Unicode
Knowledge roundtable 43
Resilience and Dealing with Depression at Sea
(Part – 2)
ကျွန်တော်တို ဆက်ဆွေးနွေးကြည့်ကြရအောင် …
စိတ်ကျရောဂါကုသ နည်းလမ်းများ
——————————–
ကျွန်တော်တို အများစုသည် ဖျားနာ၊ ချောင်းဆိုး၊ ဇက်ကြောတက် စသည့်ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ များကို ဆရာဝန်နှင့် ပြသရကောင်းမှန်းသိကြသော်လည်း အထက်ပါအခြေအနေများတွင် ဆရာဝန်များမှ အမှန်တကယ် ကူညီနိုင်မယ်မဟုတ်ဟု ထင်မှတ်မှားတတ်ကြပါတယ်၊
” ငါတစ်ခုခုတော့ မှားနေပြီ ” ဟုသိသော်လည်း ဘယ်သူ့ထံမှ ဘယ်လိုအကူအညီယူရန် နည်းလမ်းမှန်ကိုစဉ်းစားမိရန် ခက်ခဲတတ်ကြတယ်။
ထိုသိုတွေ့ကြုံနေရတဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းဖြင့် ဆရာဝန်ထံမှ အကူအညီကို ယူပါ၊ လိုအပ်ပါက စိတ်ပညာရှင်များ စိတ်ကျန်းမာအထူးကုဆရာဝန်များထံ ဆရာဝန်ကလွှအပ်ပေးပါလိမ့်မယ်။
စိတ်ကျရောဂါဟာ စိတ်ရောဂါများတွင် ကုသမှုအောင်မြင်ဆုံး ရောဂါဖြစ်ပါတယ်၊ ဆေးဝါးကုသမှုများအနက် (၈၀- ၉၀ %) သည် ဆေးဝါးကုသမှုကို ကောင်းမွန်စွာ တုံပြန်နိုင်ပါတယ်။
အခြားစိတ်ရောဂါများကဲ့သို စိတ်ကျရောဂါသည်လည်း ဇီဝ – စိတ် – လူမှုနည်းလမ်း ဖြင့် ကုသနိုင်ပါတယ်။
ဘယ်လိုတွေကုမှာလဲ
——————-
ကုသရာတွင် ဆေးဝါးဖြင့် ကုသခြင်း၊ စိတ်ကုထုံးနည်းများဖြင့် ကုသခြင်း ဟူ၍ နည်းလမ်း၂ မျိုးရှိပါတယ်။ ရောဂါ အခြေအနေအပေါ်မူတည်ပြီးလိုအပ်သလို ၂ မျိုးပေါင်း ကုသခြင်းလည်းရှိပါတယ်။
အချိန်မှီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကုသမှု ခံယူခြင်းဖြင့် အရင်လို ကျန်းမာ ပျော်ရွှင်တဲ့ ပုံမှန် ဘဝသို မလွဲမသွေ ပြန်ရောက်ရှိနိုင်ပါတယ်။
ဒီအချက်ကို သိထားခြင်းဖြင့် သင်နှင့် သင့်ပတ်ဝန်းကျင်တွင် လိုအပ်သူများရှိလာပါက အသိပညာပေး ကူညီနိုင်ပါလိမ့်မယ်။
စိတ်ဓါတ်ကျခြင်းမှ ရုန်းထွက်စို
—————————-
1. တတ်ကျွမ်းနားလည်သော စိတ်ကျန်းမာရေး အထူးကုဆရာဝန် / စိတ်ကျန်းမာရေး ပညာရှင်များထံမှ အကူအညီယူပါ…
ပထမဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ကုထုံးပညာရှင် ဒါမှမဟုတ် စိတ်ရောဂါကု ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးရမှာ ဖြစ်ပါတယ်၊
ပညာရှင်ဟာ ကျွန်တော်တိုကို ကျွန်တော်ခံစားနေရတဲ့ စိတ်ကျ ဝေဒနာအကြောင်း သိရမှာကို ပြောမယ်၊ အဲ့ဒီလို ကိုယ်ရင်ဆိုင်နေရတာ – ဘာ ၊ ကိုယ့် လက္ခဏာတွေက – ဘာကြောင့်ဖြစ်တယ် ဆိုတာ သိခြင်းဟာရောဂါကို သက်သာလျော့ပါးစေတယ်၊
ပြီးတော့ ကိုယ့်ရဲ့လက်ရှိ အခြေအနေလိုအပ်တဲ့ စကားပြောကုသခြင်း ဆေးပေးကုသခြင်းတွေ ရှိမှာဖြစ်တယ်၊
ကိုယ့်ရဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေထဲမှာ အနီးအနား စိတ်ရောဂါ ဆရာဝန်ကို ညွှန်ပေးဖို လိုက်မေးကြည့်လိုရတယ်၊
တကယ်တော့ လူတွေအများကြီးဟာ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ကုထုံးတွေ လိုအပ်နေတယ် ကုသမှု ခံယူနေကြတယ်ဆိုတာ သိရင်အံ့သြသွားနိုင်ပါတယ်
2. အပြုသဘောဆောင် တွေးတတ်သူတွေကို အချိန်ပေးပါ…
Social Support ဆိုတာ စိတ်ကျဝေဒနာကနေ ပြန်ရုန်းထွက်တဲ့ နေရာမှာ အလွန်ကို အရေးပါပါတယ်၊ အခက်အခဲ ပြဿနာတွေကိုရင်ဆိုင်တဲ့ နေရာမှာလည်း သူများတွေရဲ့ အားပေးမှုဆိုတာ မရှိမဖြစ်ပါပဲ၊
ကျွန်တော်တို မိသားစုတွေ သူငယ်ချင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေထဲက အပြုသဘောဆောင် တွေးတတ်သူတွေကို စဉ်းစားလိုက်ပါ၊ ကျွန်တော်တိုရဲ့ စိတ်ဓါတ် တက်ကြွလန်းဆန်းလာအောင် လုပ်ပေးတဲ့ သူတွေပေါ့၊
အားပေးကူညီတတ်တဲ့သူမျိုး သူတိုနဲ့ အတူရှိတိုင်းမှာ သက်တောင့်သက်သာနဲ့ နေလိုထိုင်လို ကောင်းနေစေတဲ့ သူမျိုး၊ သူတိုနဲ့ အပြင်အတူသွားလို အချိန်အတူ ဖြုန်းလိုရမလား စဉ်းစား၊
တစ်ပတ်ကို တစ်ခါနှစ်ခါလောက် အပြုသဘော ဆောင်တဲ့ လူတွေနဲ့ တွေ့ဖို planဆွဲပါ၊တွေ့ပါ၊
လမ်းထိပ် လက်ဖက်ရည်ဆိုင် အတူထိုင်တာမျိုး shopping သွားတာ ရုပ်ရှင်သွားကြည့်တာမျိုးလောက်ပဲ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အတူတူ ပေါ့ပေါ့ပါးပါး လုပ်လိုရမယ့် activity တစ်ခုဆိုရပြီ၊ သူတိုနဲ့ အတူ အပြင်ထွက်ဖြစ်ဖိုပဲ အရေးကြီးတာပါ။
ကျွန်တော်တိုကိုစိတ်ညစ်ညူးစေတဲ့ စိတ်ပူပင်မှုတွေ ဖြစ်စေတဲ့ သူတွေနဲ့ တော့ အတတ်နိုင်ဆုံး ခပ်ခွာခွာ နေရမှာဖြစ်တယ်၊
ကျွန်တော်တိုရဲ့ စိတ်ကျဝေဒနာကို အားပေးကူညီမှု မပေးတဲ့သူတွေနဲ့ ကြာကြာရှိလေလေ စိတ်ညစ်တဲ့ ရောဂါက ပိုပိုဆိုးလာမှာ အသေအချာပဲပေါ့
3. ရေတိုရည်မှန်းချက်လေးတွေထားပါ…
အနာဂါတ်အတွက် မျှော်လင့်စရာလေးတွေတည်ဆောက်ပါ
နောက်လ နောက်အပတ် အဲ့ဒီလို မနီးမဝေး အနာဂတ်မှာ ခရီးသွားမယ်ဆိုတာမျိုး
လခရရင် ဘာလေးတော့ ဝယ်လိုက်မယ် ဆိုတာမျိုး၊ ကြိုစီစဉ်ပြီး မျှော်လင့်စောင့်စားနေရမယ့် အရာလေးတွေများများလုပ်ပါ၊
ကိုယ်မျှော်မှန်းတဲ့အတိုင်း အရာရာ တသမတ်ထဲ ဖြစ်လာမယ်လိုတော့ မယူဆပါနဲ့၊ ဖြစ်လာတဲ့ အခါမှာတော့ လှိက်လှိက်လှဲလှဲ ဝမ်းသာတတ်ပါစေ။
4. အသားချင်းထိတွေ့မှု…
လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် အသားချင်းထိတွေ့တဲ့အခါ oxytocin လိုခေါ်တဲ့ ဟော်မုန်း တစ်မျိုးထွက်ပါတယ်၊ သူက stress တွေ အဆိုးမြင် အတွေးတွေကို လျှော့ချပေးနိုင်ပါတယ်၊
ကျွန်တော်တိုရဲ့ ဇနီး ချစ်သူ ရည်းစားတိုနဲ့ ရင်းရင်းနှီးနှီး ပွေ့ပွေ့ပိုက်ပိုက် နေတာက ကျွန်တော်တိုကို oxytocin ပိုထွက်စေမှာ ဖြစ်တယ်၊
သူငယ်ချင်းအချင်းချင်း ပွေ့ဖက်တာ လက်ချင်းဆုပ်ကိုင်တာမျိုး အိမ်မွေးခွေးလေး ကြောင်လေးတွေနဲ့ ကစားတာ ချော့မြူချီပိုးတာ တွေကလည်း Hormone တွေလည်းထွက် ချစ်ခြင်းမေတ္တာကိုလည်း အောက်မေ့စေတာမို ကျွန်တော်တိုပိုပြီး ပျော်ရွှင်လာမှာ ဖြစ်ပါတယ်၊
နိဂုံးချုပ် Part -3 ကိုတော့ နောက် Knowledge roundtable တွေမှာ ဆက်လက်ဆွေးနွေးတင်ပြသွားပါမယ်၊
ကိုးကား။ ။
Dr. Yan Lin Aung
M.Med.Sc (Mental Health), D.A.Psy,
Psychiatrist
ရဲ့ ဆွေးနွေးတိုင်ပင်အဆိုပြုချက်များမှ
Covid – 19 ကြောင့် lockdown ကာလအတွင်း သင်္ဘောအတက်အဆင်း မလုပ်နိုင်တဲ့ ညီအကိုများအား ဤknowledge roundtable ဖြင့် တစုံတရာအတိုင်းအတာ တခုအထိ
အားပေးနှစ်သိမ့်ပေးနိုင်လိမ့်မယ်လို မျှော်လင့်မိပါတယ်…
Zawgyi
Knowledge roundtable 43
Resilience and Dealing with Depression at Sea
(Part – 2)
ကြၽန္ေတာ္တို ဆက္ေဆြးေႏြးၾကည့္ၾကရေအာင္ …
စိတ္က်ေရာဂါကုသ နည္းလမ္းမ်ား
——————————–
ကြၽန္ေတာ္တို အမ်ားစုသည္ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ဇက္ေၾကာတက္ စသည့္႐ုပ္ပိုင္းဆိုင္ရာ ေရာဂါလကၡဏာ မ်ားကို ဆရာဝန္ႏွင့္ ျပသရေကာင္းမွန္းသိၾကေသာ္လည္း အထက္ပါအေျခအေနမ်ားတြင္ ဆရာဝန္မ်ားမွ အမွန္တကယ္ ကူညီႏိုင္မယ္မဟုတ္ဟု ထင္မွတ္မွားတတ္ၾကပါတယ္၊
” ငါတစ္ခုခုေတာ့ မွားေနၿပီ ” ဟုသိေသာ္လည္း ဘယ္သူ႔ထံမွ ဘယ္လိုအကူအညီယူရန္ နည္းလမ္းမွန္ကိုစဥ္းစားမိရန္ ခက္ခဲတတ္ၾကတယ္။
ထိုသိုေတြ႕ႀကဳံေနရတဲ့ အခက္အခဲမ်ားကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးျခင္းျဖင့္ ဆရာဝန္ထံမွ အကူအညီကို ယူပါ၊ လိုအပ္ပါက စိတ္ပညာရွင္မ်ား စိတ္က်န္းမာအထူးကုဆရာဝန္မ်ားထံ ဆရာဝန္ကလႊအပ္ေပးပါလိမ့္မယ္။
စိတ္က်ေရာဂါဟာ စိတ္ေရာဂါမ်ားတြင္ ကုသမႈေအာင္ျမင္ဆုံး ေရာဂါျဖစ္ပါတယ္၊ ေဆးဝါးကုသမႈမ်ားအနက္ (၈၀- ၉၀ %) သည္ ေဆးဝါးကုသမႈကို ေကာင္းမြန္စြာ တုံျပန္ႏိုင္ပါတယ္။
အျခားစိတ္ေရာဂါမ်ားကဲ့သို စိတ္က်ေရာဂါသည္လည္း ဇီဝ – စိတ္ – လူမႈနည္းလမ္း ျဖင့္ ကုသႏိုင္ပါတယ္။
ဘယ္လိုေတြကုမွာလဲ
——————-
ကုသရာတြင္ ေဆးဝါးျဖင့္ ကုသျခင္း၊ စိတ္ကုထုံးနည္းမ်ားျဖင့္ ကုသျခင္း ဟူ၍ နည္းလမ္း၂ မ်ိးရွိပါတယ္။ ေရာဂါ အေျခအေနအေပၚမူတည္ၿပီးလိုအပ္သလို ၂ မ်ိးေပါင္း ကုသျခင္းလည္းရွိပါတယ္။
အခ်ိန္မွီ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္ကုသမႈ ခံယူျခင္းျဖင့္ အရင္လို က်န္းမာ ေပ်ာ္႐ႊင္တဲ့ ပုံမွန္ ဘဝသို မလြဲမေသြ ျပန္ေရာက္ရွိႏိုင္ပါတယ္။
ဒီအခ်က္ကို သိထားျခင္းျဖင့္ သင္ႏွင့္ သင့္ပတ္ဝန္းက်င္တြင္ လိုအပ္သူမ်ားရွိလာပါက အသိပညာေပး ကူညီႏိုင္ပါလိမ့္မယ္။
စိတ္ဓါတ္က်ျခင္းမွ ႐ုန္းထြက္စို
—————————-
1. တတ္ကြၽမ္းနားလည္ေသာ စိတ္က်န္းမာေရး အထူးကုဆရာဝန္ / စိတ္က်န္းမာေရး ပညာရွင္မ်ားထံမွ အကူအညီယူပါ…
ပထမဆုံးကေတာ့ နားလည္တတ္ကြၽမ္းတဲ့ စိတ္ကုထုံးပညာရွင္ ဒါမွမဟုတ္ စိတ္ေရာဂါကု ဆရာဝန္တစ္ေယာက္နဲ႔ ေဆြးေႏြးရမွာ ျဖစ္ပါတယ္၊
ပညာရွင္ဟာ ကြၽန္ေတာ္တိုကို ကြၽန္ေတာ္ခံစားေနရတဲ့ စိတ္က် ေဝဒနာအေၾကာင္း သိရမွာကို ေျပာမယ္၊ အဲ့ဒီလို ကိုယ္ရင္ဆိုင္ေနရတာ – ဘာ ၊ ကိုယ့္ လကၡဏာေတြက – ဘာေၾကာင့္ျဖစ္တယ္ ဆိုတာ သိျခင္းဟာေရာဂါကို သက္သာေလ်ာ့ပါးေစတယ္၊
ၿပီးေတာ့ ကိုယ့္ရဲ႕လက္ရွိ အေျခအေနလိုအပ္တဲ့ စကားေျပာကုသျခင္း ေဆးေပးကုသျခင္းေတြ ရွိမွာျဖစ္တယ္၊
ကိုယ့္ရဲ႕ သူငယ္ခ်င္းေတြ အသိမိတ္ေဆြေတြထဲမွာ အနီးအနား စိတ္ေရာဂါ ဆရာဝန္ကို ၫႊန္ေပးဖို လိုက္ေမးၾကည့္လိုရတယ္၊
တကယ္ေတာ့ လူေတြအမ်ားႀကီးဟာ စိတ္ပိုင္းဆိုင္ရာ ေဆြးေႏြးမႈေတြ ကုထုံးေတြ လိုအပ္ေနတယ္ ကုသမႈ ခံယူေနၾကတယ္ဆိုတာ သိရင္အံ့ၾသသြားႏိုင္ပါတယ္
2. အျပဳသေဘာေဆာင္ ေတြးတတ္သူေတြကို အခ်ိန္ေပးပါ…
Social Support ဆိုတာ စိတ္က်ေဝဒနာကေန ျပန္႐ုန္းထြက္တဲ့ ေနရာမွာ အလြန္ကို အေရးပါပါတယ္၊ အခက္အခဲ ျပႆနာေတြကိုရင္ဆိုင္တဲ့ ေနရာမွာလည္း သူမ်ားေတြရဲ႕ အားေပးမႈဆိုတာ မရွိမျဖစ္ပါပဲ၊
ကြၽန္ေတာ္တို မိသားစုေတြ သူငယ္ခ်င္းေတြ လုပ္ေဖၚကိုင္ဖက္ေတြထဲက အျပဳသေဘာေဆာင္ ေတြးတတ္သူေတြကို စဥ္းစားလိုက္ပါ၊ ကြၽန္ေတာ္တိုရဲ႕ စိတ္ဓါတ္ တက္ႂကြလန္းဆန္းလာေအာင္ လုပ္ေပးတဲ့ သူေတြေပါ့၊
အားေပးကူညီတတ္တဲ့သူမ်ိး သူတိုနဲ႔ အတူရွိတိုင္းမွာ သက္ေတာင့္သက္သာနဲ႔ ေနလိုထိုင္လို ေကာင္းေနေစတဲ့ သူမ်ိး၊ သူတိုနဲ႔ အျပင္အတူသြားလို အခ်ိန္အတူ ျဖဳန္းလိုရမလား စဥ္းစား၊
တစ္ပတ္ကို တစ္ခါႏွစ္ခါေလာက္ အျပဳသေဘာ ေဆာင္တဲ့ လူေတြနဲ႔ ေတြ႕ဖို planဆြဲပါ၊ေတြ႕ပါ၊
လမ္းထိပ္ လက္ဖက္ရည္ဆိုင္ အတူထိုင္တာမ်ိး shopping သြားတာ ႐ုပ္ရွင္သြားၾကည့္တာမ်ိးေလာက္ပဲ ျဖစ္ျဖစ္ေပါ့၊ ဘာပဲျဖစ္ျဖစ္ အတူတူ ေပါ့ေပါ့ပါးပါး လုပ္လိုရမယ့္ activity တစ္ခုဆိုရၿပီ၊ သူတိုနဲ႔ အတူ အျပင္ထြက္ျဖစ္ဖိုပဲ အေရးႀကီးတာပါ။
ကြၽန္ေတာ္တိုကိုစိတ္ညစ္ညဴးေစတဲ့ စိတ္ပူပင္မႈေတြ ျဖစ္ေစတဲ့ သူေတြနဲ႔ ေတာ့ အတတ္ႏိုင္ဆုံး ခပ္ခြာခြာ ေနရမွာျဖစ္တယ္၊
ကြၽန္ေတာ္တိုရဲ႕ စိတ္က်ေဝဒနာကို အားေပးကူညီမႈ မေပးတဲ့သူေတြနဲ႔ ၾကာၾကာရွိေလေလ စိတ္ညစ္တဲ့ ေရာဂါက ပိုပိုဆိုးလာမွာ အေသအခ်ာပဲေပါ့
3. ေရတိုရည္မွန္းခ်က္ေလးေတြထားပါ…
အနာဂါတ္အတြက္ ေမွ်ာ္လင့္စရာေလးေတြတည္ေဆာက္ပါ
ေနာက္လ ေနာက္အပတ္ အဲ့ဒီလို မနီးမေဝး အနာဂတ္မွာ ခရီးသြားမယ္ဆိုတာမ်ိး
လခရရင္ ဘာေလးေတာ့ ဝယ္လိုက္မယ္ ဆိုတာမ်ိး၊ ႀကိဳစီစဥ္ၿပီး ေမွ်ာ္လင့္ေစာင့္စားေနရမယ့္ အရာေလးေတြမ်ားမ်ားလုပ္ပါ၊
ကိုယ္ေမွ်ာ္မွန္းတဲ့အတိုင္း အရာရာ တသမတ္ထဲ ျဖစ္လာမယ္လိုေတာ့ မယူဆပါနဲ႔၊ ျဖစ္လာတဲ့ အခါမွာေတာ့ လွိက္လွိက္လွဲလွဲ ဝမ္းသာတတ္ပါေစ။
4. အသားခ်င္းထိေတြ႕မႈ…
လူသားေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အသားခ်င္းထိေတြ႕တဲ့အခါ oxytocin လိုေခၚတဲ့ ေဟာ္မုန္း တစ္မ်ိးထြက္ပါတယ္၊ သူက stress ေတြ အဆိုးျမင္ အေတြးေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္၊
ကြၽန္ေတာ္တိုရဲ႕ ဇနီး ခ်စ္သူ ရည္းစားတိုနဲ႔ ရင္းရင္းႏွီးႏွီး ေပြ႕ေပြ႕ပိုက္ပိုက္ ေနတာက ကြၽန္ေတာ္တိုကို oxytocin ပိုထြက္ေစမွာ ျဖစ္တယ္၊
သူငယ္ခ်င္းအခ်င္းခ်င္း ေပြ႕ဖက္တာ လက္ခ်င္းဆုပ္ကိုင္တာမ်ိး အိမ္ေမြးေခြးေလး ေၾကာင္ေလးေတြနဲ႔ ကစားတာ ေခ်ာ့ျမဴခ်ီပိုးတာ ေတြကလည္း Hormone ေတြလည္းထြက္ ခ်စ္ျခင္းေမတၱာကိုလည္း ေအာက္ေမ့ေစတာမို ကြၽန္ေတာ္တိုပိုၿပီး ေပ်ာ္႐ႊင္လာမွာ ျဖစ္ပါတယ္၊
နိဂုံးခ်ဳပ္ Part -3 ကိုေတာ့ ေနာက္ Knowledge roundtable ေတြမွာ ဆက္လက္ေဆြးေႏြးတင္ျပသြားပါမယ္၊
ကိုးကား။ ။
Dr. Yan Lin Aung
M.Med.Sc (Mental Health), D.A.Psy,
Psychiatrist
ရဲ႕ ေဆြးေႏြးတိုင္ပင္အဆိုျပဳခ်က္မ်ားမွ
Covid – 19 ေၾကာင့္ lockdown ကာလအတြင္း သေဘၤာအတက္အဆင္း မလုပ္ႏိုင္တဲ့ ညီအကိုမ်ားအား ဤknowledge roundtable ျဖင့္ တစုံတရာအတိုင္းအတာ တခုအထိ
အားေပးႏွစ္သိမ့္ေပးႏိုင္လိမ့္မယ္လို ေမွ်ာ္လင့္မိပါတယ္…
