Knowledge roundtable – 47

Knowledge roundtable – 47

# Unicode #

ဒီတခေါက်တော့ … သင်္ဘောပေါ် မှာ အမြဲ အမေ့အလျော့ခံ ပစ္စည်းလေးတခု အကြောင်းကို … ဆွေးနွေးကြည့် ရအောင် …

သူက Fore castle deck မှာ ရှိနေရမှာပါ …
ခုတော့ … deck store တွေထဲ ရောက်လိုရောက် … F’cle store ထဲ ထားလိုထားနဲ့ … တခါတလေ Bridge က Navigation Locker ထဲမှာလဲ … ရှိနေတတ်ပါသေးတယ်

သူကို ဘယ်နေရာမှာ … သုံးရမလဲဆိုတာ မသိတော့ သလို … စစ်ဆေးရကောင်းမှန်းလဲ တချို မသိကြတော့ပါဘူး …

သူက … … … ပုံမှာ ပြထားတဲ့ F’cle deck မှာ ရှိနေရမဲ့ … Ship’s bell ပါဘဲ …
ဘာကြောင့်ရှိရမလဲဆိုတော့ … IMO Convention on the International Regulations for Preventing Collisions at Sea , Rule 35 – Sound Signals in Restricted Visibility အရ …

A vessel at anchor shall at intervals of not more than 1 minute ring the bell rapidly for about 5 seconds.

In a vessel 100 meters or more in length the bell shall be sounded in the forepart of the vessel and immediately after the ringing of the bell the gong shall be sounded rapidly for about 5 seconds in the after part of the vessel.

100 m or more in length ရှိတဲ့ … သင်္ဘောတိုင်း ကျောက်ချထားအချိန် … Restricted Visibility နဲ့ ကြုံတွေ့တဲ့ အခါ … forecastle deck ကနေ ship’s bell ကို ၅စက္ကန့်ခန့် အဆက်မပြတ်ခေါက်ရမှာဖြစ်လို … Bell ဟာ အမြဲတန်း သုံးဖို … အဆင်သင့် ဖြစ်နေရမှာပါ …

Ship’s Bell ကို … ပုံမှန်အားဖြင့် ကြေးဝါ၊ ကြေးနီ တမျိုးမျိုးနဲ့ ပြုလုပ်ပါတယ် …

Diameter 300 mm ရှိရပါမယ် … ချိတ်ဆွဲဖို brass နဲ့ လုပ်ထားတဲ့ D-shackle 8 mm ၊ Bell rope လေးလဲပါရပါမယ် … bell ရဲ့ ကိုယ်ထည်ပေါ် မှာတော့ … Ship’s Name ကို engraved ထွင်းထားတာကိုလဲ တွေ့ရမှာပါ …

 

Bell Signals (DJ House / Seamanship Technique)
When heaving in the cable or letting go, the bell should be struck once for every shackle’s length, e.g. three shackles, three strokes of the bell.
When the anchor breaks clear and becomes ‘anchor aweigh’, then a rapid ringing of the bell will indicate to the Bridge that the anchor is aweigh.

အပေါ်မှာရေးထားသလိုဘဲ … ကျောက်ချတဲ့ အခါဘဲဖြစ်ဖြစ် … ကျောက်မတဲ့ အခါဘဲဖြစ်ဖြစ် … Shackle’s length ကို ship’s bell နဲ့ … Report လုပ်ကြရပါတယ် … ခုချိန်မှာတော့ ဒီ Practice က ပျောက်သလောက်ရှိနေပါပြီ … ဥပမာ 4 shackles ဆိုရင် ခေါင်းလောင်းကို … ၄ ချက် ထိုးပေးရပါတယ် …
ဒီလိုဘဲ ‘anchor aweigh’ ဖြစ်ရင် … ခေါင်းလောင်းကို အဆက်မပြတ် ဆက်တိုက် ထိုးပေးရပါတယ် …

ဒါကြောင့် … အရေးကြီးတဲ့ Ship’s bell လေးအကြောင်းကို … Port State Control Officer ရှေ့ … superintendent ရှေ့ … Surveyor တွေရှေ့ … မရောက်ခင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို … ဆွေးနွေးလိုက်ရပါတယ် … တခါတလေ ဘယ်နားမှာ ထားမိမှန်း မသိလို ရှာမရအောင်လဲ … ပျောက်နေတတ်လိုပါ …

မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …

Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …

 

Zawgyi

ဒီတေခါက္ေတာ့ … သေဘၤာေပၚ မွာ အၿမဲ အေမ့အေလ်ာ့ခံ ပစၥည္းေလးတခု အေၾကာင္းကို … ေဆြးေႏြးၾကည့္ ရေအာင္ …

သူက Fore castle deck မွာ ရွိေနရမွာပါ …
ခုေတာ့ … deck store ေတြထဲ ေရာက္လိုေရာက္ … F’cle store ထဲ ထားလိုထားနဲ႔ … တခါတေလ Bridge က Navigation Locker ထဲမွာလဲ … ရွိေနတတ္ပါေသးတယ္

သူကို ဘယ္ေနရာမွာ … သုံးရမလဲဆိုတာ မသိေတာ့ သလို … စစ္ေဆးရေကာင္းမွန္းလဲ တခ်ိ မသိၾကေတာ့ပါဘူး …

သူက … … … ပုံမွာ ျပထားတဲ့ F’cle deck မွာ ရွိေနရမဲ့ … Ship’s bell ပါဘဲ …
ဘာေၾကာင့္ရွိရမလဲဆိုေတာ့ … IMO Convention on the International Regulations for Preventing Collisions at Sea , Rule 35 – Sound Signals in Restricted Visibility အရ …

A vessel at anchor shall at intervals of not more than 1 minute ring the bell rapidly for about 5 seconds.

In a vessel 100 meters or more in length the bell shall be sounded in the forepart of the vessel and immediately after the ringing of the bell the gong shall be sounded rapidly for about 5 seconds in the after part of the vessel.

100 m or more in length ရွိတဲ့ … သေဘၤာတိုင္း ေက်ာက္ခ်ထားအခ်ိန္ … Restricted Visibility နဲ႔ ႀကဳံေတြ႕တဲ့ အခါ … forecastle deck ကေန ship’s bell ကို ၅စကၠန႔္ခန႔္ အဆက္မျပတ္ေခါက္ရမွာျဖစ္လို … Bell ဟာ အၿမဲတန္း သုံးဖို … အဆင္သင့္ ျဖစ္ေနရမွာပါ …

Ship’s Bell ကို … ပုံမွန္အားျဖင့္ ေၾကးဝါ၊ ေၾကးနီ တမ်ိးမ်ိးနဲ႔ ျပဳလုပ္ပါတယ္ …

Diameter 300 mm ရွိရပါမယ္ … ခ်ိတ္ဆြဲဖို brass နဲ႔ လုပ္ထားတဲ့ D-shackle 8 mm ၊ Bell rope ေလးလဲပါရပါမယ္ … bell ရဲ႕ ကိုယ္ထည္ေပၚ မွာေတာ့ … Ship’s Name ကို engraved ထြင္းထားတာကိုလဲ ေတြ႕ရမွာပါ …

 

Bell Signals (DJ House / Seamanship Technique)
When heaving in the cable or letting go, the bell should be struck once for every shackle’s length, e.g. three shackles, three strokes of the bell.
When the anchor breaks clear and becomes ‘anchor aweigh’, then a rapid ringing of the bell will indicate to the Bridge that the anchor is aweigh.

အေပၚမွာေရးထားသလိုဘဲ … ေက်ာက္ခ်တဲ့ အခါဘဲျဖစ္ျဖစ္ … ေက်ာက္မတဲ့ အခါဘဲျဖစ္ျဖစ္ … Shackle’s length ကို ship’s bell နဲ႔ … Report လုပ္ၾကရပါတယ္ … ခုခ်ိန္မွာေတာ့ ဒီ Practice က ေပ်ာက္သေလာက္ရွိေနပါၿပီ … ဥပမာ 4 shackles ဆိုရင္ ေခါင္းေလာင္းကို … ၄ ခ်က္ ထိုးေပးရပါတယ္ …
ဒီလိုဘဲ ‘anchor aweigh’ ျဖစ္ရင္ … ေခါင္းေလာင္းကို အဆက္မျပတ္ ဆက္တိုက္ ထိုးေပးရပါတယ္ …

ဒါေၾကာင့္ … အေရးႀကီးတဲ့ Ship’s bell ေလးအေၾကာင္းကို … Port State Control Officer ေရွ႕ … superintendent ေရွ႕ … Surveyor ေတြေရွ႕ … မေရာက္ခင္ ႀကိဳတင္ျပင္ဆင္ထားႏိုင္ဖို … ေဆြးေႏြးလိုက္ရပါတယ္ … တခါတေလ ဘယ္နားမွာ ထားမိမွန္း မသိလို ရွာမရေအာင္လဲ … ေပ်ာက္ေနတတ္လိုပါ …

မိမိသေဘာၤ၊ မိမိ Company အတြက္ ေကာင္းသည္ထက္ … ေကာင္းေအာင္ ႀကိဳးစားႏိုင္ၾကပါေစ …

Maritime Pro ဆက္ၿပီး ႀကိဳးစားပါအုန္းမယ္ …

 

 

 

Maritime Pro Training Hub