Knowledge roundtable 26

Knowledge roundtable 26

Anchor Dragging

ကျွန်တော့်တို တော်တော်များများဟာ သင်္ဘော Anchorage မှာဆို relax ဖြစ်လေ့ရှိပါတယ်

တကယ်တမ်း wind speed များလာရင်၊ ကိုယ့် အနီးအနားမှာရှိတဲ့ သင်္ဘော တစ်စီး ဒါမှမဟုတ် ကိုယ့် သင်္ဘောကိုယ်တိုင် ကျောက်မျော နေမယ် ဆိုရင်တော့ စောစောက သာတောင့်သာယာ အချိန်လေးတွေဟာ ကပြောင်းကပြန် ဖြစ်လိုသွားမှာပါ

တကယ်လိုသာ ကျောက်မျောမှာကို early detection လုပ်နိုင်ခဲ့ရင်…

Keeping a good anchor watch ဆိုတာကို ကျွန်တော်တို ဘယ်လိုနားလည်ကြသလဲ…
အဓိကအကျဆုံးသောအခြေခံသဘောတရားကတော့ သင်္ဘောရဲ့ anchor position ကိုသိနေဖိုပါပဲ။

OOW အနေနဲ့ “let go anchor” time နဲ့ position ကို movement book ထဲမှာ ရေးမှတ်သလို
GPS မှာ MOB button ကို press လုပ်ခြင်းဖြင့်လည်း Waypoint တစ်ခု နာမည်နဲ့ save လုပ်နိုင်ပါတယ်၊

(ဒီနေရာမှာ deep water anchoring အကြောင်းကိုတော့ နောက် Knowledge roundtable တွေမှာ တင်ပြသွားပါ့မယ်)

Anchor position သိပြီးပြီ ဆိုရင်တော့ swinging circle သိဖိုလိုပါပြီ
အကယ်၍ ကျောက်မြဲနေမယ်ဆိုရင် ဘယ် direction နဲ့ပဲမဆို သင်္ဘော swing နေပါစေ
swinging circle ရဲ့ အပြင်ကိုမရောက်နိုင်ပါ၊ အလားတူ swinging circle ရဲ့ အပြင်ကို ရောက်နေပြီဆိုရင်လည်း ကျောက်မျော နေပြီဆိုတာကို သတိပြုရပါ့မယ်

Swinging circle ကို ဘယ်လိုရမလဲ…

(ဒီနေရာမှာ Pythagorean’s theory ကို ခဏ ထားပါ)
Approximately အနေဖြင့်..
distance from ship’s wheelhouse to forecastle + length of the anchor chain paid
ဥပမာ..
distance from ship’s wheelhouse to forecastle = 200 meters
length of the anchor chain paid = 6 shackles (27.5 x 6)meters
Swinging circle = 200 + 165 = 365 meters
365 meters ကို Nautical Mile ဖွဲမယ်ဆို 365 / 1852 = 0.197 NM

Anchor alarm ရဲ့ အရေးပါပုံ…

၁နာရီတခါ fixed object များကို visual / radar ဖြင့် two bearing & distance သုံပြီး anchor position အား check လုပ်တဲ့အခါမှာ ကျောက်မျောနေပြီဆိုရင်တော့ တော်တော်
အသိနောက်ကျနေပါပြီ

!!! ANCHOR ALARM !!!

ဟုတ်ပါတယ်.. အဲ့ဒီ anchor alarm ကပဲ ကျွန်တော်တိုကို early warning ပေးမှာပါ

Alarm ကို setting လုပ်ရာမှာ GPS / ECDIS တခုနဲ့ တခု မတူနိုင်ပေမယ့် စောစောက MOB position save လုပ်ထားတဲ့ WP ကနေ alarm setting ရဲ့ range ကို 0.197 NM အား feed လုပ်ပါ၊
ဒီနေရာမှာအဓိက highlight လုပ်ချင်တာက ကိုယ် set လုပ်ထားတဲ့ alarm တကယ်ပဲ activate ဖြစ်လား မဖြစ်လားဆိုတာသိဖို test လုပ်ဖိုလိုပါတယ်၊
0.197 အစား lesser value ဖြစ်တဲ့ 0.100 ဆိုတာမျိုး အရင်ဆုံးထည့်ပြီး test လုပ်စေချင်ပါတယ်၊ actual 0.197 NM ကိုပြန်ပြောင်းဖိုအတွက်ကို မမေ့ပါနဲ့ဦး၊
ECDIS ပေါ်မှာတော့ anchor watch ကနေ alarm setting လုပ်လိုပါတယ်..

တချို ECDIS တွေက visual alarm သာ ပေးပြီး auditable alarm မပေးဘူးဆိုတာ
သတိချပ်စေချင်ပါတယ်၊

အချုပ်အားဖြင့် Maritime Pro က စာဖတ်သူတွေကို ပေးချင်တာကတော့
Anchor မှာပဲဖြစ်ဖြစ် Manoeuvring မှာပဲဖြစ်ဖြစ် မိမိသင်္ဘော ဘယ်မှာရှိတယ်၊
ဘယ်ရောက်နေပြီလဲ ဆိုတာသိဖိုကား အရေးကြီးဆုံးပါပဲဆိုတာ ပြောပြလိုက်ပါရစေ…

 

Zawgyi

 

Knowledge roundtable 26

Anchor Dragging

ကြၽန္ေတာ့္တို ေတာ္ေတာ္မ်ားမ်ားဟာ သေဘၤာ Anchorage မွာဆို relax ျဖစ္ေလ့ရွိပါတယ္

တကယ္တမ္း wind speed မ်ားလာရင္၊ ကိုယ့္ အနီးအနားမွာရွိတဲ့ သေဘၤာ တစ္စီး ဒါမွမဟုတ္ ကိုယ့္ သေဘၤာကိုယ္တိုင္ ေက်ာက္ေမ်ာ ေနမယ္ ဆိုရင္ေတာ့ ေစာေစာက သာေတာင့္သာယာ အခ်ိန္ေလးေတြဟာ ကေျပာင္းကျပန္ ျဖစ္လိုသြားမွာပါ

တကယ္လိုသာ ေက်ာက္ေမ်ာမွာကို early detection လုပ္ႏိုင္ခဲ့ရင္…

Keeping a good anchor watch ဆိုတာကို ကြၽန္ေတာ္တို ဘယ္လိုနားလည္ၾကသလဲ…
အဓိကအက်ဆုံးေသာအေျခခံသေဘာတရားကေတာ့ သေဘၤာရဲ႕ anchor position ကိုသိေနဖိုပါပဲ။

OOW အေနနဲ႔ “let go anchor” time နဲ႔ position ကို movement book ထဲမွာ ေရးမွတ္သလို
GPS မွာ MOB button ကို press လုပ္ျခင္းျဖင့္လည္း Waypoint တစ္ခု နာမည္နဲ႔ save လုပ္ႏိုင္ပါတယ္၊

(ဒီေနရာမွာ deep water anchoring အေၾကာင္းကိုေတာ့ ေနာက္ Knowledge roundtable ေတြမွာ တင္ျပသြားပါ့မယ္)

Anchor position သိၿပီးၿပီ ဆိုရင္ေတာ့ swinging circle သိဖိုလိုပါၿပီ
အကယ္၍ ေက်ာက္ၿမဲေနမယ္ဆိုရင္ ဘယ္ direction နဲ႔ပဲမဆို သေဘၤာ swing ေနပါေစ
swinging circle ရဲ႕ အျပင္ကိုမေရာက္ႏိုင္ပါ၊ အလားတူ swinging circle ရဲ႕ အျပင္ကို ေရာက္ေနၿပီဆိုရင္လည္း ေက်ာက္ေမ်ာ ေနၿပီဆိုတာကို သတိျပဳရပါ့မယ္

Swinging circle ကို ဘယ္လိုရမလဲ…

(ဒီေနရာမွာ Pythagorean’s theory ကို ခဏ ထားပါ)
Approximately အေနျဖင့္..
distance from ship’s wheelhouse to forecastle + length of the anchor chain paid
ဥပမာ..
distance from ship’s wheelhouse to forecastle = 200 meters
length of the anchor chain paid = 6 shackles (27.5 x 6)meters
Swinging circle = 200 + 165 = 365 meters
365 meters ကို Nautical Mile ဖြဲမယ္ဆို 365 / 1852 = 0.197 NM

Anchor alarm ရဲ႕ အေရးပါပုံ…

၁နာရီတခါ fixed object မ်ားကို visual / radar ျဖင့္ two bearing & distance သုံၿပီး anchor position အား check လုပ္တဲ့အခါမွာ ေက်ာက္ေမ်ာေနၿပီဆိုရင္ေတာ့ ေတာ္ေတာ္
အသိေနာက္က်ေနပါၿပီ

!!! ANCHOR ALARM !!!

ဟုတ္ပါတယ္.. အဲ့ဒီ anchor alarm ကပဲ ကြၽန္ေတာ္တိုကို early warning ေပးမွာပါ

Alarm ကို setting လုပ္ရာမွာ GPS / ECDIS တခုနဲ႔ တခု မတူႏိုင္ေပမယ့္ ေစာေစာက MOB position save လုပ္ထားတဲ့ WP ကေန alarm setting ရဲ႕ range ကို 0.197 NM အား feed လုပ္ပါ၊
ဒီေနရာမွာအဓိက highlight လုပ္ခ်င္တာက ကိုယ္ set လုပ္ထားတဲ့ alarm တကယ္ပဲ activate ျဖစ္လား မျဖစ္လားဆိုတာသိဖို test လုပ္ဖိုလိုပါတယ္၊
0.197 အစား lesser value ျဖစ္တဲ့ 0.100 ဆိုတာမ်ိး အရင္ဆုံးထည့္ၿပီး test လုပ္ေစခ်င္ပါတယ္၊ actual 0.197 NM ကိုျပန္ေျပာင္းဖိုအတြက္ကို မေမ့ပါနဲ႔ဦး၊
ECDIS ေပၚမွာေတာ့ anchor watch ကေန alarm setting လုပ္လိုပါတယ္..

တခ်ိ ECDIS ေတြက visual alarm သာ ေပးၿပီး auditable alarm မေပးဘူးဆိုတာ
သတိခ်ပ္ေစခ်င္ပါတယ္၊

အခ်ဳပ္အားျဖင့္ Maritime Pro က စာဖတ္သူေတြကို ေပးခ်င္တာကေတာ့
Anchor မွာပဲျဖစ္ျဖစ္ Manoeuvring မွာပဲျဖစ္ျဖစ္ မိမိသေဘၤာ ဘယ္မွာရွိတယ္၊
ဘယ္ေရာက္ေနၿပီလဲ ဆိုတာသိဖိုကား အေရးႀကီးဆုံးပါပဲဆိုတာ ေျပာျပလိုက္ပါရေစ…

Maritime Pro Training Hub