Knowledge roundtable – 14
Unicode
Knowledge roundtable 14
ABORT POINT
A Good Passage Plan ဆိုတာကို သင်ဘယ်လို နားလည် သိမြင်သလဲ?
တကယ်ပဲ အနုစိပ် ရေးဆွဲထားတဲ့ passage plan ကောင်းကောင်းတစ်ခုဟာ
bridge team နဲ့ Watch Keeper တွေကို confidence ရှိစေတဲ့အရာတွေထဲက
တစ်ခု အပါအဝင် ဖြစ်စေပါတယ်။
ဒါကြောင့်မို based on practice တွေအရဖြစ်သလို company ရဲ့ ညွှန်းဆိုချက်တွေအရ
Passage plan အနေဖြင့် ” Abort Point ” လိုခေါ်တဲ့ Point of No Return ကို
Chart ထဲမှာ ထည့်ဆွဲကြပါတယ်။
Abort Point ဆိုတာ port / canal / restricted area တစ်ခုခုကို မဝင်ခင်၊
မရောက်ခင်မှာ mark လုပ်ထားတဲ့ point တစ်ခုပါပဲ။ အဲ့ဒီ point (position )
ကျော်သွားရင် သင်္ဘော
ပြန်လှည့်ထွက်ဖို အတွက် လုံလောက်တဲ့ Sufficient Sea Room မရှိနိုင်တော့ပါ။
ကဲ ဒါဆို Abort Point ကို ဘယ်လို mark လုပ်မလဲ?
အရေးကြီးတဲ့ အချက်က rudder hard over ပေးတဲ့ အခါ forward နဲ့ side direction
တွေမှာ distance ဘယ်လောက် reach / cover ဖြစ်သွားလဲဆိုတာ သိဖို လိုပါတယ်။
ဆိုလိုတာက maximum rudder angle မှာ maximum ” head reach “ နဲ့
” side reach” သိဖိုပါ။
ဒီ အချက်အလက်တွေကိုတော့ Ship’ maneuvering booklet /
Bridge ပေါ်မှာ ရှိတဲ့ Wheel house poster ကနေ ရရှိမှာပါ။
Wheel House Poster ကနေ ရ တဲ့ data အရ သင်္ဘောတစ်စီး condition တစ်ခုရဲ့
turning circle ဟာ 0.40 nm in shallow waters ဆိုကြပါစို၊
(ဒီနေရာမှာ Shallow waters ဖြင့် စဉ်းစားရခြင်းမှာ Abort Point ကို marking
လုပ်တဲ့နေရာတွေဟာ အများအားဖြင့် Lesser Depths ဖြစ်နေတတ်လိုပါ)
External Factor ဖြစ်တဲ့ Current နဲ့ Wind affect အတွက် double value
အနေဖြင့် နောက်ထပ် 0.40 nm ထပ်ပေါင်းပါ။
Traffic အခြေအနေကြောင့် 6.0 knots နဲ့ Approaching လုပ်တယ်ဆိုရင်
6 minutes စာ အတွက် additional distance နောက်ထပ် 0.6 nm
ထပ်ပေါင်းပေးရပါလိမ့်မယ်။
ဒါဆိုရင်ဖြင့် Entrance နေရာမှ စုစုပေါင်း 1.40 nm ကို ချန်၍ Abort Point ကို
ချမှတ် ရေးဆွဲထားနိုင်ပါပြီ။
Zawgyi
Knowledge roundtable 14
ABORT POINT
ကျော်သွားရင် သင်္ဘော
” side reach” သိဖိုပါ။
Maritime Pro Training Hub