Unicode
Knowledge Roundtable 19
အရင် Knowledge Roundtable တွေတုန်းက … PSC / FSC inspection ပြီးရင် … PSC / FSC Officer က … Form A နဲ့ Form B ကို Master ကို ထုတ်ပေးကြောင်း ဆွေးနွေးခဲ့ကြပါတယ် …
ခုတခေါက်တော့ … Detention အကြောင်း ဆွေးနွေးကြရအောင် … … …
✅ မမိ သဘောင်္ Detain ဖြစ်ရင် ဘာလုပ်မလဲ
Port State Control Officer ( PSCO) က Serious deficiencies တွေ ကြောင့် သဘောင်္ကို detain လုပ်မယ်ဆိုရင် … Master ကို Notice of detention ထုတ်ပေးပါလိမ့်မယ် …
PSCO ဟာ သဘောင်္ရဲ့ Flag ကိုလည်း … အကြောင်းကြားပါလိမ့်မယ် …
ဒါကြောင့် Master ဟာ မိမိ သဘောင်္ detain လုပ်ခံရကြောင်းကို … company နဲ့ Flag state ကို Company procedure အရ အကြောင်းကြားဘို … အရေးကြီးပါတယ် …
တကယ်လို Master/company က သဘောင်္ကို … Detain လုပ်ခြင်းဟာ Reasonable မဖြစ်ဘူးလို … ယူဆရင် Company က PSC ကို appeal notice ပိုလိုရပါတယ် …
PSC မတူလို Official appeal procedures လဲ တူမှာ မဟုတ်ပါဘူး … Procedure ကိုတော့ port agent တွေကတဆင့် … ဒါမှမဟုတ် သူတိုရဲ့ သက်ဆိုင်ရာ Website တွေမှာ … ရနိုင်ပါတယ် …
Master/company က PSC ကို တိုက်ရိုက် Appeal မလုပ်ချင်ဘူးဆိုရင် … Flag state ကတဆင့် အကြောင်းကြားလို …ရပါတယ်
✅ Detention deficiencies တွေကို … ဘယ်လို Close Out လုပ်ကြမလဲ …
ဒီနေရာမှာ PSCO က ပေးထားတဲ့ deficiency ကို သေချာ နားလည်ဘို လိုလာပါပြီ …
Close out လုပ်တဲ့ အခါ … တတ်နိုင်သလောက် minimum delay ဖြစ်အောင် … လုပ်ရမှာမို ပါ
ဥပမာ deficiency related to MARPOL ဆိုပါစို …
deficiency ဟာ defective equipment အတွက်လား …
certification or documentation အတွက်လား … ဆိုတာသိဘို လိုပါတယ်
ဒါမှ အချိန်ကုန် လူပန်း မဖြစ်မှာပါ …
deficiency code တွေကို … သေချာ နားလည်အောင် လုပ်ထားသင့်ပါတယ် …
PSCO ဟာ Detain လုပ်ထားတာဖြစ်လို သဘောင်္က … rectify လုပ်ထားတာတွေကို … ပြန်လာစစ်ပြီး ကျေနပ်မှ … detention order ကို ဖြုတ်ပေးပါလိမ့်မယ် …
✅ မမိ သဘောင်္ပေါ် က လိုအပ်တဲ့ Equipments တွေ မကောင်းဘူး ၊ အလုပ်မလုပ်ဘူး ဆိုရင် ဘာလုပ်မလဲ …
တတ်နိုင်သမျှ … ဆိပ်ကမ်းမရောက်ခင် ကောင်းအောင် ပြင်ပါ …
မရတော့ ဘူးဆိုရင်တော့ … Flag Administration ကို အကြောင်းကြားပါ … Flag Administration က စစ်ဆေးပြီး … Dispensation Letter ထုတ်ပေးပါလိမ့်မယ် … ဒါဆိုရင် PSC inspector ကိုပြလိုရပြီပေါ့ …
✅ မမိ သဘောင်္ကို PSC Detentions ဖြစ်နိုင်ချေလျှော့အောင် ဘာတွေ ပြင်ဆင်ကြမလဲ …
Company တွေ တော်တော်များများမှာ … Pre-Port arrival check list / Guide ဆိုပြီးရှိကြပါတယ် …
အရမ်းကောင်းတဲ့ ပြင်ဆင်မှုပါ … ဆိပ်ကမ်းမရောက်ခင် သေသေချာချာ စစ်ဆေးထားနိုင်ရင် …
PSC Detentions ဖြစ်နိုင်ချေ နဲပါလိမ့်မယ် …
ISM Requirement ဖြစ်တဲ့ … Company’s Safety Management System (SMS) ကို သေချာ implement လုပ်ထားန်ိင်ရင် … PSC Detentions ဖြစ်နိုင်ချေ နဲပါလိမ့်မယ် …
Inspection မလုပ်ခင် PSCO က Opening meeting လုပ်ရင် … Master ကို သဘောင်္ပေါ်မှာ … Known Defects ရှိမရှိ ပြောခွင့်ပေးပါတယ် …
Master က PSCO ကို Known Defects ရှိခဲ့ရင် … ရှိကြောင်းနဲ့ … ဘယ်လို Remedial action တွေ Repair နဲ့ Corrective action တွေ ယူထားကြောင်း Flag ရဲ့ Dispensation Letter အကြောင်း စသည်ဖြင့် ပြောပြထားသင့်တယ်လို ဆိုပါတယ် …
ဒါကို ကျွန်တော်တို တော်တော်များများက … PSCO မသိနိုင်အောင် ဖွက်ထားဘို … ကြိုးစားကြပါတယ် … မှားနေတဲ့ အတွေးကြောင့် PSCO ရဲ့ အမြင်မှာ … Ship staff တွေဟာ မရိုးသား လိမ်လည်ဘို ကြိုးစားသူများလို … မြင်သွားနိုင်ပါတယ် …
မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …
Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …
Zawgyi
Knowledge Roundtable 19
ISM Requirement ဖြစ်တဲ့ … Company’s Safety Management System (SMS) ကို သေချာ implement လုပ်ထားနိင်ရင် … PSC Detentions ဖြစ်နိုင်ချေ နဲပါလိမ့်မယ် …





