Knowledge roundtable – 48

Knowledge roundtable – 48

# Unicode #

ဒီတခေါက်တော့ … သင်္ဘောပေါ် မှာ အရေးကြီးဆုံးဖြစ်တဲ့ … Team Work အကြောင်း ဆွေးနွေးကြည့်ကြရအောင် …

အဖွဲအစည်းတခုမှာ … အရမ်းထူးချွန်တဲ့ ပုဂ္ဂိုလ်တွေရှိနေတိုင်း … စွမ်းဆောင်ရည်မြင့်တဲ့ အဖွဲအစည်းတခု ဖြစ်လာမှာ … မဟုတ်ပါဘူး
Team work ကောင်းတဲ့ လုပ်ငန်းတခုဟာ … တခြား တဦးကောင်း တယောက်ကောင်း လုပ်ငန်းတွေ ထကျ… ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရလာဒ် ကို ရရှိနိုင်မှာပါ …

Team work ကောင်းတဲ့ … အဖွဲအစည်းတခုမှာ Team အနေနဲ့ စွမ်းဆောင်ရည်က အဖွဲမှာ ပါတဲ့ … တဦးချင်းစီရဲ့ စွမ်းဆောင်ရည်ထက် သာလွန်နေတာ … တွေ့ရပါတယ်

 

တဦးချင်းစီ တော်တဲ့ အားကစားသမားတွေနဲ့ … ဖွဲစည်းထားတဲ့ အသင်းထက် တဦးချင်းစီ သိပ်မကောင်းပေမဲ့ … အဖွဲလိုက် စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းက ရေရှည်မှာ အသာစီးရတတ်သလိုပါဘဲ …

အဓိက ပြစ်ချက်ကတော့ … တဦးချင်း စွမ်းဆောင်ရည် ကောင်းတဲ့သူချင်း တွေ့ကြတဲ့ အခါ …ပေါင်းစည်းလုပ်ကိုင်ဖိုမစဉ်းစားကြဘဲ … တဦး ထက် တဦးကသာအောင် ကြိုးစားနေကြလိုပါဘဲ …
ထူးချွန်တဲ့သူတွေနဲ့ ဖွဲစည်းထားပေမဲ့လည်း … တဦးချင်းစီရဲ့တကိုယ်ကောင်းဆန်မှု တွေကြောင့် … Teamwork ကောင်းကောင်း မရတော့တာပါ …

Team work ကောင်းတယ်ဆိုခြင်းဟာ … Team member တွေ အချင်းချင်း … တယောက် ကို တယောက် ယုံကြည်မှု ပေါ်မှာဘဲ မူတည်ပါတယ် …

ယုံကြည်မှုရှိမှ … ခက်ခဲပြီး ငြင်းခုံရတဲ့ ကိစ္စမျိုးတွေ မှာ … သေသေချာချာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်မှာပါ … ဒါမှလဲ အကောင်းဆုံး အဖြေကို မြန်မြန် ရှာတွေ့နိုင်မှာပါ …
ဆုံးဖြတ်ချက်တခု အတွက် … မတူညီတဲ့ ရှုထောင့် မတူညီတဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားနိုင်ဖို … အရေးကြီးပါတယ် …

စွမ်ဆောင်ရည်မြင့်တဲ့ … အဖွဲအစည်းတိုင်းမှာ လူတိုင်းက မိမိ အမြင်ကို … ပွင့်ပွင့်လင်းလင်း ဆွေးနွေးပိုင်ခွင့်ရှိသလို … ဆုံဖြတ်ချက်တခု ထွက်လာတဲ့ အခါ မိမိအမြင်နဲ့ မကိုက်ညီရင်တောင်… လိုလိုလားလား လိုက်နာ ဆောင်ရွက်ကြပါတယ် …

သင်္ဘောပေါ်မှာ … ဦးဆောင်သူကဘဲ ကိုယ့် အမြင်ကိုဘဲ ရှင်းပြ … ပြီးတော့ ဘာလုပ်ရမယ်လို ညွှန်ကြားတာမျိုး မလုပ်သင့်ပါဘူး …Team member တိုင်းကို သူတိုရဲ့ အမြင် သူတိုရဲ့ ရှုထောင့်တွေနဲ့ … လက်ရှိ အခြေအနေအားလုံးကို … ဆွေးနွေးတင်ပြခွင့်ပေးသင့်ပါတယ် …

ဒီလို လုပ်ခြင်းအားဖြင့် … Team member တွေက သူတိုရဲ့ အမြင် သူတိုရဲ့ ရှုထောင့်တွေကို … ဦးဆောင်သူတွေက … အရေးတယူ ဂရုတစိုက် နားထောင်ပေးတယ်ဆိုတဲ့ … ခံစားချက်ကို ရရှိစေပါတယ် … ဒီခံစားချက်က Leadership ရဲ့ အသက်ပါဘဲ …
ဒီခံစားချက်ကဘဲ … ခေါင်းဆောင်တွေရဲ့ အဆုံးအဖြတ်ကို … အပြန်အလှန် လေးစားလိုက်နာစေပါတယ်…

ဒါအပြင် … Teamwork ကောင်းတခုကို တည်ဆောက်နိုင်ဖို … ရှင်းလင်းပြတ်သားပြီး တိုင်းတာရလွယ်ကူတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိရပါမယ် …

SMART ဖြစ်ရပါမယ် … SMART ဆိုတာက …

S – Specific
ရှင်းလင်းတိကျ ပြတ်သားရမယ်

M – Measurable
တိုင်းတာရလွယ်ရမယ်

A – Achievable
ရယူနိုင်ခြေရှိရမယ်

R – Realistic
လက်တွေ့ဆန်ရမယ်

T – Time Bound
အချိန်အကန့်အသတ်ရှိရမယ်

သင်္ဘောပေါ်မှာ ခေါင်းဆောင်တွေအနေနဲ့ … ရည်မှန်းချက် ပန်းတိုင်တွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ချမှတ်ပေးနိုင်ရင် … သင်္ဘောဝန်ထမ်းတွေ အချင်းချင်း တယောက်နဲ့ တယောက် ကူညီချင်လာကြသလို …အဖွဲလိုက် ရည်မှန်းချက် ပန်းတိုင် ပြီးမြောက်ဖို အတွက် … တဦးလိုအပ်တဲ့ အကူအညီကိုလဲ … နောက်တဦးက တတ်နိုင်သလောက် … ကူညီပေးဖို လိုလားလာကြပါလိမ့်မယ် …

ဒီနေရာမှာ … Team member တွေ အချင်းချင်း ပုံမှန် မျက်နှာချင်းဆိုင် ဆုံတွေ့နိုင်ဖို ဆောင်ရွက်ပေးခြင်းကလည်း… အောက်ဖေါ်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါသေးတယ်…

၁၊ နီးနီးကပ်ကပ် စကားပြောနိုင်လို … ပိုပြီးစည်းလုံးပြီး အချင်းချင်း နားလည်မှု ရှိလာမယ် …

၂၊ အချင်းချင်း နားလည်မှုလွဲတာ … ပြသနာရှိတာတွေဟာလဲ မျက်နှာချင်းဆိုင် … စကားပြောလိုက်တာနဲ့ … ဖြေရှင်းပြီးသားဖြစ်သွားပါမယ် …

၃၊ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ … အဖွဲအဝင်တွေ အချင်းချင်း တဦး ရဲ့ … အသိပညာ … အားသာချက် … လုပ်ရည်ကိုင်ရည် … အရည်အချင်း အတွေ့အကြုံ တွေကို … နောက်တဦးက ရယူ အသုံးချနိုင်ပါမယ် …

မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …

Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …
The Five Dysfunctions of a Team – Patrick M. Lencioni

 

Zawgyi

 

ဒီတေခါက္ေတာ့ … သေဘၤာေပၚ မွာ အေရးႀကီးဆုံးျဖစ္တဲ့ … Team Work အေၾကာင္း ေဆြးေႏြးၾကည့္ၾကရေအာင္ …

အဖြဲအစည္းတခုမွာ … အရမ္းထူးခြၽန္တဲ့ ပုဂၢိဳလ္ေတြရွိေနတိုင္း … စြမ္းေဆာင္ရည္ျမင့္တဲ့ အဖြဲအစည္းတခု ျဖစ္လာမွာ … မဟုတ္ပါဘူး
Team work ေကာင္းတဲ့ လုပ္ငန္းတခုဟာ … တျခား တဦးေကာင္း တေယာက္ေကာင္း လုပ္ငန္းေတြ ထက်… ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ရလာဒ္ ကို ရရွိႏိုင္မွာပါ …

Team work ေကာင္းတဲ့ … အဖြဲအစည္းတခုမွာ Team အေနနဲ႔ စြမ္းေဆာင္ရည္က အဖြဲမွာ ပါတဲ့ … တဦးခ်င္းစီရဲ႕ စြမ္းေဆာင္ရည္ထက္ သာလြန္ေနတာ … ေတြ႕ရပါတယ္

 

တဦးခ်င္းစီ ေတာ္တဲ့ အားကစားသမားေတြနဲ႔ … ဖြဲစည္းထားတဲ့ အသင္းထက္ တဦးခ်င္းစီ သိပ္မေကာင္းေပမဲ့ … အဖြဲလိုက္ စြမ္းေဆာင္ရည္ေကာင္းတဲ့ အသင္းက ေရရွည္မွာ အသာစီးရတတ္သလိုပါဘဲ …

အဓိက ျပစ္ခ်က္ကေတာ့ … တဦးခ်င္း စြမ္းေဆာင္ရည္ ေကာင္းတဲ့သူခ်င္း ေတြ႕ၾကတဲ့ အခါ …ေပါင္းစည္းလုပ္ကိုင္ဖိုမစဥ္းစားၾကဘဲ … တဦး ထက္ တဦးကသာေအာင္ ႀကိဳးစားေနၾကလိုပါဘဲ …
ထူးခြၽန္တဲ့သူေတြနဲ႔ ဖြဲစည္းထားေပမဲ့လည္း … တဦးခ်င္းစီရဲ႕တကိုယ္ေကာင္းဆန္မႈ ေတြေၾကာင့္ … Teamwork ေကာင္းေကာင္း မရေတာ့တာပါ …

Team work ေကာင္းတယ္ဆိုျခင္းဟာ … Team member ေတြ အခ်င္းခ်င္း … တေယာက္ ကို တေယာက္ ယုံၾကည္မႈ ေပၚမွာဘဲ မူတည္ပါတယ္ …

ယုံၾကည္မႈရွိမွ … ခက္ခဲၿပီး ျငင္းခုံရတဲ့ ကိစၥမ်ိးေတြ မွာ … ေသေသခ်ာခ်ာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္ႏိုင္မွာပါ … ဒါမွလဲ အေကာင္းဆုံး အေျဖကို ျမန္ျမန္ ရွာေတြ႕ႏိုင္မွာပါ …
ဆုံးျဖတ္ခ်က္တခု အတြက္ … မတူညီတဲ့ ရႈေထာင့္ မတူညီတဲ့ အျမင္ေတြကို ထည့္သြင္းစဥ္းစားႏိုင္ဖို … အေရးႀကီးပါတယ္ …

စြမ္ေဆာင္ရည္ျမင့္တဲ့ … အဖြဲအစည္းတိုင္းမွာ လူတိုင္းက မိမိ အျမင္ကို … ပြင့္ပြင့္လင္းလင္း ေဆြးေႏြးပိုင္ခြင့္ရွိသလို … ဆုံျဖတ္ခ်က္တခု ထြက္လာတဲ့ အခါ မိမိအျမင္နဲ႔ မကိုက္ညီရင္ေတာင္… လိုလိုလားလား လိုက္နာ ေဆာင္႐ြက္ၾကပါတယ္ …

သေဘၤာေပၚမွာ … ဦးေဆာင္သူကဘဲ ကိုယ့္ အျမင္ကိုဘဲ ရွင္းျပ … ၿပီးေတာ့ ဘာလုပ္ရမယ္လို ၫႊန္ၾကားတာမ်ိး မလုပ္သင့္ပါဘူး …Team member တိုင္းကို သူတိုရဲ႕ အျမင္ သူတိုရဲ႕ ရႈေထာင့္ေတြနဲ႔ … လက္ရွိ အေျခအေနအားလုံးကို … ေဆြးေႏြးတင္ျပခြင့္ေပးသင့္ပါတယ္ …

ဒီလို လုပ္ျခင္းအားျဖင့္ … Team member ေတြက သူတိုရဲ႕ အျမင္ သူတိုရဲ႕ ရႈေထာင့္ေတြကို … ဦးေဆာင္သူေတြက … အေရးတယူ ဂ႐ုတစိုက္ နားေထာင္ေပးတယ္ဆိုတဲ့ … ခံစားခ်က္ကို ရရွိေစပါတယ္ … ဒီခံစားခ်က္က Leadership ရဲ႕ အသက္ပါဘဲ …
ဒီခံစားခ်က္ကဘဲ … ေခါင္းေဆာင္ေတြရဲ႕ အဆုံးအျဖတ္ကို … အျပန္အလွန္ ေလးစားလိုက္နာေစပါတယ္…

ဒါအျပင္ … Teamwork ေကာင္းတခုကို တည္ေဆာက္ႏိုင္ဖို … ရွင္းလင္းျပတ္သားၿပီး တိုင္းတာရလြယ္ကူတဲ့ ရည္မွန္းခ်က္ ပန္းတိုင္ရွိရပါမယ္ …

SMART ျဖစ္ရပါမယ္ … SMART ဆိုတာက …

S – Specific
ရွင္းလင္းတိက် ျပတ္သားရမယ္

M – Measurable
တိုင္းတာရလြယ္ရမယ္

A – Achievable
ရယူႏိုင္ေျခရွိရမယ္

R – Realistic
လက္ေတြ႕ဆန္ရမယ္

T – Time Bound
အခ်ိန္အကန႔္အသတ္ရွိရမယ္

သေဘၤာေပၚမွာ ေခါင္းေဆာင္ေတြအေနနဲ႔ … ရည္မွန္းခ်က္ ပန္းတိုင္ေတြကို ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား ခ်မွတ္ေပးႏိုင္ရင္ … သေဘၤာဝန္ထမ္းေတြ အခ်င္းခ်င္း တေယာက္နဲ႔ တေယာက္ ကူညီခ်င္လာၾကသလို …အဖြဲလိုက္ ရည္မွန္းခ်က္ ပန္းတိုင္ ၿပီးေျမာက္ဖို အတြက္ … တဦးလိုအပ္တဲ့ အကူအညီကိုလဲ … ေနာက္တဦးက တတ္ႏိုင္သေလာက္ … ကူညီေပးဖို လိုလားလာၾကပါလိမ့္မယ္ …

ဒီေနရာမွာ … Team member ေတြ အခ်င္းခ်င္း ပုံမွန္ မ်က္ႏွာခ်င္းဆိုင္ ဆုံေတြ႕ႏိုင္ဖို ေဆာင္႐ြက္ေပးျခင္းကလည္း… ေအာက္ေဖၚျပပါ အက်ိးေက်းဇူးေတြကို ရရွိႏိုင္ပါေသးတယ္…

၁၊ နီးနီးကပ္ကပ္ စကားေျပာႏိုင္လို … ပိုၿပီးစည္းလုံးၿပီး အခ်င္းခ်င္း နားလည္မႈ ရွိလာမယ္ …

၂၊ အခ်င္းခ်င္း နားလည္မႈလြဲတာ … ျပသနာရွိတာေတြဟာလဲ မ်က္ႏွာခ်င္းဆိုင္ … စကားေျပာလိုက္တာနဲ႔ … ေျဖရွင္းၿပီးသားျဖစ္သြားပါမယ္ …

၃၊ မ်က္ႏွာခ်င္းဆိုင္ စကားေျပာတဲ့အခါ … အဖြဲအဝင္ေတြ အခ်င္းခ်င္း တဦး ရဲ႕ … အသိပညာ … အားသာခ်က္ … လုပ္ရည္ကိုင္ရည္ … အရည္အခ်င္း အေတြ႕အႀကဳံ ေတြကို … ေနာက္တဦးက ရယူ အသုံးခ်ႏိုင္ပါမယ္ …

မိမိသေဘာၤ၊ မိမိ Company အတြက္ ေကာင္းသည္ထက္ … ေကာင္းေအာင္ ႀကိဳးစားႏိုင္ၾကပါေစ …

Maritime Pro ဆက္ၿပီး ႀကိဳးစားပါအုန္းမယ္ …
The Five Dysfunctions of a Team – Patrick M. Lencioni

 

 

 

Maritime Pro Training Hub