Unicode
Knowledge Round Table 9
ဒီတခေါက်တော့ သဘောင်္မှာ လက်တွေ့သုံးနေရပြီး မသုံးတတ်ရင် အန္တရာယ် ရှိ တဲ့ self-contained breathing apparatus (SCBA) air compressor အကြောင်းလေးပြောချင်ပါတယ် …
တကယ့် Real Life Accident ပါ …
3rd Officer က breathing apparatus cylinder တွေကို Refill လုပ်ရာမှာ သေချာမသုံးတတ်လို explosion ဖြစ်ပြီး သူ့မျက်နှာ နဲ့ လက်တွေ မီး လောင်ခဲ့ရပါတယ် …
သူဟာ ပုံမှန် pressure ရှိရမှာ ထက်လျော့နေတဲ့ oxygen breathing apparatus (OBA) cylinder ကို ဖြည့်ဘိုလုပ်ပါတယ် …
SCBA air compressor ကတော့ steering gear compartment ထဲမှာ ထားပါတယ် …
ဖြည့်ဘို cylinder ကို air compressor discharge hose connector မှာ တတ်ဘို ကြိုးစားပါတယ် … ဒါပေမဲ့ fitting မတူလို တတ်မရပါဘူး … ဒါနဲ့ ဘာလုပ်ရင်ရမလဲ ရှာကြည့်တော့ … adaptor တခုကို တွေ့ပါတယ် …
adaptor ကိုသုံးပြီး cylinder ကို air compressor discharge hose connector ကို တတ်လိုက်တော့ … အဆင်ပြေသွားပါတယ် … ပြီးတော့ cylinder valve ကိုဖွင့်ပြီး air compressorကို start လုပ် လိုက်ပါတယ် …
air compressorကို start လုပ်ပြီး စက္ကန့်ပိုင်း အကြာမှာဘဲ air discharge tube က explosion ဖြစ်ပါတယ် …
compressor မီးလောင်ပါတယ် …
3/O ရဲ့ မျက်နှာနဲ့ လက်တွေ မီးလောင်ပါတယ် …
ပြီးတော့ Boiler suit ကိုပါ မီးဆက်လောင်ပါတယ် …
အနားမှာရှိနေတဲ့ AB က fire alarm တီးပြီး portable extinguisher နဲ့ မီးသတ်နိုင်ခဲ့ပါတယ် … ကံကောင်းလို 3/O ကတော့ အချိန်မီရောက်လာတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကြောင့် အသက်ဘေးက လွတ်ခဲ့ရပါတယ် …
ဒါပေမဲ့ ရထားတဲ့ မီးလောင် ဒဏ်ရာတွေက ပြင်းတာကြောင့် သူ့ကို helicopter medical evacuation (medevac) လုပ်ပြီး ဆေးရုံကို ပိုခဲ့ရပါတယ် …
ဒါကြောင့် BA air compressor ရဲ့ operation နဲ့ maintenance requirements တွေ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေချင်တာပါ …
Investigation လုပ်တော့ compressor ထဲမှာရှိတဲ့ oil က အပူလွန်ပြီး မီးလောင်တာလိုသိရပါတယ် … 3/O က OBA cylinder က outlet valve ကို ဖွင့်လိုက်တဲ့ အခါ oxygen က cylinder ကနေ compressor ရဲ့ discharge hose ထဲကို ပြောင်းပြန် စီးသွားခဲ့ပါတယ် … အဲဒီ အချိန် tube ထဲမှာ
atmospheric pressure (0.1 MPa) ဖြစ်နေပါပြီ … oxygen ဟာ cylinder ကနေ compressor ရဲ့ discharge hose ထဲကို ပြောင်းပြန် ဆက်စီးနေခဲ့ပါတယ် … temperature ဟာ discharge hose and tube ထဲမှာ … သိသိသာသာ မြင့်လာခဲ့ပြီး adiabatic compression ဖြစ်လာခဲ့ပါတယ် …
တွက်ချက်မှုတွေအရ … ဒီ adiabatic compression ကြောင့် oxygen temperature ဟာ 700°C အထိရှိခဲ့ပါတယ် …
ဒီအရမ်းမြင့်တက်နေတဲ့ temperature ကြောင့်ဘဲ discharge tube filter ထဲ ပိတ်မိနေတဲ့ oil ရဲ့ auto ignition temperature ကိုကျော်လွန်သွားလို မီးထလောင်ခဲ့ပါတယ် … မီးကြောင့်ဘဲ compressor ဟာ explosion ဖြစ်ခဲ့တာပါ …
ဘာကြောင့် ခုလို ကြေကွဲဖွယ် အဖြစ်မျိုး ဖြစ်ခဲ့ပါသလဲ …
၁။ 3/O ဟာ company က Additional supply လုပ်ထားခဲ့တဲ့ OBA cylinder ကို ပုံမှန် SCBA cylinder နဲ့ မကွဲပြားခဲ့တာပါ… အတူတူဘဲလို ထင်ခဲ့တာပါ …
၂။ ပုံမှန် Refill လုပ်တဲ့ self-contained breathing apparatus (SCBA) air compressor ဟာ oxygen breathing apparatus (OBA) cylinder အတွက်သုံးလို မရဘူးဆိုတာ သေချာ မသိခဲ့ပါဘူး …
၃။ Breathing apparatus Cylinder တွေမှာ air နဲ့ oxygen ၂မျိုး သုံးတယ်ဆိုတာကို လုံး၀ မသိတာပါဘဲ …
၄။ ပြီးတော့ oxygen breathing apparatus (OBA) cylinder တွေဟာ Refill လုပ်ချင်ရင် Shore ကိုပိုပြီးဘဲ Refill လုပ်ရတယ်ဆိုတာ မသိခဲ့ပါဘူး …
ဒါကြောင့် သဘောင်္ပေါ်ရောက်ရင် မိမိ ရဲ့ SCBA set တွေမှာ ဘာ cylinder type တွေ သုံး သလဲဆိုတာကို သေချာလေ့လာဘို တိုက်တွန်းလိုက်ရပါတယ် …
Maker အမျိုးမျိုး Model အမျိုးမျို ရှိလို operation ကတော့ အနည်းငယ် ကွဲပြားမှာပါ …
နောက် Knowledge roundtable မှာတော့ BA air compressor ရဲ့ operation နဲ့ maintenance requirements တွေ အကြောင်း ဆက်ဆွေးနွေးပါအုန်းမယ် …
Zawgyi
Knowledge Round Table 9
ဘာကြောင့် ခုလို ကြေကွဲဖွယ် အဖြစ်မျိး ဖြစ်ခဲ့ပါသလဲ …
၃။ Breathing apparatus Cylinder တွေမှာ air နဲ့ oxygen ၂မျိး သုံးတယ်ဆိုတာကို လုံးဝ မသိတာပါဘဲ …
Maker အမျိးမျိး Model အမျိးမျိ ရှိလို operation ကတော့ အနည်းငယ် ကွဲပြားမှာပါ …