Unicode
Knowledge round table – 17
SELF CONTAINED BREATHING APPARATUS (SCBA)
SCBA ကို မကြာခဏအသုံးမပြုဖြစ်သော်လည်း သင်္ဘောပေါ်တွင် အရေးကြီးသောကိရိယာတစ်ခုအဖြစ် ရှိနေတာကို သတိချပ်ဖိုလိုပါတယ်
ကျွန်တော်တိုသည် Fire fighting အပြင် Enclosed space ကယ်ဆယ်ရေးအတွက်လည်း SCBA ကိုလိုအပ်နေသောကြောင့် SOLAS Chapter ll – 2 , Reg 10 တွင် SCBA ကိုသယ်ဆောင်ရန် ပြဌာန်းထားပါတယ်
သင်္ဘောပေါ်မှာရှိတဲ့ မည်သည့်စ္စည်းမဆို မည်သိုအသုံးပြုရမည်ကိုမသိပါက အသုံးမဝင်နိုင်ပါ၊SCBA ဆိုလျှင်လည်း ၎င်းကိုမည်သိုအသုံးပြုရမည်ကိုသိရန်လိုအပ်ရုံသာမက ၎င်းကိုအမြန်ဝတ်ဆင်တတ်သင့်ပါတယ်
Enclosed space rescue လုပ်ဆောင်နေစဉ်အတွင်းကျွန်တော်တိုလူများကို ချက်ချင်းကယ်တင်နိုင်သင့်ပါတယ်၊ ဘာကြောင့်လည်းဆို လူတစ်ယောက်ဟာ ၃ မိနစ်အောက် အောက်စီဂျင်မရရှိပါက သေနိုင်ပါတယ်၊ ထိုကဲ့သိုသောစက္ကန့်နှင့်အမျှ အရေးကြီးသည့်အချိန်တွင် SCBA ကို ၀တ်ဆင်ရန်အချိန်ပိုယူပါက အောင်မြင်စွာကယ်ဆယ်နိုင်ရန်အခွင့်အလမ်း နည်းပါးပလိမ့်မယ်
တကယ်လိုများ မမှန်မကန် ဒါမှမဟုတ် မကောင်းတဲ့ SCBA ကို ဝတ်ဆင်မိပါက အရေကြီးတဲ့ အချိန်တွေ ကုန်ဆုံးရုံသာမက ကိုယ့်အသက်အန္တရာယ်ကိုပါ အလဲအထပ်ပြုလိုက် သလိုပါပဲ
SCBA ကို ဘယ်လိုဝတ်ရမယ်ဆိုတာ သင်သိပါသလား . . .
* Check the Pressure တကယ်လို Air cylinder ရဲ့ working pressure က 10 % လျော့နည်း နေပါက bottle လဲခြင်း သိုမဟုတ် တခြား SCBA ကို ပြောင်းသုံးဖို လိုပါတယ်၊ ဆိုလိုတာက working pressure ဟာ 200 bar ဆိုရင် အနည်းဆုံး 180 bar ရှိမှ အသုံပြုနိုင်မှာပါ
* Check for the Leakage များသောအားဖြင့် Air cylinder ၁ လုံးဟာ မိနစ် ၃၀ ကြာ ခံပေမယ့် တချို leakage ဖြစ်နေတာတွေဟာ မျက်လုံး ၊ နားတိုနဲ့ မသိမြင်နိုင်ပါ ၊ ဒီအတွက် Delivery valve ကို ပိတ်ပြီး pressure ကျ မကျ စစ်နိုင်ပါတယ်
* Test the Face Mask & Whistle Face mask ဟာ မျက်နှာပေါ်မှာ airtight ဖြစ်ပြီး အသက်စရူတာနှင့် Demand valve ဟာ အလုပ်လုပ်ပါလိမ့်မယ်၊ဒါပေမယ့် တချို SCBA ရဲ့ Demand valve ဟာ manually operate လုပ်ပေးရပါမယ်၊ ဒါကြောင့်မိုကိုယ် အသုံးပြုမည် SCBA ရဲ့Demand valve ဟာ ဘာအမျိုးအစားလဲ သိဖို လိုပါတယ်၊ ဒီနေရာမှာ Whistle test လုပ်ရာတွင် Demand valve ကို အသုံးပြုပြီး Air pressure ကို release လုပ်ပါ၊ Alarm level / Red zone ထဲကို ရောက်တာနှင့် Whistle မှ အသံမြည်လာပါလိမ့်မယ်
* Wear the SCBA Over the head ကနေ ဝတ်နိုင်သလို ၊ Coat အင်္ကျီဝတ်သလိုမျိုး လည်း ဝတ်နိုင်ပါတယ် ကျွန်တော်တို Drill လုပ် လေ့ကျင့်ထားသောလေ့ကျင့်ခန်းများပေါ် မူတည်ပြီး SCBA ကို ၀တ်ဆင်ချိန်သည် များစွာအကျိုးသက်ရောက်မှု ရှိနေနိုင်ပါလိမ့်မယ်
အချုပ်အားဖြင့် မတူကွဲပြားတဲ့ SCBA တွေဟာ သင်္ဘော တစ်စီးနဲ့ တစ်စီး မတူညီနိုင်အောင် ရှိနေသော်လည်း အထက်ဖေါ်ပြပါ အခြေခံ စည်းမျည်းစည်းကမ်းတွေကို လိုက်နာ ကျင့်သုံးမည်ဆိုပါက Fire fighting နဲ့ Enclosed space rescue operation များတွင် မြန်ဆန်ထိရောက်မှု ရှိမယ်ဆိုတာ မလွဲဧကန်ပါ
Zawgyi
Knowledge round table – 17
SELF CONTAINED BREATHING APPARATUS (SCBA)
SCBA ကို မၾကာခဏအသုံးမျပဳျဖစ္ေသာ္လည္း သေဘၤာေပၚတြင္ အေရးႀကီးေသာကိရိယာတစ္ခုအျဖစ္ ရွိေနတာကို သတိခ်ပ္ဖိုလိုပါတယ္
ကြၽန္ေတာ္တိုသည္ Fire fighting အျပင္ Enclosed space ကယ္ဆယ္ေရးအတြက္လည္း SCBA ကိုလိုအပ္ေနေသာေၾကာင့္ SOLAS Chapter ll – 2 , Reg 10 တြင္ SCBA ကိုသယ္ေဆာင္ရန္ ျပဌာန္းထားပါတယ္
သေဘၤာေပၚမွာရွိတဲ့ မည္သည့္စၥည္းမဆို မည္သိုအသုံးျပဳရမည္ကိုမသိပါက အသုံးမဝင္ႏိုင္ပါ၊SCBA ဆိုလွ်င္လည္း ၎ကိုမည္သိုအသုံးျပဳရမည္ကိုသိရန္လိုအပ္႐ုံသာမက ၎ကိုအျမန္ဝတ္ဆင္တတ္သင့္ပါတယ္
Enclosed space rescue လုပ္ေဆာင္ေနစဥ္အတြင္းကြၽန္ေတာ္တိုလူမ်ားကို ခ်က္ခ်င္းကယ္တင္ႏိုင္သင့္ပါတယ္၊ ဘာေၾကာင့္လည္းဆို လူတစ္ေယာက္ဟာ ၃ မိနစ္ေအာက္ ေအာက္စီဂ်င္မရရွိပါက ေသႏိုင္ပါတယ္၊ ထိုကဲ့သိုေသာစကၠန႔္ႏွင့္အမွ် အေရးႀကီးသည့္အခ်ိန္တြင္ SCBA ကို ၀တ္ဆင္ရန္အခ်ိန္ပိုယူပါက ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ရန္အခြင့္အလမ္း နည္းပါးပလိမ့္မယ္
တကယ္လိုမ်ား မမွန္မကန္ ဒါမွမဟုတ္ မေကာင္းတဲ့ SCBA ကို ဝတ္ဆင္မိပါက အေရႀကီးတဲ့ အခ်ိန္ေတြ ကုန္ဆုံး႐ုံသာမက ကိုယ့္အသက္အႏၲရာယ္ကိုပါ အလဲအထပ္ျပဳလိုက္ သလိုပါပဲ
SCBA ကို ဘယ္လိုဝတ္ရမယ္ဆိုတာ သင္သိပါသလား . . .
* Check the Pressure တကယ္လို Air cylinder ရဲ႕ working pressure က 10 % ေလ်ာ့နည္း ေနပါက bottle လဲျခင္း သိုမဟုတ္ တျခား SCBA ကို ေျပာင္းသုံးဖို လိုပါတယ္၊ ဆိုလိုတာက working pressure ဟာ 200 bar ဆိုရင္ အနည္းဆုံး 180 bar ရွိမွ အသုံျပဳႏိုင္မွာပါ
* Check for the Leakage မ်ားေသာအားျဖင့္ Air cylinder ၁ လုံးဟာ မိနစ္ ၃၀ ၾကာ ခံေပမယ့္ တခ်ိ leakage ျဖစ္ေနတာေတြဟာ မ်က္လုံး ၊ နားတိုနဲ႔ မသိျမင္ႏိုင္ပါ ၊ ဒီအတြက္ Delivery valve ကို ပိတ္ၿပီး pressure က် မက် စစ္ႏိုင္ပါတယ္
* Test the Face Mask & Whistle Face mask ဟာ မ်က္ႏွာေပၚမွာ airtight ျဖစ္ၿပီး အသက္စ႐ူတာႏွင့္ Demand valve ဟာ အလုပ္လုပ္ပါလိမ့္မယ္၊ဒါေပမယ့္ တခ်ိ SCBA ရဲ႕ Demand valve ဟာ manually operate လုပ္ေပးရပါမယ္၊ ဒါေၾကာင့္မိုကိုယ္ အသုံးျပဳမည္ SCBA ရဲ႕Demand valve ဟာ ဘာအမ်ိးအစားလဲ သိဖို လိုပါတယ္၊ ဒီေနရာမွာ Whistle test လုပ္ရာတြင္ Demand valve ကို အသုံးျပဳၿပီး Air pressure ကို release လုပ္ပါ၊ Alarm level / Red zone ထဲကို ေရာက္တာႏွင့္ Whistle မွ အသံျမည္လာပါလိမ့္မယ္
* Wear the SCBA Over the head ကေန ဝတ္ႏိုင္သလို ၊ Coat အက်ႌဝတ္သလိုမ်ိး လည္း ဝတ္ႏိုင္ပါတယ္ ကြၽန္ေတာ္တို Drill လုပ္ ေလ့က်င့္ထားေသာေလ့က်င့္ခန္းမ်ားေပၚ မူတည္ၿပီး SCBA ကို ၀တ္ဆင္ခ်ိန္သည္ မ်ားစြာအက်ိးသက္ေရာက္မႈ ရွိေနႏိုင္ပါလိမ့္မယ္
အခ်ဳပ္အားျဖင့္ မတူကြဲျပားတဲ့ SCBA ေတြဟာ သေဘၤာ တစ္စီးနဲ႔ တစ္စီး မတူညီႏိုင္ေအာင္ ရွိေနေသာ္လည္း အထက္ေဖၚျပပါ အေျခခံ စည္းမ်ည္းစည္းကမ္းေတြကို လိုက္နာ က်င့္သုံးမည္ဆိုပါက Fire fighting နဲ႔ Enclosed space rescue operation မ်ားတြင္ ျမန္ဆန္ထိေရာက္မႈ ရွိမယ္ဆိုတာ မလြဲဧကန္ပါ


