Knowledge Roundtable – 59

Unicode

Knowledge roundtable – 59

ဒီတခေါက် Knowledge roundtable မှာတော့ … Bunker Delivery Note (BDN) မှာခုနောက်ပိုင်း မပါမဖြစ်ပါ၀င်ရတော့မဲ့ … Data အကြောင်းဆွေးနွေးမှာပါ…

ပါဝင်ရမဲ့ Data တွေ မပါရင် … သိပ်မကြာမီ ၂၀၂၃ မှာ အသက်ဝင်လာတော့မဲ့ … IMO ရဲ့ CCI (Carbon Intensity Indicator) အပါအဝင် Vessel Rating ပေါ်မှာ လာပြီး အကျိုးသက်ရောက်မှုရှိလာပါလိမ့်မယ် …

ဒါကြောင့် Bunker ယူပြီးသွားလို Supplier က BDN လာပေးရင် … မစစ်ဆေးဘဲ Sign ထိုးလို အဆင်မပြေတော့ပါဘူး …

Bunker Delivery Note (BDN) ဟာ MARPOL Annex VI ရဲ့ … standard required document ဖြစ်ပြီး … fuel oil delivery information တွေပါရှိပါတယ် … Bunker ယူပြီးနောက် သုံးနှစ်တာ စစ်ဆေးခံနိုင်ဖို … သင်္ဘောပေါ်မှာ ထားရှိရမှာပါ …

မှန်ကန်တဲ့ information တွေပါတဲ့ BDN ကို သင်္ဘောအရာရှိများအား … ပေးအပ်ဖိုက Supplier တွေရဲ့ တာဝန်ဖြစ်ပါတယ် … သင်္ဘောအရာရှိများဖက်ကလဲ ပါဝင်ရမဲ့ အချက်အလက်တွေ ပါဝင်ခြင်းရှိ မရှိ ၊ မှန်ကန်ခြင်း ရှိမရှိကို စစ်ဆေးရပါလိမ့်မယ် …

ကဲ ဒါဆိုရင် BDN တွင် ဘယ်အချက်အလက်တွေ… အတိအကျပါဝင်သင့်သလဲ …

* Name and IMO number of receiving ship;
* Port;
* Date of commencement of delivery;
* Name, address and telephone number of marine fuel oil supplier;
* Product name(s);
* Quantity (metric tons);
* Density at 15ºC (kg/m3);
* Sulphur content (per cent m/m)

ဒါ့အပြင် “seal number of MARPOL sample label ” ကိုလဲ … cross-reference လုပ်နိုင်ဖို… ထည့်သွင်းဖေါ်ပြရမှာ ဖြစ်ပါတယ်…

ခုနောက်ပိုင်း ပိုပြီးအရေးကြီးတာက … fuel name နဲ့ grade ကို BDN ထဲမှာ … ISO 8217 fuel standard အရ ဖေါ်ပြပေးရမှာပါ …
ဒါမှ Emissions Report verification အတွက် … correct Emissions Factor ကို သိရှိမှာ ဖြစ်ပါတယ် …

Supplier တွေ BDN မှာသုံးနေတဲ့ … VLSHFO, VLSFO နဲ့ LSHFO တွေ ဟာ ခုနောက်ပိုင်း လက်ခံလို မရနိုင်တော့ပါဘူး …
Supply လုပ်တဲ့ … Fuel oil grade တွေကို ISO 8217 မှာ သုံးနှုန်းတဲ့ အတိုင်း …Standard name တွေဖြစ်တဲ့ Heavy fuel oil (ISO 8217 grades RME ~ RMK),
Light fuel oil (ISO 8217 grades RMA ~ RMD) နဲ့သာ ဖေါ်ပြရမှာ ဖြစ်ပါတယ်…

ISO 8217 fuel standard ပုံစံ နဲ့ သိသင့်တဲ့ Terminology ကို လေ့လာနိုင်ဖို … ထည့်သွင်းပေးထားပါတယ် …

Incorrect fuel type နဲ့ corresponding Emission Factor (Cf) တွေဟာ … မိမိ သင်္ဘောရဲ့ Vessel Rating ပေါ်မှာ သက်ရောက်မှုတွေ ရှိလာမှာကြောင့် …လာမဲ့ 2023 အတွက်ကြိုတင် ပြင်ဆင်နိုင်ဖို … မျှဝေလိုက်ရပါတယ် …

Master , Chief Engineer တွေ အတွက် အရေးကြီးသလို … Promotion စောင့်နေတဲ့ Chief Officer , Second Engineer တွေ အတွက်လဲ …အရေးကြီးလှပါတယ် …

ပိုသိချင်တဲ့သူတွေ အတွက် ၄၄ စာမျက်နှာ ရှိတဲ့ Marine Fuel Oil Advisory ကို email နဲ့ ပိုပေးပါမယ် …
email aderss လေးတွေ comment မှာ ပေးထားနိုင်ပါတယ် … အမြန်ဆုံး ပိုပေးပါမယ် …

ဖတ်တဲ့သူအတွက် အကျိုးရှိမယ်ဆိုရင်တော့ …
အုတ်တချပ် သဲတပွင့် အဖြစ် ပါ၀င်ခွင့် လိုကျေနပ်လှပါပြီ …
မိမိသင်္ဘော၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …
MARITIME PRO ဆက်ကြိုးစားနေပါအုန်းမယ် …

 

Zawgyi

 

Knowledge roundtable – 59


ပါဝင်ရမဲ့ Data တွေ မပါရင် … သိပ်မကြာမီ ၂၀၂၃ မှာ အသက်ဝင်လာတော့မဲ့ … IMO ရဲ့ CCI (Carbon Intensity Indicator) အပါအဝင် Vessel Rating ပေါ်မှာ လာပြီး အကျိးသက်ရောက်မှုရှိလာပါလိမ့်မယ် …





* Port;
* Product name(s);
* Quantity (metric tons);
* Density at 15ºC (kg/m3);








ဖတ်တဲ့သူအတွက် အကျိးရှိမယ်ဆိုရင်တော့ …

 

 

 

 

 

Maritime Pro Training Hub