Knowledge roundtable – 23

Unicode

Knowledge roundtable 23

PASSAGE PLANNING

Passage Plan တစ်ခုကို သုံးသပ်ရေးဆွဲရာမှာ company’s SMS တင်မက
မြောက်များလှစွာသော publication တွေဆီက လုံလောက်တဲ့ informations နဲ့
guideline တွေရနိုင်ပါလိမ့်မယ်၊

ဒီတခါ Maritime Pro ကနေ sharing လုပ်ချင်တာက
Passage plan တစ်ခုရဲ့ initial stage မှာ လိုအပ်တဲ့ information တွေကို
ဘယ်လို collecting လုပ်မလဲဆိုတာပါပဲ

General guidelines အနေနဲ့ IMO က resolution A.893(21) ထုတ်ပြန်ပေးထားပါတယ်

Passage တခုကို planning လုပ်တော့မယ်ဆို အောက်ဖေါ်ပြပါ အချက် ၄ ချက်ကို
ထည့်သွင်း စဉ်းစား ဖိုလိုပါမယ်

* Appraisal , Gather all information related to voyage
* Planning , Lay out the voyage
* Execution , Execute, review, change if required
* Monitor , Monitor the passage plan by all available resources

ပထမဦးဆုံးအနေနဲ့
Voyage တစ်ခုလုံးမှာ ရှိမယ့် ကိုယ့်သင်္ဘောရဲ့ draft ၊ ရှိနေမယ့်minimum depth ၊
passage တလျှောက်မှာ reporting လုပ်ရမယ့် လိုအပ်ချက်များ နဲ့ ရှောင်ရှားရမယ့်
နေရာများ၊ အသုံးပြုနိုင်မယ့် / အသုံးပြုဖို လိုတဲ့ deep water route များ စသည်
အချက်တိုကို စုဆောင်းထားမယ် ဆိုရင် Passage plan တခုကို လွယ်လွယ်ကူကူ
ရေးဆွဲ နိုင်ပါလိမ့်မယ်။

ဒါ့အပြင်…

1. Ocean passage of the world
ဒီ publication အနေနဲ့ sense of direction ကို ပေးပါလိမ့်မယ်
ဆိုလိုတာက ကိုယ်သွားမယ့် port ၂ port ကြားမှာ reference လုပ်နိုင်အောင် ထင်ရှားတဲ့ အမှတ်အသားများကို Lat / Long ဖြင့်တကွ ဖေါ်ပြပေးထားသလို စုစုပေါင်း distance ကို
အကြမ်းဖျဉ်း ဖေါ်ပြပေးထားပါတယ်။

2. Ship’s Routeing
ဒီတစ်အုပ်မှာ ပါတဲ့ section တွေကို လေ့လာကြည့်ရင် ဘယ်လောက်ထိ အသုံးဝင်မလဲ
ဆိုတာ သိမြင်ပါလိမ့်မယ်
Part A: General provisions on ship’s routeing
Part B: Traffic separation schemes and inshore traffic zones
Part C: Deep water routes
Part D: Areas to be avoided
Part E: Other routeing measures
Part F: Associated rules and recommendations on Navigation
Part G: Mandatory Ship reporting systems, mandatory routeing systems and mandatory no anchoring areas
Part H: Adoption, designation and substitution of archipelagic sea lanes

3. Paper charts or ENCs
Passage ကို plan လုပ်ရမှာ မရှိမဖြစ်ပါ ၊
တချို Company တွေက ENC provider အမျိုးမျိုးထဲမှ Navtor သိုမဟုတ် Chartco တိုကို
ordering အတွက် အသုံးများပါတယ်
Paper chart ကို အသုံးပြုရင်တော့ Chart Catalogue ကနေ port area ပါတဲ့ small scale chart ကနေ planning လုပ်ရင် ကောင်းပါတယ်။

4. Sailing Direction (Pilot Book)
ဒီpublication ကတော့ local waterways, coastal, ဆိပ်ကမ်း သိုမဟုတ် ကမ်း အနီးအနားမှာ ရှိတဲ့ inshore / offshore area မှာရှိတဲ့ information တွေကို ပေးမှာ ဖြစ်ပါတယ်
Sailing direction cover ဖြစ်မယ့် area တွေကို chat catalogue မှာ လွယ်လင့်တကူ
ရှာတွေ့နိုင်ပါတယ်။

5. Admiralty list of Radio Singles
Communication နဲ့ပတ်သက်တဲ့ information တွေကို vol. 1 to 6 ကနေရရှိပါလိမ့်မယ်
ALRS Volume 1 (NP 281): Maritime Radio stations
ALRS Volume 2 (NP 282): Radio Aids to Navigation, DGPS, Legal time, Radio time signals and electronic position fixing systems
ALRS Volume 3 (NP 283): Maritime safety information services
ALRS Volume 4 (NP 284): Meteorological Observation Stations
ALRS Volume 5 (NP 285): Global Maritime Distress and Safety System (GMDSS)
ALRS Volume 6 (NP 286): Pilot Services, Vessel Traffic and Port Operations

ဥပမာ။ Vol.3 ကနေ NAVTEX Station ၊ Navarea coordinator တိုကို လည်းကောင်း
Vol.4 ကနေ Meteorological Observation Station တိုကို လည်းကောင်း
Vol.6 ကနေ Reporting requirement information တိုကို လည်းကောင်း ရရှိမှာ
ဖြစ်ပါတယ်။

6. Guide to port entry
Port name သိရုံနဲ့ သင်္ဘော ရောက်ရှိမယ် port / terminal ရဲ့ အကြောင်းကို အသေးစိတ်ပေးပါလိမ့်မယ်။

7. Company SMS manuals
Company’s requirements တွေကို passage plan ထဲမှာ corporate လုပ်ရဦးမှာ ဖြစ်ပါတယ်၊ ဘယ်လို requirement တွေလဲဆို …

* UKC policy of the company
* Set up of Abort point & wheel over point
* Minimum distance to keep from navigational dangers
* Company specific Reporting requirements for passing through some key areas
* Reporting to Hull insurance for passing through the high risk areas such as Gulf of Aden

8. Other publications
နောက်ဆုံး အဆင့်အနေဖြင့်
* Admiralty tide table
* Admiralty list of lights
* Mariner’s handbook တိုကို

UKC calculation အတွက် လည်းကောင်း ၊ terms and resources အတွက် explanation လုပ်ရာတွင် လည်းကောင်း အသုံးချနိုင်ပါတယ်။

အချုပ်အားဖြင့် ကောင်းတဲ့ အလေ့အထ တစ်ခုကတော့ ကိုယ် စုစည်းရရှိထားတဲ့ data တွေကို note ထုတ်ပြီး passage plan ထဲ ထည့်သွင်းအသုံးချရမှာ ဖြစ်ပါတယ်၊

Data တွေနဲ့ ပြည့်နှက်နေတဲ့ passage plan ကောင်းတစ်ခုကို ရေးဆွဲထားရမှာဟာ Navigator တစ်ယောက်ရဲ့ တာဝန်ပဲဆိုတာ ဖေါ်ပြလိုက်ရပါတယ်

 

 

Zawgyi

 

Knowledge roundtable 23

PASSAGE PLANNING




ထည့်သွင်း စဉ်းစား ဖို့လိုပါမယ်


ပထမဦးဆုံးအနေနဲ့
နေရာများ၊ အသုံးပြုနိုင်မယ့် / အသုံးပြုဖို့ လိုတဲ့ deep water route များ စသည်
အချက်တို့ကို စုဆောင်းထားမယ် ဆိုရင် Passage plan တခုကို လွယ်လွယ်ကူကူ

ဒါ့အပြင်…


2. Ship’s Routeing

3. Paper charts or ENCs
တချိ့ Company တွေက ENC provider အမျိးမျိးထဲမှ Navtor သို့မဟုတ် Chartco တို့ကို

ဒီpublication ကတော့ local waterways, coastal, ဆိပ်ကမ်း သို့မဟုတ် ကမ်း အနီးအနားမှာ ရှိတဲ့ inshore / offshore area မှာရှိတဲ့ information တွေကို ပေးမှာ ဖြစ်ပါတယ်
ရှာတွေ့နိုင်ပါတယ်။


ဥပမာ။ Vol.3 ကနေ NAVTEX Station ၊ Navarea coordinator တို့ကို လည်းကောင်း
Vol.4 ကနေ Meteorological Observation Station တို့ကို လည်းကောင်း
Vol.6 ကနေ Reporting requirement information တို့ကို လည်းကောင်း ရရှိမှာ
ဖြစ်ပါတယ်။

6. Guide to port entry

7. Company SMS manuals


8. Other publications
* Admiralty tide table
* Mariner’s handbook တို့ကို




 

 

Maritime Pro Training Hub