Knowledge roundtable – 38

Unicode

Knowledge roundtable 38

How to become a successful seafarer?
(Part – 2)

ကဲ…ဆက်ဆွေးနွေးကြည့်ရအောင်…

ကောင်းမွန်စွာအိပ်စက်နိုင်ပါစေ – – –

အကယ်၍ အိပ်ရေးမဝခဲ့ဘူးဆိုရင် အလုပ်လုပ်နိုင်မှု နဲ့ တီထွင်ကြံဆနိုင်မှု လျော့ကျတာအပြင် စိတ်ခံစားမှု အပိုင်းကိုလည်း ထိန်းချုပ်နိုင်မှု အားနည်းနေပေလိမ့်မယ်၊ ဆိုလိုတာက ကောင်းကောင်း မအိပ်ခဲ့ရဘူးဆိုရင် အရင် part – 1 မှာ ဆွေနွေးဖေါ်ပြခဲ့တဲ့ မကောင်းတဲ့/မှားယွင်းတဲ့ စိတ်ခံစားမှု၊ မေးခွန်းများများရှာတတ်ပါစေ ကဲ့သိုသော အကြောင်းအချင်းအရာများ ကို လိုက်နာကျင့်သုံးဖို ခဲရင်းပါလိမ့်မယ်၊
ကောင်းမွန်စွာ အိပ်စက်ခြင်းက အောက်ဖေါ်ပြပါ
*သင်ယူချင်စိတ်ရှိခြင်း
*တီထွင်ကြံဆချင်စိတ်ရှိခြင်း
*အမှားနည်းစေခြင်း
*မတော်တဆ ထိခိုက် ဒဏ်ရာရမှုကို လျော့နည်းစေခြင်း
*အလုပ်လုပ်နိုင်မှု စွမ်းရည် မြင့်မားခြင်း တိုကိုဖြစ်ပေါ်စေပါတယ်။
သင်္ဘောပေါ်မှာ အနှောက်အယှက် ကင်းကင်းနဲ့ အိပ်စက်နိုင်ခြင်းက လွယ်ကူတဲ့ အရာမဟုတ်သော်လည်း ရလဒ်ကောင်းတွေရစေဖို တစ်နေ့ကို ၇ / ၈ နာရီလောက် အိပ်စက်အနားယူနိုင်အောင် အဓိကထား ကြုးစားစေချင်ပါတယ်။

အိပ်ယာမှ ကြိုထတတ်ခြင်း – – –

အပေါ်ပိုဒ်က ဆွေးနွေးခဲ့တဲ့ အကြာင်းအရာနဲ့ ဆန့်ကျင်ပြီး မနက်စောစောထဖိုပြောနေတယ်လို ထင်ရသော်လည်း တကယ်က …
ဆိုကြပါစို မနက် ၈ နာရီမှာ အလုပ်စလုပ်မယ့်သူဟာ ၇ နာရီ ၄၅ လောက်မှထမယ် ဆိုရင် အပြေးအလွှားဖြစ်နေပါလိမ့်မယ်၊ နေ့တနေ့ရဲ့ အစပြုချိန်မှ အပြေးအလွှားလုပ်ဆောင်ရပြီ ဆိုကတည်းက အလွှအမှားတွေကို ဆက်တိုက်ရင်ဆိုင်ရဖို ရှိလာနိုင်ပါတယ်၊ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ၁နာရီလောက်ကြိုထတတ်ပြီး နာရီဝက် အလိုမှာ အဆင်သင့်ဖြစ်နေပါစေ၊ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပြင်ဆင်ပါ ၊ ချရေးတတ်ရင်တော့ ပိုကောင်းပါတယ် … ဒါမှလည်း တနေ့တာ ကုန်ဆုံးချိန်မှာ မိမိရဲ့ အလုပ် ရည်မှန်းချက် ဘယ်လောက် အထမြောက် အောင်မြင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်နိုင်မှာပါ။

အရေးကြီးတဲ့ အလုပ်ကိစ္စတွေကို ကြံ့ကြာမနေဖို – – –

အောင်မြင်တဲ့ အရာရှိကောင်းဖြစ်ဖိုရာ အရေးတကြီး ကိစ္စရပ်များကို စောလျင်စွာ ပြီးမြောက်ဖို လိုပါတယ်၊ တကယ်လို ကြံ့ကြာနေမယ်ဆိုရင်တော့ နောက်ထပ် နောက်ထပ် အရေးကြီးတဲ့အလုပ်တွေ မပြီးမြောက်ခြင်းရဲ့ နောက်ဆက်တွဲ အကြိုးဆက်တွေကို ရင်ဆိုင်ပါလိမ့်မယ်၊ အခုပြီးရအလုပ်တွေ မပြီပြတ်နိုင်ခြင်းက နောက်အလုပ်တွေ လုပ်ရဖိုအတွက် အမှားတွေနဲ့ အထပ်ထပ်ပိနေတာမျိုးဖြစ်စေတတ်ပါတယ်၊ ဒါကြောင့်မို ဥပမာ Deck log book ဖြည့်ဖိုရာ နေ့လည်စာစားပြီးမှ ပြန်လာဖြည့်မယ် ဆိုတာမျိုးမဟုတ်ပဲ watch ကမဆင်းခင် အပြီးသတ်သင့်ပါတယ်၊ အလားတူ Store ordering ၊ PMS ၊ Port paper ပြင်ဆင်ခြင်းများတွင်လည်း အချိန်မှီပြီးစီးဖို လိုပါတယ်၊ ဒီ့အတွက် နည်းလမ်းအသွယ်သွယ် တွေထဲကနေ အကောင်းဆုံးနည်းကတော့ ကျွန်တော်တိုသိထားပြီးသား ဖြစ်တဲ့ 80 – 20 rule…
ဒီ နေရာမှာ ဒီ rule ကို အလုပ်အတွက်ပဲ ဆွေးနွေးကြည့်ရအောင်၊ ၁၀၀ % သော အလုပ်ပြီးမြောက်ခြင်း အတွက် ၂၀ % သော အားစိုက်ထုတ်မှုကနေ ၈၀ % သော ရလဒ်ကောင်းတွေရရှိနိုင်ခြင်း …
ဥပမာ – on board မှာ watertight door တွေရဲ့ dogleg တွေကို O / S ဆိုတဲ့ direction အတိုင်း အပြည့် အဖွင့်အပိတ် လုပ်နေမယ်ဆိုရင် dogleg တွေလှည့်မရ၊ ဖွင့်/ ပိတ်လိုမရတဲ့ အကျိုးဆက်တွေ မရှိနိုင်ပါ၊ ဆိုလိုတာက အပြည့်အဖွင့်အပိတ်လုပ်တဲ့ ၂၀ % သော အားစိုက်ထုတ်မှုလေးဟာ cease ဖြစ်ရင်ကြုံတွေ့ရမယ့် ၁၀၀% ရဲ့ ၈၀% ကို ဖြေရှင်းပြီးသားဖြစ်သွားပါမယ်။

Calling the Master – – –

Navigation ဟာ ဘယ်လောက် အရေးကြီးလဲ ဆိုတာ ပြောနေဖိုအောင် မလိုပါဘူး၊ တခါတလေ တချို situation တွေဟာ master ရဲ့ အကူအညီမပါပဲ ဖြေရှင်းလိုမရတာတွေရှိတတ်ပါတယ်၊ ယခင် part – 1 မှာဆွေးနွေးတင်ပြဖူးတဲ့ “ကျွန်တော်တို အရာအားလုံး မသိသေးဘူးဆိုတာ လက်ခံရမယ်” ဆိုတဲ့ အတိုင်း တုံဆိုင်းမနေပါနဲ့ ၊ မှန်ကန်တဲ့ အချိန်မှာ master ကို bridge ပေါ် အရောက်ခေါ်နိုင်ဖိုအရေးကြီးပါတယ်၊ နောက်ဆုံး last minute မှ ခေါ်ရင်တော့ master သည် superhuman မဟုတ်၍ သူသည်လည်း ဖြေရှင်းဖို ခက်ခဲပါလိမ့်မယ်၊ တချိုတချိုသော master တွေကို အချိန်မတော် ခေါ်ရတာဟာ ခက်ခဲပါတယ်ဆိုတဲ့ အခက်အခဲဟာ master ကို မခေါ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလောက် ဆိုးနိုင်ဖွယ်ရာမရှိပါ။

အချုပ်အားဖြင့် ကျွန်တော်တိုတွေ Hard work နဲ့ Smart work ကိုကွဲပြားခြင်းဖြင့် အောင်မြင်တဲ့သူတွေ ဖြစ်ပါစေလို ဆန္ဒပြုလိုက်ပါတယ်။

Corona virus ရန် / ဒဏ်မှလည်း ကြံ့ခိုင်နိုင်ကြပါစေ။

 

Zawgyi

 

Knowledge roundtable 38

How to become a successful seafarer?
(Part – 2)

ကဲ…ဆက္ေဆြးေႏြးၾကည့္ရေအာင္…

ေကာင္းမြန္စြာအိပ္စက္ႏိုင္ပါေစ – – –

အကယ္၍ အိပ္ေရးမဝခဲ့ဘူးဆိုရင္ အလုပ္လုပ္ႏိုင္မႈ နဲ႔ တီထြင္ႀကံဆႏိုင္မႈ ေလ်ာ့က်တာအျပင္ စိတ္ခံစားမႈ အပိုင္းကိုလည္း ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းေနေပလိမ့္မယ္၊ ဆိုလိုတာက ေကာင္းေကာင္း မအိပ္ခဲ့ရဘူးဆိုရင္ အရင္ part – 1 မွာ ေဆြေႏြးေဖၚျပခဲ့တဲ့ မေကာင္းတဲ့/မွားယြင္းတဲ့ စိတ္ခံစားမႈ၊ ေမးခြန္းမ်ားမ်ားရွာတတ္ပါေစ ကဲ့သိုေသာ အေၾကာင္းအခ်င္းအရာမ်ား ကို လိုက္နာက်င့္သုံးဖို ခဲရင္းပါလိမ့္မယ္၊
ေကာင္းမြန္စြာ အိပ္စက္ျခင္းက ေအာက္ေဖၚျပပါ
*သင္ယူခ်င္စိတ္ရွိျခင္း
*တီထြင္ႀကံဆခ်င္စိတ္ရွိျခင္း
*အမွားနည္းေစျခင္း
*မေတာ္တဆ ထိခိုက္ ဒဏ္ရာရမႈကို ေလ်ာ့နည္းေစျခင္း
*အလုပ္လုပ္ႏိုင္မႈ စြမ္းရည္ ျမင့္မားျခင္း တိုကိုျဖစ္ေပၚေစပါတယ္။
သေဘၤာေပၚမွာ အေႏွာက္အယွက္ ကင္းကင္းနဲ႔ အိပ္စက္ႏိုင္ျခင္းက လြယ္ကူတဲ့ အရာမဟုတ္ေသာ္လည္း ရလဒ္ေကာင္းေတြရေစဖို တစ္ေန႔ကို ၇ / ၈ နာရီေလာက္ အိပ္စက္အနားယူႏိုင္ေအာင္ အဓိကထား ၾကဳးစားေစခ်င္ပါတယ္။

အိပ္ယာမွ ႀကိဳထတတ္ျခင္း – – –

အေပၚပိုဒ္က ေဆြးေႏြးခဲ့တဲ့ အၾကာင္းအရာနဲ႔ ဆန္႔က်င္ၿပီး မနက္ေစာေစာထဖိုေျပာေနတယ္လို ထင္ရေသာ္လည္း တကယ္က …
ဆိုၾကပါစို မနက္ ၈ နာရီမွာ အလုပ္စလုပ္မယ့္သူဟာ ၇ နာရီ ၄၅ ေလာက္မွထမယ္ ဆိုရင္ အေျပးအလႊားျဖစ္ေနပါလိမ့္မယ္၊ ေန႔တေန႔ရဲ႕ အစျပဳခ်ိန္မွ အေျပးအလႊားလုပ္ေဆာင္ရၿပီ ဆိုကတည္းက အလႊအမွားေတြကို ဆက္တိုက္ရင္ဆိုင္ရဖို ရွိလာႏိုင္ပါတယ္၊ ေအာင္ျမင္တဲ့ သူတစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ ၁နာရီေလာက္ႀကိဳထတတ္ၿပီး နာရီဝက္ အလိုမွာ အဆင္သင့္ျဖစ္ေနပါေစ၊ ကိုယ့္ရဲ႕ တစ္ေန႔တာ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာေတြကို ျပင္ဆင္ပါ ၊ ခ်ေရးတတ္ရင္ေတာ့ ပိုေကာင္းပါတယ္ … ဒါမွလည္း တေန႔တာ ကုန္ဆုံးခ်ိန္မွာ မိမိရဲ႕ အလုပ္ ရည္မွန္းခ်က္ ဘယ္ေလာက္ အထေျမာက္ ေအာင္ျမင္သလဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္လည္ သုံးသပ္ႏိုင္မွာပါ။

အေရးႀကီးတဲ့ အလုပ္ကိစၥေတြကို ႀကံ့ၾကာမေနဖို – – –

ေအာင္ျမင္တဲ့ အရာရွိေကာင္းျဖစ္ဖိုရာ အေရးတႀကီး ကိစၥရပ္မ်ားကို ေစာလ်င္စြာ ၿပီးေျမာက္ဖို လိုပါတယ္၊ တကယ္လို ႀကံ့ၾကာေနမယ္ဆိုရင္ေတာ့ ေနာက္ထပ္ ေနာက္ထပ္ အေရးႀကီးတဲ့အလုပ္ေတြ မၿပီးေျမာက္ျခင္းရဲ႕ ေနာက္ဆက္တြဲ အႀကိဳးဆက္ေတြကို ရင္ဆိုင္ပါလိမ့္မယ္၊ အခုၿပီးရအလုပ္ေတြ မၿပီျပတ္ႏိုင္ျခင္းက ေနာက္အလုပ္ေတြ လုပ္ရဖိုအတြက္ အမွားေတြနဲ႔ အထပ္ထပ္ပိေနတာမ်ိးျဖစ္ေစတတ္ပါတယ္၊ ဒါေၾကာင့္မို ဥပမာ Deck log book ျဖည့္ဖိုရာ ေန႔လည္စာစားၿပီးမွ ျပန္လာျဖည့္မယ္ ဆိုတာမ်ိးမဟုတ္ပဲ watch ကမဆင္းခင္ အၿပီးသတ္သင့္ပါတယ္၊ အလားတူ Store ordering ၊ PMS ၊ Port paper ျပင္ဆင္ျခင္းမ်ားတြင္လည္း အခ်ိန္မွီၿပီးစီးဖို လိုပါတယ္၊ ဒီ့အတြက္ နည္းလမ္းအသြယ္သြယ္ ေတြထဲကေန အေကာင္းဆုံးနည္းကေတာ့ ကြၽန္ေတာ္တိုသိထားၿပီးသား ျဖစ္တဲ့ 80 – 20 rule…
ဒီ ေနရာမွာ ဒီ rule ကို အလုပ္အတြက္ပဲ ေဆြးေႏြးၾကည့္ရေအာင္၊ ၁၀၀ % ေသာ အလုပ္ၿပီးေျမာက္ျခင္း အတြက္ ၂၀ % ေသာ အားစိုက္ထုတ္မႈကေန ၈၀ % ေသာ ရလဒ္ေကာင္းေတြရရွိႏိုင္ျခင္း …
ဥပမာ – on board မွာ watertight door ေတြရဲ႕ dogleg ေတြကို O / S ဆိုတဲ့ direction အတိုင္း အျပည့္ အဖြင့္အပိတ္ လုပ္ေနမယ္ဆိုရင္ dogleg ေတြလွည့္မရ၊ ဖြင့္/ ပိတ္လိုမရတဲ့ အက်ိးဆက္ေတြ မရွိႏိုင္ပါ၊ ဆိုလိုတာက အျပည့္အဖြင့္အပိတ္လုပ္တဲ့ ၂၀ % ေသာ အားစိုက္ထုတ္မႈေလးဟာ cease ျဖစ္ရင္ႀကဳံေတြ႕ရမယ့္ ၁၀၀% ရဲ႕ ၈၀% ကို ေျဖရွင္းၿပီးသားျဖစ္သြားပါမယ္။

Calling the Master – – –

Navigation ဟာ ဘယ္ေလာက္ အေရးႀကီးလဲ ဆိုတာ ေျပာေနဖိုေအာင္ မလိုပါဘူး၊ တခါတေလ တခ်ိ situation ေတြဟာ master ရဲ႕ အကူအညီမပါပဲ ေျဖရွင္းလိုမရတာေတြရွိတတ္ပါတယ္၊ ယခင္ part – 1 မွာေဆြးေႏြးတင္ျပဖူးတဲ့ “ကြၽန္ေတာ္တို အရာအားလုံး မသိေသးဘူးဆိုတာ လက္ခံရမယ္” ဆိုတဲ့ အတိုင္း တုံဆိုင္းမေနပါနဲ႔ ၊ မွန္ကန္တဲ့ အခ်ိန္မွာ master ကို bridge ေပၚ အေရာက္ေခၚႏိုင္ဖိုအေရးႀကီးပါတယ္၊ ေနာက္ဆုံး last minute မွ ေခၚရင္ေတာ့ master သည္ superhuman မဟုတ္၍ သူသည္လည္း ေျဖရွင္းဖို ခက္ခဲပါလိမ့္မယ္၊ တခ်ိတခ်ိေသာ master ေတြကို အခ်ိန္မေတာ္ ေခၚရတာဟာ ခက္ခဲပါတယ္ဆိုတဲ့ အခက္အခဲဟာ master ကို မေခၚလိုက္ျခင္းရဲ႕ ေနာက္ဆက္တြဲ အက်ိးဆက္ေတြေလာက္ ဆိုးႏိုင္ဖြယ္ရာမရွိပါ။

အခ်ဳပ္အားျဖင့္ ကြၽန္ေတာ္တိုေတြ Hard work နဲ႔ Smart work ကိုကြဲျပားျခင္းျဖင့္ ေအာင္ျမင္တဲ့သူေတြ ျဖစ္ပါေစလို ဆႏၵျပဳလိုက္ပါတယ္။

Corona virus ရန္ / ဒဏ္မွလည္း ႀကံ့ခိုင္ႏိုင္ၾကပါေစ။

 

Maritime Pro Training Hub