Unicode
Knowledge Round Table 21.
Radar Performance Test.
ဒီတစ်ခါမှာ တင်ပြချင်တဲ့ Knowledge Round 21 မှာတော့ 2/Off (သို) Navigation officer တစ်ယောက်အေနနဲ့ Radar Performance Test လုပ်တဲ့ procedure ကို ဖေါ်ပြလိုပါတယ်။
IMO Performance Standards for Navigational Equipment Annex- 9
အရ Test Standard နဲ့ ကိုက်ညီရပါမယ်။
Radar တစ်လုံးရဲ့ Transmission နဲ့ Receiving power ကို Test လုပ်တဲ့သဘောပါ။
Transmission Power week ဖြစ်နေရင်တော့ တစ်ချို target တွေရဲ့ ပုံရိပ်ကို long range မှာDisplay monitor မှာ မဖေါ်ပြနိုင်ပါ။Very less sensitivity ဖြစ်ပြီး faint Echo တွေ ဖြစ်ေပါ်လာနိုင်ပါတယ်။
Receiving Power (သို)Receiver sensitivity week ဖြစ်ရင်တော့ target echo တွေ ကို Display
monitor မှာ week echo အနေနဲ့ေတွ့မြင်ရပါမယ်။
ဒါဆိုရင် JRC Radar Performance Test လုပ်ပုံကို
ဥပမာ အနေနဲ့တင်ပြလိုက်ပါတယ်။
ပုံမှာဖေါ်ပြထားတဲ့အတိုင်း Test Menu ကို click လုပ်ပြီး PM ကို On ပါ။Radar ရဲ့ range 24nm ကိုပြောင်းသွားပါမယ်။Gain ကို increase to full လုပ်ပြီး
plume ရဲ့ length ကို VRM နဲ့ plume range ကိုတိုင်းပါ။
ထိုနောက် PM ရဲ့ Bar length ကို ပုံမှာဖေါ်ပြထားတဲ့အတိုင်း ဖတ်ပါ။
Plume Range က receiving power ကိုဖေါ်ပြပြီး
Bar length သည် Transmission Power ကို ဖေါ်ပြချင်းဖြစ်ပါတယ်။
အထက်ပါ Test က ရရှိတဲ့ value များကို Radar magnetron အသစ်တပ်ဆင်တုန်းက ရရှိတဲ့ initial reference value (Radar အနောက်ဘက် (သို) Magnetron Box တွင်ကပ်ထားသည်) နှင့် radar manual မှာပါတဲ့ Calibration curve ကိုသုံးပြီး compare လုပ်ပါက different of Transmission power and receiving power ကိုရပါမည်။
Actual plume length နှင့် initial plume length ကို ပုံပါအတိုင်းcompare လုပ်လိုရလာတဲ့ difference ကို receiver
system ရဲ့ sensitivity deterioration လိုခေါ်ဆိုကြပါတယ်။
Actual bar length နှင့် Initial bar length ကို compare လုပ်လိုရရှိတဲ့ difference ကိုတော့
Transmitter system ရဲ့ relative attenuation
လိုသိရပါတယ်။
နောက်ထပ် Magnetron current ကိုလည်းစစ်ရပါမယ်။
Magnetron current level ဟာ Manufacturers instruction အရ 5 – 9.5 A range အတွင်းရှိရပါမယ်။
အထက်မှာဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့မိမိသင်္ဘောရဲ့ Radar ဟာ ကွာခြားလွန်းနေရင်တော့ Master ကို
inform လုပ်ပြီး shore service technician ကို
request လုပ်ရပါမယ်။
နိဂုံးချုပ်အနေနဲ့ ဆိုရရင် Radar ဟာ Navigation
officers တွေရဲ့ အားထားရဆုံးမျက်လုံးလိုတောင်ဆိုနိုင်ပါတယ်။ဒါပေမယ့် Radar ကို Proper setting လုပ်ပြီး
မသုံးနိုင်ရင်တော့ Navigation officer ဟာ မျက်စေ့တစ်လုံးပိတ်ထားပြီး Navigation Watch လုပ်နေတာနဲ့တူပါတယ်။
နောက် Knowledge Round တွေမှာလည်း ဆက်လက်ကြိုးစားပါဦးမည်။
Make.believe
Maritime Pro
Zawgyi
Knowledge Round Table 21.
Radar Performance Test.
ဒီတစ္ခါမွာ တင္ျပခ်င္တဲ့ Knowledge Round 21 မွာေတာ့ 2/Off (သို) Navigation officer တစ္ေယာက္အေနနဲ႔ Radar Performance Test လုပ္တဲ့ procedure ကို ေဖၚျပလိုပါတယ္။
IMO Performance Standards for Navigational Equipment Annex- 9
အရ Test Standard နဲ႔ ကိုက္ညီရပါမယ္။
Radar တစ္လုံးရဲ႕ Transmission နဲ႔ Receiving power ကို Test လုပ္တဲ့သေဘာပါ။
Transmission Power week ျဖစ္ေနရင္ေတာ့ တစ္ခ်ိ target ေတြရဲ႕ ပုံရိပ္ကို long range မွာDisplay monitor မွာ မေဖၚျပႏိုင္ပါ။Very less sensitivity ျဖစ္ၿပီး faint Echo ေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။
Receiving Power (သို)Receiver sensitivity week ျဖစ္ရင္ေတာ့ target echo ေတြ ကို Display
monitor မွာ week echo အေနနဲ႔ေတြ႕ျမင္ရပါမယ္။
ဒါဆိုရင္ JRC Radar Performance Test လုပ္ပုံကို
ဥပမာ အေနနဲ႔တင္ျပလိုက္ပါတယ္။
ပုံမွာေဖၚျပထားတဲ့အတိုင္း Test Menu ကို click လုပ္ၿပီး PM ကို On ပါ။Radar ရဲ႕ range 24nm ကိုေျပာင္းသြားပါမယ္။Gain ကို increase to full လုပ္ၿပီး
plume ရဲ႕ length ကို VRM နဲ႔ plume range ကိုတိုင္းပါ။
ထိုေနာက္ PM ရဲ႕ Bar length ကို ပုံမွာေဖၚျပထားတဲ့အတိုင္း ဖတ္ပါ။
Plume Range က receiving power ကိုေဖၚျပၿပီး
Bar length သည္ Transmission Power ကို ေဖၚျပခ်င္းျဖစ္ပါတယ္။
အထက္ပါ Test က ရရွိတဲ့ value မ်ားကို Radar magnetron အသစ္တပ္ဆင္တုန္းက ရရွိတဲ့ initial reference value (Radar အေနာက္ဘက္ (သို) Magnetron Box တြင္ကပ္ထားသည္) ႏွင့္ radar manual မွာပါတဲ့ Calibration curve ကိုသုံးၿပီး compare လုပ္ပါက different of Transmission power and receiving power ကိုရပါမည္။
Actual plume length ႏွင့္ initial plume length ကို ပုံပါအတိုင္းcompare လုပ္လိုရလာတဲ့ difference ကို receiver
system ရဲ႕ sensitivity deterioration လိုေခၚဆိုၾကပါတယ္။
Actual bar length ႏွင့္ Initial bar length ကို compare လုပ္လိုရရွိတဲ့ difference ကိုေတာ့
Transmitter system ရဲ႕ relative attenuation
လိုသိရပါတယ္။
ေနာက္ထပ္ Magnetron current ကိုလည္းစစ္ရပါမယ္။
Magnetron current level ဟာ Manufacturers instruction အရ 5 – 9.5 A range အတြင္းရွိရပါမယ္။
အထက္မွာေဖၚျပခဲ့တဲ့ အခ်က္ေတြနဲ႔မိမိသေဘၤာရဲ႕ Radar ဟာ ကြာျခားလြန္းေနရင္ေတာ့ Master ကို
inform လုပ္ၿပီး shore service technician ကို
request လုပ္ရပါမယ္။
နိဂုံးခ်ဳပ္အေနနဲ႔ ဆိုရရင္ Radar ဟာ Navigation
officers ေတြရဲ႕ အားထားရဆုံးမ်က္လုံးလိုေတာင္ဆိုႏိုင္ပါတယ္။ဒါေပမယ့္ Radar ကို Proper setting လုပ္ၿပီး
မသုံးႏိုင္ရင္ေတာ့ Navigation officer ဟာ မ်က္ေစ့တစ္လုံးပိတ္ထားၿပီး Navigation Watch လုပ္ေနတာနဲ႔တူပါတယ္။
ေနာက္ Knowledge Round ေတြမွာလည္း ဆက္လက္ႀကိဳးစားပါဦးမည္။
Make.believe
Maritime Pro




