Knowledge roundtable – 34

Unicode

Knowledge roundtable 34

How to become a successful seafarer?
(Part – 1)

Cadet ဘဝ ပြီးလို Jr.Officer စ ဖြစ်တဲ့ independence watch ယူမယ့် 3rd Mate အနေနဲ့ ပထမဦးဆုံး သင်္ဘောပေါ် စတက်ရတဲ့ အချိန်ဟာ sailing career တလျှောက်မှာ အကြီးမားဆုံး စိန်ခေါ်မှုတရပ်ပါပဲ၊ အဲ့ဒီ အချိန်အပိုင်းခြားကနေပဲ နောင်တချိန် အဆိုး/အကောင်း Sr. Officer တစ်ယောက်ဖြစ်လာပါစေလိမ့်မယ်၊ Jr.Officer မတိုင်ခင်တုန်းက bridge watch ပဲဖြစ်ဖြစ်၊ deck watch ဖြစ်ဖြစ် ထိတွေ့ဖူးပြီးသားပါ၊ အဲ့ဒီ အချိန်အခါက under the guidance ပါ၊ ဒါပေမယ့် အခုလက်ရှိ ရောက်နေတဲ့ ရာထူးအဆင့် အနေနဲ့ကတော့ လုံးဝ ကွဲပြားခြားနား သွားပါပြီ

ဒါကြောင့်မို အောက်မှာ ဆွေးနွေးတင်ပြသွားမယ့် အကြောင်းအရာတွေက ကျွန်တော်တိုကို a successful seafarer ဖြစ်ဖို အထောက်အပံ့ကောင်းတွေ ဖြစ်ပါလိမ့်မယ်…

ကျွန်တော်တို အရာအားလုံး မသိသေးဘူးဆိုတာ လက်ခံရမယ် – – –

COC ကိုင်ထားပြီ ဆိုတာနဲ့ အရာအားလုံး သိသွားပြီ ဆိုတာမျိုး ဖြစ်တတ်ကြပါတယ်
တကယ်လို တခုခုကို သိထားပြီ ဆိုရင်တောင် အမြင်မတူတဲ့ တခြားရူ့ထောင့်ကနေ ကြည့် ကြည့်တတ်ဖိုလိုပါတယ်၊ ဒါ ကျွန်တော်တို ရှေ့ဆက်လျှောက်ရမယ့် သင်ယူမှုတွေထဲက ပထမဆုံး ခြေလှမ်းတရပ်ပါ၊
တခါတလေမှာ သိပ်သေချာပါတယ် ဆိုတာမျိုးတောင် အမှားဆိုတာမျိုး ဖြစ်လာတတ်သေးလိုပါ ၊ ဥပမာ – Snap back zone

ဒါလေးတောင် မသိဘူးလား… ဘယ်လိုလုပ်ပြီး စာမေးပွဲ အောင်လာခဲ့တာလဲ – – –

Fresher တစ်ယောက်အနေနဲ့ ကြားဖူးရလိမ့်မယ့် စကားတွေပါပဲ
ခေါက်ထားလိုက်ပါ၊ ဒီစကားရပ်တွေကြောင့် မိမိကိုယ်ကို ယုံကြည်မှုတွေမပျောက်ဆုံးပါစေနဲ့၊ ဘာဖြစ်လိုလဲဆို လူတိုင်းနီးပါး သူတိုလုပ်ငန်းအသီးသီးရဲ့ နယ်ပိုင်တိုင်းမှာ ကြားခဲ့ရတဲ့ အရာမိုပါ၊ (ပထမဦးဆုံး ၂ နဲ့ ၂ ပေါင်းခဲ့တဲ့ အချိန် နဲ့ ကားမောင်းတတ်လို ပထမဦးဆုံး ကားလမ်းမပေါ် တက်တဲ့ အချိန်တွေကို သတိရပါ)

မကောင်းတဲ့/မှားယွင်းတဲ့ စိတ်ခံစားမှု – – –

သင်္ဘောပေါ်မှာ အလုပ်လုပ်ရတာဟာ စိတ်ကျန်းမာရေးကို အတော့်ကို ထိခိုက်စေတတ်ပါတယ်…

ဖြစ်စေတတ်တဲ့ အကြောင်းအရာကတော့… မကောင်းတဲ့/မှားယွင်းတဲ့ စိတ်ခံစားမှုတွေကြောင့်ပါပဲ… ဘာတွေလဲ ဆိုတော့…

*စိတ်ပျက် အားလျော့ခြင်း
ရာထူးတိုးသင့်အချိန်မှာ ကြန့်ကြာနေမှု အပေါ်

*စိုးရိန်ပူပန်ခြင်း
အိမ်၊ သားမယား ၊ မိဘ ညီအကိုမောင်နှမအပေါ်

*ဒေါသထွက် ရန်လိုခြင်း
ကိုယ့်အထက် အရာရှိလူကြီးများရဲ့ ပြောဆိုဆက်ဆံမှုအပေါ်

*မပျော်မရွှင်ခြင်း
သင်္ဘောပတ်ဝန်းကျင် အပေါ်

*အလိုမကျခြင်း
အချိန်မှီ ဂျုတီ လာမလဲတာ တိုပါပဲ

ဒါတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ Jr.Officer ဘဝမှာကတည်းက သိပ်ကိုအရေးကြီးပါတယ် ၊ ဖြစ်လာသမျှအရာအားလုံးကို လက်ခံပေးလိုက်ရမယ်လို မဆိုလိုပါဘူး၊ ဒါပေမယ့် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ နည်းလမ်း ရှာတတ်ဖိုပဲ လိုပါတယ်၊ ပြောချင်တာက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို မထိခိုက်အောင် ဆင်ခြင်တုံတရားနဲ့ နေထိုင်ပြုမူဆက်ဆံတတ်ဖိုပါပဲ၊ ဒါဆိုရင်တော့ လေးစားထိုက်သူတစ်ယောက်ဖြစ်လာဖို လမ်းစပါပဲ။
(နောက် Knowledge roundtable တွေမှာ Resilience and dealing with depression အကြောင်းကို အသေးစိပ် ဆွေးနွေးတင်ပြသွားပါမယ်)

မေးခွန်းများများရှာတတ်ပါစေ – – –

ကျွန်တော်တိုအများစုဟာ အဖြေကိုပဲ စောင့်မျှော်နေလေ့ရှိပါတယ်၊ ဒါဟာသင်ယူမှုကို နှောင့်နှေးစေပါတယ်၊ အဖြေကိုသိဖိုရာထက် မှန်ကန်တဲ့ အမေး မေးတတ်ဖိုလိုပါတယ်၊ (စကားပြောစ ပတ်ဝန်းကျင်ကို လေ့လာစူစမ်းကြတဲ့ ကလေးသူငယ်တွေကို အမှတ်ရပါ)

ဒါကြောင့်မို သင်္ဘောပေါ်မှာ နေ့တိုင်းနေ့တိုင်း ကိုယ့် ကိုယ်ကို မေးခွန်းပြန်မေးတဲ့ အကျင့်လေးလုပ်ကြည့်ပါ… ဥပမာ ကမ်းဝင် ကမ်းထွက်တဲ့ အချိန်မှာ master နဲ့ pilot တိုရဲ့ အမိန့်ပေး လုပ်ဆောင်ချက်တွေ အပေါ် ဘယ်အချိန်မှာ ဘာကြောင့် ဒီလို လုပ်ကြသလဲဆိုတာ။မေးခွန်းရှိလို သိချင်လာလေ အဖြေကို အလွယ်တကူရှာတွေ့ လာလေပါပဲ၊ ဒီလိုနဲ့ပဲ သင်္ဘောပေါ်မှာ ရှိနေသမျှကာလပတ်လုံး မိမိ အသိပညာကို ဖြည့်တင်းနိုင်ပါစေ။

ဆက်ရန်___

စကားမစပ်
Corona virus ရန် / ဒဏ်မှ ကြံ့ခိုင်နိုင်ကြပါစေ

 

Zawgyi

 

Knowledge roundtable 34

How to become a successful seafarer?
(Part – 1)

Cadet ဘဝ ၿပီးလို Jr.Officer စ ျဖစ္တဲ့ independence watch ယူမယ့္ 3rd Mate အေနနဲ႔ ပထမဦးဆုံး သေဘၤာေပၚ စတက္ရတဲ့ အခ်ိန္ဟာ sailing career တေလွ်ာက္မွာ အႀကီးမားဆုံး စိန္ေခၚမႈတရပ္ပါပဲ၊ အဲ့ဒီ အခ်ိန္အပိုင္းျခားကေနပဲ ေနာင္တခ်ိန္ အဆိုး/အေကာင္း Sr. Officer တစ္ေယာက္ျဖစ္လာပါေစလိမ့္မယ္၊ Jr.Officer မတိုင္ခင္တုန္းက bridge watch ပဲျဖစ္ျဖစ္၊ deck watch ျဖစ္ျဖစ္ ထိေတြ႕ဖူးၿပီးသားပါ၊ အဲ့ဒီ အခ်ိန္အခါက under the guidance ပါ၊ ဒါေပမယ့္ အခုလက္ရွိ ေရာက္ေနတဲ့ ရာထူးအဆင့္ အေနနဲ႔ကေတာ့ လုံးဝ ကြဲျပားျခားနား သြားပါၿပီ

ဒါေၾကာင့္မို ေအာက္မွာ ေဆြးေႏြးတင္ျပသြားမယ့္ အေၾကာင္းအရာေတြက ကြၽန္ေတာ္တိုကို a successful seafarer ျဖစ္ဖို အေထာက္အပံ့ေကာင္းေတြ ျဖစ္ပါလိမ့္မယ္…

ကြၽန္ေတာ္တို အရာအားလုံး မသိေသးဘူးဆိုတာ လက္ခံရမယ္ – – –

COC ကိုင္ထားၿပီ ဆိုတာနဲ႔ အရာအားလုံး သိသြားၿပီ ဆိုတာမ်ိး ျဖစ္တတ္ၾကပါတယ္
တကယ္လို တခုခုကို သိထားၿပီ ဆိုရင္ေတာင္ အျမင္မတူတဲ့ တျခား႐ူ႕ေထာင့္ကေန ၾကည့္ ၾကည့္တတ္ဖိုလိုပါတယ္၊ ဒါ ကြၽန္ေတာ္တို ေရွ႕ဆက္ေလွ်ာက္ရမယ့္ သင္ယူမႈေတြထဲက ပထမဆုံး ေျခလွမ္းတရပ္ပါ၊
တခါတေလမွာ သိပ္ေသခ်ာပါတယ္ ဆိုတာမ်ိးေတာင္ အမွားဆိုတာမ်ိး ျဖစ္လာတတ္ေသးလိုပါ ၊ ဥပမာ – Snap back zone

ဒါေလးေတာင္ မသိဘူးလား… ဘယ္လိုလုပ္ၿပီး စာေမးပြဲ ေအာင္လာခဲ့တာလဲ – – –

Fresher တစ္ေယာက္အေနနဲ႔ ၾကားဖူးရလိမ့္မယ့္ စကားေတြပါပဲ
ေခါက္ထားလိုက္ပါ၊ ဒီစကားရပ္ေတြေၾကာင့္ မိမိကိုယ္ကို ယုံၾကည္မႈေတြမေပ်ာက္ဆုံးပါေစနဲ႔၊ ဘာျဖစ္လိုလဲဆို လူတိုင္းနီးပါး သူတိုလုပ္ငန္းအသီးသီးရဲ႕ နယ္ပိုင္တိုင္းမွာ ၾကားခဲ့ရတဲ့ အရာမိုပါ၊ (ပထမဦးဆုံး ၂ နဲ႔ ၂ ေပါင္းခဲ့တဲ့ အခ်ိန္ နဲ႔ ကားေမာင္းတတ္လို ပထမဦးဆုံး ကားလမ္းမေပၚ တက္တဲ့ အခ်ိန္ေတြကို သတိရပါ)

မေကာင္းတဲ့/မွားယြင္းတဲ့ စိတ္ခံစားမႈ – – –

သေဘၤာေပၚမွာ အလုပ္လုပ္ရတာဟာ စိတ္က်န္းမာေရးကို အေတာ့္ကို ထိခိုက္ေစတတ္ပါတယ္…

ျဖစ္ေစတတ္တဲ့ အေၾကာင္းအရာကေတာ့… မေကာင္းတဲ့/မွားယြင္းတဲ့ စိတ္ခံစားမႈေတြေၾကာင့္ပါပဲ… ဘာေတြလဲ ဆိုေတာ့…

*စိတ္ပ်က္ အားေလ်ာ့ျခင္း
ရာထူးတိုးသင့္အခ်ိန္မွာ ၾကန္႔ၾကာေနမႈ အေပၚ

*စိုးရိန္ပူပန္ျခင္း
အိမ္၊ သားမယား ၊ မိဘ ညီအကိုေမာင္ႏွမအေပၚ

*ေဒါသထြက္ ရန္လိုျခင္း
ကိုယ့္အထက္ အရာရွိလူႀကီးမ်ားရဲ႕ ေျပာဆိုဆက္ဆံမႈအေပၚ

*မေပ်ာ္မ႐ႊင္ျခင္း
သေဘၤာပတ္ဝန္းက်င္ အေပၚ

*အလိုမက်ျခင္း
အခ်ိန္မွီ ဂ်ဳတီ လာမလဲတာ တိုပါပဲ

ဒါေတြကို ဘယ္လို စီမံခန္႔ခြဲမလဲဆိုတာ Jr.Officer ဘဝမွာကတည္းက သိပ္ကိုအေရးႀကီးပါတယ္ ၊ ျဖစ္လာသမွ်အရာအားလုံးကို လက္ခံေပးလိုက္ရမယ္လို မဆိုလိုပါဘူး၊ ဒါေပမယ့္ ဘယ္လို ကိုင္တြယ္ေျဖရွင္းမလဲ ဆိုတာ နည္းလမ္း ရွာတတ္ဖိုပဲ လိုပါတယ္၊ ေျပာခ်င္တာက ကိုယ့္ရဲ႕ စိတ္က်န္းမာေရးကို မထိခိုက္ေအာင္ ဆင္ျခင္တုံတရားနဲ႔ ေနထိုင္ျပဳမူဆက္ဆံတတ္ဖိုပါပဲ၊ ဒါဆိုရင္ေတာ့ ေလးစားထိုက္သူတစ္ေယာက္ျဖစ္လာဖို လမ္းစပါပဲ။
(ေနာက္ Knowledge roundtable ေတြမွာ Resilience and dealing with depression အေၾကာင္းကို အေသးစိပ္ ေဆြးေႏြးတင္ျပသြားပါမယ္)

ေမးခြန္းမ်ားမ်ားရွာတတ္ပါေစ – – –

ကြၽန္ေတာ္တိုအမ်ားစုဟာ အေျဖကိုပဲ ေစာင့္ေမွ်ာ္ေနေလ့ရွိပါတယ္၊ ဒါဟာသင္ယူမႈကို ေႏွာင့္ေႏွးေစပါတယ္၊ အေျဖကိုသိဖိုရာထက္ မွန္ကန္တဲ့ အေမး ေမးတတ္ဖိုလိုပါတယ္၊ (စကားေျပာစ ပတ္ဝန္းက်င္ကို ေလ့လာစူစမ္းၾကတဲ့ ကေလးသူငယ္ေတြကို အမွတ္ရပါ)

ဒါေၾကာင့္မို သေဘၤာေပၚမွာ ေန႔တိုင္းေန႔တိုင္း ကိုယ့္ ကိုယ္ကို ေမးခြန္းျပန္ေမးတဲ့ အက်င့္ေလးလုပ္ၾကည့္ပါ… ဥပမာ ကမ္းဝင္ ကမ္းထြက္တဲ့ အခ်ိန္မွာ master နဲ႔ pilot တိုရဲ႕ အမိန္႔ေပး လုပ္ေဆာင္ခ်က္ေတြ အေပၚ ဘယ္အခ်ိန္မွာ ဘာေၾကာင့္ ဒီလို လုပ္ၾကသလဲဆိုတာ။ေမးခြန္းရွိလို သိခ်င္လာေလ အေျဖကို အလြယ္တကူရွာေတြ႕ လာေလပါပဲ၊ ဒီလိုနဲ႔ပဲ သေဘၤာေပၚမွာ ရွိေနသမွ်ကာလပတ္လုံး မိမိ အသိပညာကို ျဖည့္တင္းႏိုင္ပါေစ။

ဆက္ရန္___

စကားမစပ္
Corona virus ရန္ / ဒဏ္မွ ႀကံ့ခိုင္ႏိုင္ၾကပါေစ

Maritime Pro Training Hub