Knowledge Roundtable -4
Unicode
Knowledge Roundtable 4
V D R (Voyage Data Recorder)
သင် ဒါတွေ သိပြီးပြီလား …
လေယာဉ်တွေ မတော်မဆမှုဖြစ်တဲ့အခါ မဖြစ်ခင်အချိန်ကနေစလို ဖြစ်ပွားတဲ့အချိန်အထိ ဘာတွေဖြစ်ခဲ့လဲဆိုတာသိနိုင်ဘို Black box ကိုအသုံးပြုခဲ့ကြပါတယ် …
ခုချိန်မှာ merchant vessel တွေမှာလဲ Black box နဲ့ ဆင်တူတဲ့ Voyage Data Recorder (VDR) နဲ့ Simplified Voyage Data Recorder (S-VDR) တိုကိုတတ်ဆင် အသုံးပြုလာခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ …
ဒါပေမဲ့ VDR / S-VDR တွေ ဘယ်လို အလုပ် လုပ်တယ်ဆိုတာ ကိုတော့ လူသိနဲနေပါသေးတယ် …
VDR / S-VDR တွေက Investigator တွေကို Accidents မဖြစ်ခင် အချိန်ကစပြီး ဖြစ်တဲ့ အချိန်တွေထိ သဘောင်္ပေါ်မှာ ဖြစ်ခဲ့တဲ့ Data တွေကို evidence အဖြစ် သိမ်းထားပေးပါတယ် …
ဒီ Data တွေကို အစနေ အဆုံး ပြန် Review လုပ်လိုရအောင် သက်ဆိုင်ရာ Software တွေ သုံးပြီး စစ်ဆေးလိုရပါတယ် …
VDR မှာ အဓိကပါဝင်တဲ့ Unit ၂ ခုရှိပါတယ် …
၁။ Data Collection Unit (DCU)
Bridge ပေါ်မှာ တတ်ဆင်ထားပါတယ်၊ သက်ဆိုင်ရာ sources အားလုံးက ရရှိတဲ့ Data အားလုံးကို Collect လုပ်ပါတယ် …
DCU မှာ …
Data Processor Unit
Interface modules နဲ့
Backup batteries တိုပါ၀င်ပါတယ် …
Back up batteries ကတော့ သဘောင်္ Power failure ဖြစ်တဲ့အခါ record လုပ်ဘို power ပေးပါတယ်
၂။ Data Recording Unit (DRU)
Monkey island ပေါ်မှာ တတ်ဆင်ထားပြီး wheelhouse ထဲမှာ တတ်ဆင်ထားတဲ့ Equipments တွေကရရှိတဲ့ Data တွေအားလုံးနဲ့ တတ်ဆင်ထားတဲ့ microphone တွေက ရတဲ့ အသံတွေကို Record လုပ်ထားပါတယ် …
DRU component တွေ ကို Monkey island ပေါ်မှာရှိတဲ့ လုံခြုံတဲ့ Capsule ထဲမှာ တတ်ဆင်ထားပြီး Capsule ကိုတော့ fixed ဒါမှမဟုတ် float-free type အနေနဲ့ တတ်ဆင်ထားပါတယ် …
ရရှိတဲ့ Data တွေအားလုံးကို Stowage Capsule ထဲမှာ ၁၂နာရီ- ၄၈ နာရီ သိမ်းထားနိုင်ပါတယ် … ဒီအချိန်ကျော်သွားရင်တော့ Data အသစ်တွေကို အဟောင်းတွေပေါ်မှာ overwrite လုပ်ပါတယ် …
ဒါကြောင့် သဘောင်္ပေါ်မှာ Accident ဖြစ်ရင် မဖြစ်ခင်ကနေ ဖြစ်တဲ့အချိန်ထိ ၊ ဖြစ်နေတဲ့အချိန်တွေမှာလဲ ဘာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို သိရှိနိုင်ဘို Data တွေကို သတ်မှတ်ချိန်ကျော်လို Overwrite မလုပ်ခင်မှာ Retrieve လုပ်ထားနိုင်ဘိုလိုပါတယ် …
DCU က Data တွေကို Memory stick ထဲကို တိုက်ရိုက် Download လုပ်ပြီးသိမ်းယူနိုင်ပါတယ် …
သိမ်းထားတဲ့ Data တွေကို သက်ဆိုင်ရာ playback software သုံးပြီး Accident ဖြစ်ပြီးချိန်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်…
ဒါမှသာ သက်ဆိုင်ရာအဖွဲအစည်းက Cause of accident ကို စစ်ဆေးနိုင်ပါလိမ့်မယ် …
အရေးကြီးတာကြောင့် တချို သဘောင်္ကုမ္ပဏီကြီးတွေမှာ Master taking over check list မှာ ဖေါ်ပြထားလေ့ရှိပါတယ် …
ကုမ္ပဏီရဲ ့ Safety Management System (SMS) မှာလည်း Saving of VDR/SVDR data ကို part of ship’s emergency response procedures အနေနဲ့ ဖေါ်ပြထားလေ့ရှိပါတယ် …
VDR အတွက် Electrical power supply ကို သဘောင်္ရဲ့ Main Source ကနေအပြင် Emergency Source ကနေ ပေးပါတယ် ဒါမှ သဘောင်္ ဟာ power failure ဖြစ်ရင်တောင် ဆက်ပြီ Data record လုပ်နိုင်မှာပါ …
SOLAS regulation V/18.8 အရ VDR / S-VDR တွေဟာ Annual performance test လုပ်ရမယ်ဆိုတာလဲ သိထားဘိုလိုပါမယ် …
သဘောင်္ပေါ်မှာ Annual Performance Test Certificate ရှိနေရမယ် ဆိုတာကိုလဲ မမေ့ပါနဲ့အုန်း …
Maintenance အနေနဲ့လဲ Batteries ကို Every 4 years မှာ လဲပေးဘို သတိပေးချင်ပါတယ် …
Zawgyi
Knowledge Roundtable 4
V D R (Voyage Data Recorder)
DCU မှာ …
Data Processor Unit
Interface modules နဲ့
အရေးကြီးတာကြောင့် တချိ သဘောင်္ကုမ္ပဏီကြီးတွေမှာ Master taking over check list မှာ ဖေါ်ပြထားလေ့ရှိပါတယ် …
Maritime Pro Training Hub