Knowledge roundtable 42
Resilience and Dealing with Depression at Sea
(Part – 1)
“သင်္ဘောပေါ်မှာ စိတ်ကျန်းမာရေးဟာ သင့်အတွက် ဘယ်လောက်အရေးကြီးမယ်ထင်လဲ”
ကဲ ကျွန်တော်တို ဆွေးနွေးကြည့်ကြရအောင် …
စိတ်ကျမ်းမာခြင်း
—————
W H O သတ်မှတ်ချက်အရ…
မိမိ၏ အစွမ်းအစ များကို အပြည့်အဝ အသုံးချနိုင်ခြင်း
နေ့စဉ် ဘဝ၏ စိတ်ဖိစီးမှုများကို ကြံ့ကြံ့ခိုင်နိုင်ခြင်း
ထိုက်သင့်သော အလုပ်ကို အကျိုးရှိရှိ ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခြင်း
မိမိနေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ခြင်း
တိုနှင့် ပြည့်စုံသော အခြေအနေတစ်ရပ်ကို ခေါ်ဆိုတာပါ
ထို ဖွင့်ဆိုချက်အရ စိတ်ကျန်းမာခြင်းသည် လူတစ်ဦးချင်းစီ၏ သာယာပျော်ရွှင်မှုနှင့် လူမှုအဖွဲအစည်းတစ်ခု ဟန်ချက်ညီစွာ လည်ပတ်နိုင်ရေး အတွက် အခြေခံကျသော အုတ်မြစ်ဖြစ်ပါတယ်။
စိတ်ရောဂါများ
————-
စိတ်ရောဂါဆိုတာ ခံစားရသူတွင် အတွေးအမြင် ပြောင်းလဲခြင်း
စိတ်ခံစားမှု ပြောင်းလဲခြင်း နှင့် အပြုအမူပြောင်းလဲခြင်းတို ဖြစ်ပေါ်စေတတ်သော ကျမ်းမာရေးဆိုင်ရာ ရောဂါဝေဒနာ တစ်ရပ်ဖြစ်ပါတယ်၊
စိတ်ရောဂါများသည် လူမှုရေးပြဿနာများ နှင့် မိသားစုအခက်အခဲ၊ ပြဿနာများ ဖြစ်ပေါ်ခြင်းတို နှင့် ပတ်သက်ဆက်နွယ်မှုများ ရှိပါတယ်၊
W H O ရဲ့ စစ်တမ်းတွေ့ရှိချက်အရ လူ ၄ဦး တွင် ၁ဦး သည် ဘဝတလျှောက်လုံး၏ တကြိမ်ကြိမ်တွင် စိတ်ရောဂါ ဖြစ်ပွားနိုင်ပါတယ်၊
စိတ်ရောဂါဆိုတာ ဆီးချို သွေးတိုး ရောဂါတိုကဲ့သိုသော ရောဂါတစ်မျိုးသာ ဖြစ်ပါတယ်၊ ဒါ့အပြင် ကုသနိုင်သော ရောဂါလည်း ဖြစ်ပါတယ်။
စိတ်ကျရောဂါ
————-
ဒီနေရာမှာ ကျွန်တော်တိုကိုယ်တိုင် စိတ်ကျရောဂါ ခံစားနေရတာကို မသိလိုက်ပဲ ဖြတ်သန်းနေရတဲ့အချိန်တွေ ရှိကောင်းရှိခဲ့ဖူးမယ်
စိတ်ကျရောဂါဟာ စိတ်အားငယ် ဝမ်းနည်းနေခြင်း သက်သက်မဟုတ်ပါ၊ နှလုံးရောဂါ ဆီးချိုရောဂါတိုကဲ့သို စနစ်တကျ ကုသခံယူရန် လိုအပ်တဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပါတယ်၊ နေ့စဉ် ဘဝအတွင်းမှ အတွေးအမြင် အကြံအစည် အပြုအမူ စ၍ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထိ ထိခိုက်မှုရှိသော ရောဂါတစ်ခုဖြစ်ပါတယ်၊
တကယ်က စိတ်ကျရောဂါသည် စိတ်ဓါတ်အင်အားပျော့ညံ့ခြင်း စိတ်မထားတတ်လို ဖြစ်ရခြင်း မဟုတ်ပဲ စနစ်တကျကုသပါက သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်၊
စိတ်ကျရောဂါရှိသူများဟာ သူတိုမည်သိုခံစားနေရသည်ကို မိသားစုဝင်များ ချစ်ခင်ရင်နှီးသူများ မိသားစုဆရာဝင်များကိုပင် မပြောပြကြပါ၊ ဆရာဝန်ကို ကျွန်တော်တို မည်သိုမည်ပုံ ခံစားနေရကြောင်းကို ဖွင့်ဟတိုင်ပင်ခြင်းသည် စိတ်ကျရောဂါကုသရေးရဲ့ အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။
ဘာတွေကြောင့် စိတ်ကျရောဂါ ဖြစ်ရတာလဲ…
*အရက် / ဆေးစွဲခြင်း
*တခြားရောဂါ အခံရှိခြင်း
*တချိုသော ဆေးဝါးများကို အမြဲစွဲသောက် နေရခြင်း
*မိသားစုအတွင်း စိတ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုရှိထားခြင်း
အဲ့ဒီအခြေအနေရှိသူများဟာ စိတ်ကျရောဂါ ဖြစ်ပွားရန် အခွင့်အလမ်းများပြားကြောင်း
သုတေသန စစ်တမ်းများက ပြောပြနေတယ်၊
ဒါ့အပြင် ကြီးမားတဲ့ ဘဝအလှည့်အပြောင်းများ တွေ့ကြုံနေရတဲ့သူများတွင်လည်း ဖြစ်တတ်ပါသေးတယ်၊ ဥပမာ
မိဘ ဆွေမျိုးရင်းချာ ချစ်ခင်ရတဲ့သူ တစုံတယောက်သေဆုံးခြင်း
စီးပွားရေး လူမှုရေး အချိုးအကွေ့ ပြင်းထန်စွာ ကြုံတွေ့ရခြင်းမျိုးတို ဖြစ်တယ်၊
နောက်ပြီး ဦးနှောက်အတွင်းလည်ပတ်နေတဲ့ သွေး ဓါတုပစ္စည်း ပုံမမှန် မညီမျှခြင်းတိုကြောင့်လည်း ဖြစ်ပေါ်တတ်ပါသေးတယ်၊
စိတ်ကျရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ…
အောက်မှာပြောပြမယ့် လက္ခဏာတွေထဲက တစ်ခုထက်ကို တနေကုန် နေ့စဉ်နီးပါး နှစ်ပတ်ကျော် ခံစားနေရပါက ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင် ဆွေးနွေးသင့်ပါတယ်၊
* ဝမ်းနည်းအားငယ်ခြင်း စိတ်ဓါတ်ကျခြင်း
* အားအင်ကုန်ခမ်း၍ နွမ်းနွယ်လွယ်ခြင်း
* ရည်ရွယ်ချက်မဲ့ အပြုအမူများကို လုပ်ကိုင်နေမိခြင်း စကားပြောနှင့် လှုပ်ရှားမှု နှေးကွေးလာခြင်း
* အရင် စိတ်ဝင်စားတဲ့ လုပ်ဆောင်ချက်များ ပျော်စရာများ ၌ စိတ်အားထက်သန်မှု လျော့နည်းလာခြင်း မရှိတော့ခြင်း
* ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားလာရခြင်း
* အကြောင်းအရင်း အခိုင်အမာမရှိပဲ အထီးကျန် တွေဝေ အားငယ် မျှော်လင့်ချက်မဲ့မှု ခံစားရခြင်း
* ကိုယ်အလေးချိန် အစားအသောက် လျော့နည်းလာခြင်း/တိုးလာခြင်း
* အိပ်မပျော်ခြင်း/အလွန်အကျွံ အိပ်စက်ခြင်း
* လေးလံထိုင်းမှိင်းနေခြင်း/ဂဏာမငြိမ်ဖြစ်ခြင်း
* တွေးခေါ်ရခက်ခဲလာခြင်း အာရုံစူးစိုက်မရခြင်း ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း
* သေခြင်းတရားအကြောင်း ခဏခဏတွေးမိနေခြင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် အကြံပေါ်ခြင်း အစီအစဉ်ဆွဲခြင်း
တိုပဲ ဖြစ်ပါတယ်၊
ထိုကဲ့သို ဖြစ်ပေါ်လာပါက မည်သိုမည်ပုံ နည်းလမ်းရှာ ကုသရမည်ကို နောက် Knowledge roundtable တွေမှာ ဆွေးနွေးတင်ပြသွားပါမယ်၊
ကိုးကား။ ။
Dr. Yan Lin Aung
M.Med.Sc (Mental Health), D.A.Psy,
Psychiatrist
ရဲ့ ဆွေးနွေးတိုင်ပင်အဆိုပြုချက်များမှ
Covid – 19 ကြောင့် lockdown ကာလအတွင်း သင်္ဘောအတက်အဆင်း မလုပ်နိုင်တဲ့ ညီအကိုများ နောက် knowledge roundtable ဖြင့်တစုံတရာအတိုင်းအတာ တခုအထိအားပေးနှစ်သိမ့်ပေးနိုင်လိမ့်မယ်လို မျှော်လင့်မိပါတယ်
Zawgyi
Knowledge roundtable 42
Resilience and Dealing with Depression at Sea
(Part – 1)
“သေဘၤာေပၚမွာ စိတ္က်န္းမာေရးဟာ သင့္အတြက္ ဘယ္ေလာက္အေရးႀကီးမယ္ထင္လဲ”
ကဲ ကြၽန္ေတာ္တို ေဆြးေႏြးၾကည့္ၾကရေအာင္ …
စိတ္က်မ္းမာျခင္း
—————
W H O သတ္မွတ္ခ်က္အရ…
မိမိ၏ အစြမ္းအစ မ်ားကို အျပည့္အဝ အသုံးခ်ႏိုင္ျခင္း
ေန႔စဥ္ ဘဝ၏ စိတ္ဖိစီးမႈမ်ားကို ႀကံ့ႀကံ့ခိုင္ႏိုင္ျခင္း
ထိုက္သင့္ေသာ အလုပ္ကို အက်ိးရွိရွိ ၿပီးေျမာက္ေအာင္ လုပ္ကိုင္ႏိုင္ျခင္း
မိမိေနထိုင္ရာ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းကို တစ္ဖက္တစ္လမ္းမွ အက်ိးျပဳႏိုင္ျခင္း
တိုႏွင့္ ျပည့္စုံေသာ အေျခအေနတစ္ရပ္ကို ေခၚဆိုတာပါ
ထို ဖြင့္ဆိုခ်က္အရ စိတ္က်န္းမာျခင္းသည္ လူတစ္ဦးခ်င္းစီ၏ သာယာေပ်ာ္႐ႊင္မႈႏွင့္ လူမႈအဖြဲအစည္းတစ္ခု ဟန္ခ်က္ညီစြာ လည္ပတ္ႏိုင္ေရး အတြက္ အေျခခံက်ေသာ အုတ္ျမစ္ျဖစ္ပါတယ္။
စိတ္ေရာဂါမ်ား
————-
စိတ္ေရာဂါဆိုတာ ခံစားရသူတြင္ အေတြးအျမင္ ေျပာင္းလဲျခင္း
စိတ္ခံစားမႈ ေျပာင္းလဲျခင္း ႏွင့္ အျပဳအမူေျပာင္းလဲျခင္းတို ျဖစ္ေပၚေစတတ္ေသာ က်မ္းမာေရးဆိုင္ရာ ေရာဂါေဝဒနာ တစ္ရပ္ျဖစ္ပါတယ္၊
စိတ္ေရာဂါမ်ားသည္ လူမႈေရးျပႆနာမ်ား ႏွင့္ မိသားစုအခက္အခဲ၊ ျပႆနာမ်ား ျဖစ္ေပၚျခင္းတို ႏွင့္ ပတ္သက္ဆက္ႏြယ္မႈမ်ား ရွိပါတယ္၊
W H O ရဲ႕ စစ္တမ္းေတြ႕ရွိခ်က္အရ လူ ၄ဦး တြင္ ၁ဦး သည္ ဘဝတေလွ်ာက္လုံး၏ တႀကိမ္ႀကိမ္တြင္ စိတ္ေရာဂါ ျဖစ္ပြားႏိုင္ပါတယ္၊
စိတ္ေရာဂါဆိုတာ ဆီးခ်ိ ေသြးတိုး ေရာဂါတိုကဲ့သိုေသာ ေရာဂါတစ္မ်ိးသာ ျဖစ္ပါတယ္၊ ဒါ့အျပင္ ကုသႏိုင္ေသာ ေရာဂါလည္း ျဖစ္ပါတယ္။
စိတ္က်ေရာဂါ
————-
ဒီေနရာမွာ ကြၽန္ေတာ္တိုကိုယ္တိုင္ စိတ္က်ေရာဂါ ခံစားေနရတာကို မသိလိုက္ပဲ ျဖတ္သန္းေနရတဲ့အခ်ိန္ေတြ ရွိေကာင္းရွိခဲ့ဖူးမယ္
စိတ္က်ေရာဂါဟာ စိတ္အားငယ္ ဝမ္းနည္းေနျခင္း သက္သက္မဟုတ္ပါ၊ ႏွလုံးေရာဂါ ဆီးခ်ိေရာဂါတိုကဲ့သို စနစ္တက် ကုသခံယူရန္ လိုအပ္တဲ့ ေရာဂါအေျခအေန တစ္ခုျဖစ္ပါတယ္၊ ေန႔စဥ္ ဘဝအတြင္းမွ အေတြးအျမင္ အႀကံအစည္ အျပဳအမူ စ၍ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးအထိ ထိခိုက္မႈရွိေသာ ေရာဂါတစ္ခုျဖစ္ပါတယ္၊
တကယ္က စိတ္က်ေရာဂါသည္ စိတ္ဓါတ္အင္အားေပ်ာ့ညံ့ျခင္း စိတ္မထားတတ္လို ျဖစ္ရျခင္း မဟုတ္ပဲ စနစ္တက်ကုသပါက သက္သာေပ်ာက္ကင္းႏိုင္တဲ့ ေရာဂါျဖစ္ပါတယ္၊
စိတ္က်ေရာဂါရွိသူမ်ားဟာ သူတိုမည္သိုခံစားေနရသည္ကို မိသားစုဝင္မ်ား ခ်စ္ခင္ရင္ႏွီးသူမ်ား မိသားစုဆရာဝင္မ်ားကိုပင္ မေျပာျပၾကပါ၊ ဆရာဝန္ကို ကြၽန္ေတာ္တို မည္သိုမည္ပုံ ခံစားေနရေၾကာင္းကို ဖြင့္ဟတိုင္ပင္ျခင္းသည္ စိတ္က်ေရာဂါကုသေရးရဲ႕ အေရးႀကီးတဲ့ ပထမဆုံး ေျခလွမ္းျဖစ္ပါတယ္။
ဘာေတြေၾကာင့္ စိတ္က်ေရာဂါ ျဖစ္ရတာလဲ…
*အရက္ / ေဆးစြဲျခင္း
*တျခားေရာဂါ အခံရွိျခင္း
*တခ်ိေသာ ေဆးဝါးမ်ားကို အၿမဲစြဲေသာက္ ေနရျခင္း
*မိသားစုအတြင္း စိတ္ပိုင္းဆိုင္ရာေရာဂါ ျဖစ္ပြားမႈရွိထားျခင္း
အဲ့ဒီအေျခအေနရွိသူမ်ားဟာ စိတ္က်ေရာဂါ ျဖစ္ပြားရန္ အခြင့္အလမ္းမ်ားျပားေၾကာင္း
သုေတသန စစ္တမ္းမ်ားက ေျပာျပေနတယ္၊
ဒါ့အျပင္ ႀကီးမားတဲ့ ဘဝအလွည့္အေျပာင္းမ်ား ေတြ႕ႀကဳံေနရတဲ့သူမ်ားတြင္လည္း ျဖစ္တတ္ပါေသးတယ္၊ ဥပမာ
မိဘ ေဆြမ်ိးရင္းခ်ာ ခ်စ္ခင္ရတဲ့သူ တစုံတေယာက္ေသဆုံးျခင္း
စီးပြားေရး လူမႈေရး အခ်ိးအေကြ႕ ျပင္းထန္စြာ ႀကဳံေတြ႕ရျခင္းမ်ိးတို ျဖစ္တယ္၊
ေနာက္ၿပီး ဦးေႏွာက္အတြင္းလည္ပတ္ေနတဲ့ ေသြး ဓါတုပစၥည္း ပုံမမွန္ မညီမွ်ျခင္းတိုေၾကာင့္လည္း ျဖစ္ေပၚတတ္ပါေသးတယ္၊
စိတ္က်ေရာဂါရွိမွန္း ဘယ္လိုသိႏိုင္မလဲ…
ေအာက္မွာေျပာျပမယ့္ လကၡဏာေတြထဲက တစ္ခုထက္ကို တေနကုန္ ေန႔စဥ္နီးပါး ႏွစ္ပတ္ေက်ာ္ ခံစားေနရပါက ဆရာဝန္နဲ႔ အျမန္ဆုံး တိုင္ပင္ ေဆြးေႏြးသင့္ပါတယ္၊
* ဝမ္းနည္းအားငယ္ျခင္း စိတ္ဓါတ္က်ျခင္း
* အားအင္ကုန္ခမ္း၍ ႏြမ္းႏြယ္လြယ္ျခင္း
* ရည္႐ြယ္ခ်က္မဲ့ အျပဳအမူမ်ားကို လုပ္ကိုင္ေနမိျခင္း စကားေျပာႏွင့္ လႈပ္ရွားမႈ ေႏွးေကြးလာျခင္း
* အရင္ စိတ္ဝင္စားတဲ့ လုပ္ေဆာင္ခ်က္မ်ား ေပ်ာ္စရာမ်ား ၌ စိတ္အားထက္သန္မႈ ေလ်ာ့နည္းလာျခင္း မရွိေတာ့ျခင္း
* ကိုယ့္ကိုယ္ကို အျပစ္ရွိသလို ခံစားလာရျခင္း
* အေၾကာင္းအရင္း အခိုင္အမာမရွိပဲ အထီးက်န္ ေတြေဝ အားငယ္ ေမွ်ာ္လင့္ခ်က္မဲ့မႈ ခံစားရျခင္း
* ကိုယ္အေလးခ်ိန္ အစားအေသာက္ ေလ်ာ့နည္းလာျခင္း/တိုးလာျခင္း
* အိပ္မေပ်ာ္ျခင္း/အလြန္အကြၽံ အိပ္စက္ျခင္း
* ေလးလံထိုင္းမွိင္းေနျခင္း/ဂဏာမၿငိမ္ျဖစ္ျခင္း
* ေတြးေခၚရခက္ခဲလာျခင္း အာ႐ုံစူးစိုက္မရျခင္း ဆုံးျဖတ္ခ်က္ခ်ရန္ ခက္ခဲျခင္း
* ေသျခင္းတရားအေၾကာင္း ခဏခဏေတြးမိေနျခင္း ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္ရန္ အႀကံေပၚျခင္း အစီအစဥ္ဆြဲျခင္း
တိုပဲ ျဖစ္ပါတယ္၊
ထိုကဲ့သို ျဖစ္ေပၚလာပါက မည္သိုမည္ပုံ နည္းလမ္းရွာ ကုသရမည္ကို ေနာက္ Knowledge roundtable ေတြမွာ ေဆြးေႏြးတင္ျပသြားပါမယ္၊
ကိုးကား။ ။
Dr. Yan Lin Aung
M.Med.Sc (Mental Health), D.A.Psy,
Psychiatrist
ရဲ႕ ေဆြးေႏြးတိုင္ပင္အဆိုျပဳခ်က္မ်ားမွ
Covid – 19 ေၾကာင့္ lockdown ကာလအတြင္း သေဘၤာအတက္အဆင္း မလုပ္ႏိုင္တဲ့ ညီအကိုမ်ား ေနာက္ knowledge roundtable ျဖင့္တစုံတရာအတိုင္းအတာ တခုအထိအားေပးႏွစ္သိမ့္ေပးႏိုင္လိမ့္မယ္လို ေမွ်ာ္လင့္မိပါတယ္


