Knowledge roundtable – 55

Unicode

Knowledge roundtable – 55

ဒီတခေါက် Knowledge roundtable လေးမှာတော့ …
EEDI ပြီးတော့ … နောက်ထပ် အသက်ဝင်လာမဲ့ EEXI အကြောင်း … ဆွေးနွေးကြရအောင် …

အားလုံးသိပြီးကြတဲ့ အတိုင်း … MARPOL Annex VI ( Resolution MPEC 203(62) အရ …
Energy Efficiency Design Index (EEDI) ဟာ New ship တွေအတွက် … mandatory ဖြစ်လာခဲ့သလို… သင်္ဘောတိုင်းဟာ Ship Energy Efficiency Management Plan (SEEMP) ရှိဖို … လိုလာခဲ့ပါတယ် …

မြန်မာလို ဖန်လုံအိမ် ဓါတ်ငွေ့လို ခေါ်တဲ့ … Greenhouse Gas Strategy အရ … IMO က လာမဲ့ ဆယ်စုနှစ်ကနေ ၂၀၃၀ ခုနှစ်ထိမှာ … သင်္ဘောတွေကနေ Carbon ထုတ်လုပ်မှု ကို 40 % နဲ့ ၂၀၅၀ ခုနှစ်မှာတော့ … 50% ထိ လျော့ချနိုင်ဖို ကြိုးပမ်းနေပါတယ် …

IMO ဟာ Greenhouse Gas Strategy ကို ၂၀၁၈ ခုနှစ်မှာ … အတည်ပြုခဲ့ပါတယ် … Reduction rate ကတော့ … 2008 baseline အရဘဲဖြစ်ပါမယ်…ရည်မှန်ချက်အတိုင်းဖြစ်ဖိုအတွက် … Short-term, mid-term နဲ့ long-term အစီအမံတွေကို … ခွဲခြားသတ်မှတ်ထားပါတယ်…

Short-term measures တွေကိုတော့ … ၂၀၂၃ ခုနှစ်မှာ into force ဖြစ်စေမှာ ဖြစ်ပါတယ်…

ဒီထဲမှာ speed limit ကန့်သတ်ချက်လဲ… တခုအပါအဝင်ဖြစ်လာမှာပါ …
ခုချိန်မှာတော့ … ဆယ်စုနှစ်တခုနည်းပါး အတွေ့အကြုံရှိခဲ့ပြီဖြစ်တဲ့ … slow steaming အပေါ် အခြေခံပြီး … CO2 ထုတ်လွှင့်မှုကို လျှော့ချစေမှာ ဖြစ်ပါတယ် …

IMO က MEPC 75 ကို ၂၀၂၀ နိုဝင်ဘာလမှာ … ကျင်းပခဲ့ပြီး MARPOL Annex VI , Amendment (introducing an Energy Efficiency Design Index for existing ships (EEXI) ကို အတည်ပြုခဲတာဖြစ်ပြီး … လာမဲ့ ၂၀၂၁ ဇွန်မှာကျင်းပမဲ့ … MEPC 76 မှာ အတည်ပြုနိုင်ခဲ့ရင် … EEXI Requirement တွေ အကုန်လုံးဟာ … ၂၀၂၃ ခုနှစ်မှာ into force ဖြစ်မှာ ဖြစ်ပါတယ် …

EEXI ဟာ 400 GT အထက် သင်္ဘောတွေ … အားလုံးနဲ့ သက်ဆိုင်လာတော့ မှာ ဖြစ်ပါတယ် …
ဘာဘဲဖြစ်ဖြစ် ခုလောလောဆယ် ရင်းနှီးကျွမ်းဝင်မှု… ရှိပြီးသား EEDI ရဲ့ Procedures တော်တော်များများနဲ့တော့ ခပ်ဆင်ဆင် ဖြစ်မှာပါ …

ဒါကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ … နောက်ထပ် အသစ်တိုးလာမဲ့ Regulations တွေ … Procedures တွေ … Manual အတွက် ကျွန်တော်တိုတွေ ကြိုတင်ပြင်ဆင်ထားဖို … လိုနေပြီ ဆိုတာ အသိပေးချင်တာပါ …

မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …

Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …

 

Zawgyi

Knowledge roundtable – 55

ဒီတေခါက္ Knowledge roundtable ေလးမွာေတာ့ …
EEDI ၿပီးေတာ့ … ေနာက္ထပ္ အသက္ဝင္လာမဲ့ EEXI အေၾကာင္း … ေဆြးေႏြးၾကရေအာင္ …

အားလုံးသိၿပီးၾကတဲ့ အတိုင္း … MARPOL Annex VI ( Resolution MPEC 203(62) အရ …
Energy Efficiency Design Index (EEDI) ဟာ New ship ေတြအတြက္ … mandatory ျဖစ္လာခဲ့သလို… သေဘၤာတိုင္းဟာ Ship Energy Efficiency Management Plan (SEEMP) ရွိဖို … လိုလာခဲ့ပါတယ္ …

ျမန္မာလို ဖန္လုံအိမ္ ဓါတ္ေငြ႕လို ေခၚတဲ့ … Greenhouse Gas Strategy အရ … IMO က လာမဲ့ ဆယ္စုႏွစ္ကေန ၂၀၃၀ ခုႏွစ္ထိမွာ … သေဘၤာေတြကေန Carbon ထုတ္လုပ္မႈ ကို 40 % နဲ႔ ၂၀၅၀ ခုႏွစ္မွာေတာ့ … 50% ထိ ေလ်ာ့ခ်ႏိုင္ဖို ႀကိဳးပမ္းေနပါတယ္ …

IMO ဟာ Greenhouse Gas Strategy ကို ၂၀၁၈ ခုႏွစ္မွာ … အတည္ျပဳခဲ့ပါတယ္ … Reduction rate ကေတာ့ … 2008 baseline အရဘဲျဖစ္ပါမယ္…ရည္မွန္ခ်က္အတိုင္းျဖစ္ဖိုအတြက္ … Short-term, mid-term နဲ႔ long-term အစီအမံေတြကို … ခြဲျခားသတ္မွတ္ထားပါတယ္…

Short-term measures ေတြကိုေတာ့ … ၂၀၂၃ ခုႏွစ္မွာ into force ျဖစ္ေစမွာ ျဖစ္ပါတယ္…

ဒီထဲမွာ speed limit ကန႔္သတ္ခ်က္လဲ… တခုအပါအဝင္ျဖစ္လာမွာပါ …
ခုခ်ိန္မွာေတာ့ … ဆယ္စုႏွစ္တခုနည္းပါး အေတြ႕အႀကဳံရွိခဲ့ၿပီျဖစ္တဲ့ … slow steaming အေပၚ အေျခခံၿပီး … CO2 ထုတ္လႊင့္မႈကို ေလွ်ာ့ခ်ေစမွာ ျဖစ္ပါတယ္ …

IMO က MEPC 75 ကို ၂၀၂၀ ႏိုဝင္ဘာလမွာ … က်င္းပခဲ့ၿပီး MARPOL Annex VI , Amendment (introducing an Energy Efficiency Design Index for existing ships (EEXI) ကို အတည္ျပဳခဲတာျဖစ္ၿပီး … လာမဲ့ ၂၀၂၁ ဇြန္မွာက်င္းပမဲ့ … MEPC 76 မွာ အတည္ျပဳႏိုင္ခဲ့ရင္ … EEXI Requirement ေတြ အကုန္လုံးဟာ … ၂၀၂၃ ခုႏွစ္မွာ into force ျဖစ္မွာ ျဖစ္ပါတယ္ …

EEXI ဟာ 400 GT အထက္ သေဘၤာေတြ … အားလုံးနဲ႔ သက္ဆိုင္လာေတာ့ မွာ ျဖစ္ပါတယ္ …
ဘာဘဲျဖစ္ျဖစ္ ခုေလာေလာဆယ္ ရင္းႏွီးကြၽမ္းဝင္မႈ… ရွိၿပီးသား EEDI ရဲ႕ Procedures ေတာ္ေတာ္မ်ားမ်ားနဲ႔ေတာ့ ခပ္ဆင္ဆင္ ျဖစ္မွာပါ …

ဒါေၾကာင့္ သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ … ေနာက္ထပ္ အသစ္တိုးလာမဲ့ Regulations ေတြ … Procedures ေတြ … Manual အတြက္ ကြၽန္ေတာ္တိုေတြ ႀကိဳတင္ျပင္ဆင္ထားဖို … လိုေနၿပီ ဆိုတာ အသိေပးခ်င္တာပါ …

မိမိသေဘာၤ၊ မိမိ Company အတြက္ ေကာင္းသည္ထက္ … ေကာင္းေအာင္ ႀကိဳးစားႏိုင္ၾကပါေစ …

Maritime Pro ဆက္ၿပီး ႀကိဳးစားပါအုန္းမယ္ …

 

 

 

 

 

 

 

 

 

 

 

Maritime Pro Training Hub