stud link တွေရဲ့ Diameter က အစ အသေးစိတ် ဖေါ်ပြထားတာ တွေ့ရပါလိမ့်မယ် …
Cable ရဲ့ Total length ကို ၂ နဲ့ စား ရင် တဖက်စီ ရှိရမဲ့ Length ကို ရပါပြီ …
ဒါပေမဲ့ စားလဒ် ဟာ 1 shackle length ဖြစ်တဲ့ 15 fathom or 90 feet or 27.5 m အတိုင်း အတိအကျ ရမှာ မဟုတ်ပါဘူး …
ဥပမာ စားလဒ် ဟာ 12.6 ဖြစ်ရင် … Nearest Full Shackle Length ဖြစ်တဲ့ … Anchor ၂ ခုလုံးကို 13 shackle lengths of chain နဲ့ တပ်ဆင်ရမှာ ဖြစ်ပါတယ် …
ဒီနေရာမှာ Classification rule အရ …
သင်္ဘောပေါ်မှာ One spare shackle of chain ရှိရမှာ ဖြစ်ပါတယ် …
ဒီ Spare chain ကို လက်တွေ့မှာ … Forecastle stores မှာ ထားသိုဖို လိုအပ်တဲ့ နေရာ အနေအထားအရ … အဆင်မပြေပါဘူး … အဲဒီ One spare shackle of chain ကို port or starboard anchor မှာ Connect လုပ်ထားပါတယ် … Kenter shackle ကိုသုံးပြီး ဆက်ပါတယ် … လိုအပ်ရင် အလွယ်တကူ ဖြုတိ တပ်နိုင်ဖိုပါ …
ဒါကြောင့် သင်္ဘောပေါ်မှာ … port & stbd chain တွေကို နှိင်းယှဉ်ကြည့်ရင် တဖက်ဖက်က … One shackle length ပိုနေတာတွေ့ရမှာ ဖြစ်ပါတယ် …
မိမိသင်္ဘော၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …
Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …
အကျိုးရှိတယ်လို ယူဆရင်တော့ … တခြားသူတွေ အတွက်ပါအကျိုးရှိစေဖို … Share ပေးနိုင်ပါတယ်
Zawgyi
Knowledge roundtable – 57
ဒီတခါတော့ …
၎၊ သင်္ဘောတိုင်းအတွက် တင်ဆင်ထားရမဲ့ cables အရေအတွက်ကရော တူတူဘဲလား
ပြီးမှ ဆက်ဖတ်ပေးပါ …
H = a + Σhi
ENc = Δ2/3 + 2BH + 0.1A
အကျိးရှိတယ်လို ယူဆရင်တော့ … တခြားသူတွေ အတွက်ပါအကျိးရှိစေဖို … Share ပေးနိုင်ပါတယ်
