Knowledge Round table – 1

Knowledge Round table 1

Unicode

e-navigation

Sextant သုံးပြီး ship position ရှာတဲ့ ခေတ်မှာ ကျွန်တော်တို နေခဲ့ကြတော့မှာလား …
Radar plotting sheet ကို သုံးပြီး တခြားသင်္ဘောတွေရဲ့ Course တွေ… speed တွေ … CPA, TCPA တွေ ရှာနေကြအုန်းမှာလား …

Shipping Industry ကြီးမှာ နည်းပညာတွေ ဟာ တဟုန်ထိုးပြောင်းလဲနေပါတယ် …
ခုအသုံးပြုနေတဲ့ Technology တွေကို တနေ့မှာ စနစ်တကျ အသုံးပြုနိုင်မဲ့ On stop system ကို အနာဂတ်မှာ ပြုလုပ်နိုင်ဘို IMO ကလည်း အထူးကြိုးစားနေပါတယ်…

ဆက်တိုက်ပြောင်းလဲနေတဲ့ ရေကြောင်ဘက်ဆိုင်ရာ နည်းပညာ တိုးတက်မှုတွေကို လိုက်မှီဘို ကြိုးစားကြရပါမယ် …

IMO က သဘောင်္တွေ ဘေးအန္တရာယ် ကင်းရှင်းဘိုအတွက် မြှင့်တင်ဘို ကြိုးစားနေတဲ့ e-Navigation ဆိုတာ သိဘို လိုလာပါပြီ …

ခုခေတ် သဘောင်္တွေတိုင်းမှာ ECDIS, AIS , ARPA , LRIT (Long range identification & tracking) , Integrated bridge system, တခြားသော Navigational tools တွေ အများကြီးတတ်ဆင်လာကြပါတယ် …

Maritime accidents တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တခုဟာ Human error ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဘိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ IMO က e-Navigation ဆိုတာကို မိတ်ဆက်လာခဲ့တာပါ …

e-Navigation ရဲ့အဓိက ရည်ရွယ်ချက်ကတော့ Navigation safety of the ship ကို ပိုကောင်းစေမှာဖြစ်တဲ့အပြင် Navigation Officerတွေရဲ့အပေါ်မှာရှိနေတဲ့ လုပ်ငန်းဆောင်တာတွေကို လျော့နည်းစေမှာဖြစ်ပါတယ် …

ဒါ့အပြင် နည်းပညာကို အသုံးပြုပြီး safety of navigation နဲ့ environmental protection အတွက် information အချက်အလက်တွေကို ထိထိရောက်ရောက် ဖလှယ်နိုင်မှာလဲဖြစ်ပါတယ် …

IMO က e-navigation Strategy Implementation Plan (S I P ) ကို MSC 94 နဲ့ နို၀င်ဘာ ၂၀၁၄ မှာ approve လုပ်ခဲ့ပါတယ် …

ဦးစားပေး အစီအစဉ် ၅ မျိုးကိုလည်း ချမှတ်ခဲ့ပါတယ် …

* improved, harmonized and user-friendly bridge design;
* means for standardized and automated reporting;
* improved reliability, resilience and integrity of bridge equipment and navigation information;
* integration and presentation of available information in graphical displays received via communication equipment; and
* improved Communication of VTS Service Portfolio (not limited to VTS stations).

၂၀၁၅ – ၂၀၁၉ ထိ အထက်ပါ Task တွေကို လုပ်နေပြီး ၂၀၁၉ နောက်ပိုင်းမှာတော့ shipping industry ကြီးတခုလုံးကို e-navigation solution အတွက် ဆီလျှော်ကိုက်ညီတဲ့ designing products & services တော့အတွက် harmonized information တွေ ပေးလာတော့မှာဖြစ်ပါတယ် …

မသိသေးတဲ့သူများ သိစေဘို Knowledge Share လုပ်ပါတယ် …
ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ နည်းပညာတွေနဲ့ အညီ မိမိကိုယ်တိုင် ပြင်ဆင်ထားကြဘို ကိုလည်း တိုက်တွန်းလိုက်ရပါတယ် …

 

 

Zawgyi

 

Knowledge Round table 1

e-navigation










ဦးစားပေး အစီအစဉ် ၅ မျိးကိုလည်း ချမှတ်ခဲ့ပါတယ် …




 

 

 

Maritime Pro Training Hub