Knowledge roundtable – 33

Unicode

Knowledge roundtable – 33

ဒီတခေါက် Knowledge roundtable မှာတော့ …
Engine room ထဲမှာ ရှိတဲ့ … Portable foam applicator အကြောင်းလေး ဆွေးနွေးကြရအောင် …

ဆက်မဖတ်ခင် … ကိုယ် ကို ကိုယ် Self assessment လုပ်ကြည့်ရအောင် …
အရင်ဖြေကြည့်ပါ …

၁၊ ဘယ်နေရာမှာ ရှိတာလဲ
၂၊ Portable foam applicator unit လိုပြောရင် … ဘာပစ္စည်းတွေ ပါ၀င်ရမှာလဲ
၃၊ Maintenance အတွက် ဘာတွေ စစ်ရမှာလဲ
၄၊ ဘယ်လို Test တွေ လုပ်ရမှာလဲ
၅၊ ဘယ်လိုသုံးမှာလဲ

၁၊ ဘယ်နေရာမှာ ရှိတာလဲ

Engine room ရဲ့ Boiler flat နားမှာ ရှိရပါမယ် … Fire control plan မှာလဲ ရှာကြည့်ပါ

၂၊ Portable foam applicator unit လိုပြောရင် … ဘာပစ္စည်းတွေ ပါ၀င်ရမှာလဲ

# Portable Foam nozzle with tube (inductor type)- One
ပုံမှာကြည့်ရင် Nozzle ရဲ့ အောက်မှာ … ပိုက်သေးတခု တွဲလျှက် ပါနေတာကို … ပြောတာပါ
အဲဒီ ပိုက်သေးက … Foam concentrate ပုံးထဲကို … ထည့်ထားရမှာ ဖြစ်ပီးတော့ …
Coupling က Fire hose ရဲ့ Coupling ကို … ဆက်ရမှာ ဖြစ်ပါတယ် …

# Foam concentrate (foam forming liquid) in container (at least 20 liters)- One

# Spare Foam concentrate (foam forming liquid) in container (at least 20 liters) – One
ဆိုလိုတာက 20 L ပုံး ၂ ပုံး ရှိရပါမယ် …
Administration က approve လုပ်ထားတဲ့ Approved type ဖြစ်ရပါမယ် …

၃၊ Maintenance အတွက် ဘာတွေ စစ်ရမှာလဲ
Monthly inspection လုပ်ရပါမယ် … FFA maintenance record ထဲမှာ … record လုပ်ထားရပါမယ် …

Portable foam applicator unit တခုလုံးဟာ Ready for immediate use ဖြစ်နေရပါမယ် …
Portable Foam nozzle with tube နဲ့ Foam concentrate (foam forming liquid) 20 L ပုံး ၂ ပုံး ထည့်ထားတဲ့ … box ထဲမှာ ရှိမရှိ နဲ့ Portable foam applicator ဆိုတဲ့ Marking ရှိမရှိ စစ်ဆေးပေးပါ …

ဒါ့အပြင် IMO symbol ရှိမရှိ နဲ့ symbol condition ကိုလဲ … စစ်ရမှာဖြစ်ပါတယ် …

Foam concentrate ထည့်ထားတဲ့ container marking မှာလဲ အောက်မှာ ပြောထားတဲ့ အချက်တွေ ပါ မပါ စစ်ဆေးကြရမှာပါ …

.1 name and address of manufacturer;
.2 product designation;
.3 type of foam (synthetic, protein-based, etc.);
.4 intended use (regular or alcohol-resistant);
.5 batch number and reference to batch certificate;
.6 date of manufacture;
.7 expirydate;
.8 reference to test standard and approvals;
.9 recommended usage concentration;
.10 indication if seawater compatible;
.11 maximum and minimum storage temperature;
.12 required onboard storage tank materials (steel, stainless steel, FRP, etc.);
.13 quantity of foam concentrate;
.14 indication of film forming capability; and
.15 safety, health and environmental information.

Foam concentrate ကို supply လုပ်တဲ့ အချိန်မှာ … Batch certificate ပါ ပါတယ် …
Certificate ထဲမှာ … main characteristics တွေဖြစ်တဲ့ … sedimentation, pH value, expansion ratio, drainage time နဲ့ volumetric mass တွေ ပါရပါမယ်

Foam concentrate တွေရဲ့ Periodic Test certificate တွေကိုလဲ … box ထဲမှာ copy ထည့်ထားပေးရင်… ပိုကောင်းပါတယ် … PSC inspector တွေက တောင်းကြည့်တတ်လိုပါ …

၄၊ ဘယ်လို Test တွေ လုပ်ရမှာလဲ

Foam concentrate တွေဟာ Engine room ရဲ့ အပူချိန်အောက်မှာ အမြဲရှိနေတာကတကြောင်း … Contamination ဖြစ်နိုင်တာကတကြောင်းမို … သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် … အရည်အသွေးကျဆင်းနိုင်ပါတယ် …

သဘောင်္ပေါ်မှာ … supply လုပ်ပြီး ၃နှစ် အကြာမှာ ပထမဆုံး Lab ကိုပိုပြီး … Test လုပ်ရပါမယ် …
ဒီ Test ပြီးသွားရင်တော့ … နှစ်စဉ် Test လုပ်ရပါမယ် …
သတ်မှတ်ထားတဲ့ Expiry date မှာတော့ … အသစ်လဲလှယ်ရပါမယ် …

၅၊ ဘယ်လိုသုံးမှာလဲ

ပုံမှာပြထားသလိုဘဲ Nozzle နဲ့အတူ ပိုက်အသေးတခု တွဲလျက်ပါတယ် …
အဲဒီ ပိုက်အသေးကို … Foam concentrate ပုံးထဲ ထည့်ရပါမယ် …
Nozzle ရဲ့ coupling ကို ရိုးရိုး fire hose nozzle နဲ့ fire hose ဆက်သလိုဘဲ ဆက်ပြီး သုံးနိုင်ပါတယ် … fire hydrants ကထွက်လာတဲ့ ရေနဲ့ foam liquid ပေါင်းသွားပြီး … မီးသတ်နိ်င်ဖို အတွက် … foam solution ထွက်လာမှာပါ …

မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …

Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …

 

Zawgyi

 

 

 

 

 

 

Maritime Pro Training Hub