Knowledge roundtable – 37

Unicode

Knowledge roundtable – 37

သဘောင်္ပေါ်မှာ Navigation light တွေဟာ Safe Navigation အတွက် အရေးကြီးတဲ့ အခန်းကနေ ပါ၀င်နေပေမဲ့ … သူကို ဘယ်လို သေသေချာချာ စနစ်တကျ … Maintenance လုပ်ကြရမယ်ဆိုတာကိုတော့ အလေးထားဖို … မေ့နေတတ်ကြပါတယ် …

Navigation lights တွေ တည်ရှိနေတဲ့ … နေရာတွေကလဲ အလွယ်တကူ မရောက်နိုင်တဲ့ … သဘောင်္ရဲ့ အမြင့်ဆုံး နေရာတွေ ဖြစ်တဲ့ အတွက် … Maintenance လုပ်ဖို အခက်အခဲ ဖြစ်စေတာကလဲ … အကြောင်းရင်း တခုပါ …

Company PMS ထဲမှာလဲ … Navigation lights maintenance ကိုလည်းထည့်ထားပါတယ် …
PSC Officer တွေရဲ့ check items တွေထဲမှာလဲ … ပါ ပါတယ်
ဒါကြောင့် ဒီတခေါက် Knowledge roundtable မှာတော့ … သဘောင်္ပေါ်က navigation light တွေရဲ့ … maintenance လုပ်ရင် ဘာတွေ စစ်ဆေးကြမယ် … documentation အတွက် ဘယ်လို ဘာတွေ record keeping လုပ်ကြမယ် ဆိုတာလေး … ဆွေးနွေးကြရအောင် …

ဘာတွေ စစ်ကြမလဲ မဆွေးနွေးခင် … အမြင့်တက်ရမှာ ဖြစ်လို … ပထမဆုံး working aloft permit လိုပါလိမ့်မယ် … Permission လိုမှာ ဖြစ်သလို working aloft Check list ကို Record keeping လုပ်ထားရပါမယ် … ဒါမှ PSC Officer or Auditor တွေ က Maintenance record နဲ့ တိုက်ဆိုင်စစ်ရင် working aloft permit ကို ပြနိုင်ဖိုလိုပါမယ် …

# အခြေအနေပေးရင် … လှိင်း လေ ငြိမ်တဲ့ ဆိပ်ကမ်းကပ်ထားတဲ့ အချိန်၊ Anchorage လိုနေရာမျိုးကို ရွေးသင့်ပါတယ် … မဖြစ်မနေ At sea မှာ လုပ်ရမယ် ဆိုရင်တော့ … Strong wind, rolling နဲ့ pitching ရှိနေတဲ့ … အခြေအနေတွေကို ရှောင်ပါ …

# Mast တွေပေါ် မတက်ခင်မှာ … အောက်က အချက်တွေကို … မဖြစ်မနေ စိတ်ချရအောင်လုပ်ပါ …
၁၊ Mast ပေါ်မှာ မိမိကို ဒုက္ခ ပေးနိုင်တဲ့ … Radar , Whistle / horn တွေရဲ့ power sources တွေကို … ပိတ်ထားပါ … ဖြစ်နိုင်ရင် fuses တွေကိုပါဖြုတ်ထားပါ …

၂၊ မတော်မဆ Radar ကို ဖွင့်မိတာမျိုး ၊ Ship whistle ကို ဆွဲမိတာမျိုး Test လုပ်တာမျိုး မဖြစ်အောင် … Maintenance အတွက် Mast ပေါ်မှာ လူရှိကြောင်း အသိပေးတဲ့ … Warning/ Caution sign တွေကို Radar , Whistle တွေနားမှာ Tag လုပ်ထားပါ …

၃၊ မိမိ Maintenance လုပ်မဲ့ နေရာဟာ … antennas တွေလို communication equipment တွေနဲ့ နီးရင် … Switch off လုပ်ထားပါ … communication devices တွေက ထွက်တဲ့ radiations တွေက … လူကို ထိခိုက် စေနိုင်လိုပါ …

# အပေါ်မှာ ပြောခဲ့သလို … သေချာ စီစဉ်ပြီးပြီဆိုရင်တော့ ဘာတွေ စစ်ကြမလဲ …
ဆွေးနွေးကြည့်ရအောင် …

၁၊ Main နဲ့ Spare lights တွေမှာ ရှိတဲ့ bulb တွေ ၂ လုံး လုံးကောင်းနေရပါမယ် ၊ ဒါမှ တလုံးမကောင်းရင် နောက်တလုံး ချက်ချင်း ပြောင်းထွန်းလိုရမှာပါ …

၂၊ navigation / signal lights တွေထဲမှာ … ရေ ရှိ မရှိ စစ်ဆေးပါ …
ရေဆိုတဲ့ နေရာမှာ … မိုးရေ လဲ ဖြစ်နိုင်သလို ပင်လယ်ရေ၊ Atmospheric moisture လဲ ဖြစ်နိုင်ပါတယ် … navigation / signal lights တွေဟာ weather tight နဲ့ watertight ဖြစ်ရပါမယ် …

ဒါပေမဲ့ သုံးတဲ့သက်တန်းကြာလာတာနဲ့ ရေ၀င်နိုင်မှု အလားအလာ လည်းများလာတာကြောင့်ပါ … ဒါကြောင့် မီးလုံး လဲတိုင်း Casing ထဲမှာ Rust formation/ salt formation ရှိ မရှိ စစ်ဆေးပါ … ဆားတွေ့ပြီဆိုရင်တော့ … Sea water ၀င်တာ ကြိမ်းသေနေပါပြီ …
မီးလုံး ခဏ ခဏ လဲနေနေရပြီဆိုရင်တော့ … Casing ထဲကို ရေ၀င် နေပြီဆိုတာ ကြိမ်းသေပါဘဲ …
Casing ရဲ့ Glass ကို အ၀တ်သန့် နဲ့ clean လုပ်ပေးပါ … ဒါမှ မြင်နိုင်စွမ်းအားပိုကောင်းအောင်ပါ
light fitting တွေကို contact cleaner နဲ့ clean လုပ်ပေးပါ …
မီးလုံး လဲပြီးတိုင်း … silicon ဒါမှမဟုတ် putty သုံးပြီး ပြန်ပိတ်ဖို မမေ့ပါနဲ့ …

၃၊ Navigation light casing မှာ လျော့နေတဲ့ Bolt / nut တွေ ရှိမရှိစစ်ပါ
သဘောင်္ရဲ့ vibration ကြောင့် သဘောင်္ပေါ်မှာရှိတဲ့ Equipments တွေရဲ့ … Bolt / nut တွေဟာ အချိန်ကြာလာတာနဲ့ အမျှ … သူအလိုလို ချောင်လာတတ်ပါတယ် … ဒါကြောင့် အမြဲ Bolt / nut တွေကို … စစ်ပြီးလိုအပ်ရင် ပြန် ကြပ်ပေးပါ … ဒါကြောင့် သက်ဆိုင်တဲ့ spanner/wrench ကို ယူသွားဖို မမေ့ပါနဲ့ …

၄၊ Navigation light တွေ အတွက် wire / wire connection တွေကိုလဲစစ်ဆေးပါ
Navigation lights တွေ ရဲ့ … Location တွေက သဘောင်္သက်တန်းတလျောက် … weather expose ဖြစ်နေတာကြောင့် ကြာလာတာနဲ့ အမျှ … wire တွေရဲ့ conditions, wire တွေကို ချည်နှောင်ထားတဲ့ Clips တွေ ၊ flat bar တွေကို အမြဲ စစ်ဖိုလိုပါမယ် …

၅၊ Navigation light controller မှာ အောက်ဖေါ်ပြပါ Alarm တွေကို စစ်ဆေးရပါမယ်
i) Alarm for power supply to navigation lights
ii) Alarm for failure (including short circuit) of a lamp which is switched ON.

ပြီးရင် Navigation lights တွေရဲ့ … indicator တွေရဲ့ brightness ကို control လုပ်နိုင်တဲ့ Dimmer ကိုစစ်ပါ … ဒါမှ ညဘက် အချိန်တွေမှာ OOW ရဲ့ safe navigational watch ရဲ့ … Night vision ကို … အနှောက်အယှက် မဖြစ်စေနိုင်မှာပါ

၆၊ Marking တွေကို စစ်ပါ

Navigation light တိုင်းမှာ အောက်ပါ Markings တွေ ပါရမှာ … ဖြစ်ပါတယ်

1. the manufacturers name or symbol, and designation of type
2. the type/category of the NL in accordance with COLREGs
3. serial and certificate number
4. head line directions
5. range in nautical miles
6. nominal wattage of the light source in watts,

အထက်ပါ အချက်တွေကို … documentation အတွက် record keeping လုပ်ထားပါ

ကဲ … ဒီလောက်ဆိုရင်တော့ Navigation lights maintenance နဲ့ ပါတ်သက်ပြီး … နားလည်နိုင်ပါပြီလို ထင်ပါတယ် …
မိမိသဘောင်္၊ မိမိ Company အတွက် ကောင်းသည်ထက် … ကောင်းအောင် ကြိုးစားနိုင်ကြပါစေ …

Maritime Pro ဆက်ပြီး ကြိုးစားပါအုန်းမယ် …

* * * * *

 

Zawgyi

 

Knowledge roundtable – 37

 

သေဘာေပၤၚမွာ Navigation light ေတြဟာ Safe Navigation အတြက္ အေရးႀကီးတဲ့ အခန္းကေန ပါ၀င္ေနေပမဲ့ … သူကို ဘယ္လို ေသေသခ်ာခ်ာ စနစ္တက် … Maintenance လုပ္ၾကရမယ္ဆိုတာကိုေတာ့ အေလးထားဖို … ေမ့ေနတတ္ၾကပါတယ္ …

Navigation lights ေတြ တည္ရွိေနတဲ့ … ေနရာေတြကလဲ အလြယ္တကူ မေရာက္ႏိုင္တဲ့ … သေဘာရၤဲ့ အျမင့္ဆုံး ေနရာေတြ ျဖစ္တဲ့ အတြက္ … Maintenance လုပ္ဖို အခက္အခဲ ျဖစ္ေစတာကလဲ … အေၾကာင္းရင္း တခုပါ …

Company PMS ထဲမွာလဲ … Navigation lights maintenance ကိုလည္းထည့္ထားပါတယ္ …
PSC Officer ေတြရဲ႕ check items ေတြထဲမွာလဲ … ပါ ပါတယ္
ဒါေၾကာင့္ ဒီတေခါက္ Knowledge roundtable မွာေတာ့ … သေဘာေပၤၚက navigation light ေတြရဲ႕ … maintenance လုပ္ရင္ ဘာေတြ စစ္ေဆးၾကမယ္ … documentation အတြက္ ဘယ္လို ဘာေတြ record keeping လုပ္ၾကမယ္ ဆိုတာေလး … ေဆြးေႏြးၾကရေအာင္ …

ဘာေတြ စစ္ၾကမလဲ မေဆြးေႏြးခင္ … အျမင့္တက္ရမွာ ျဖစ္လို … ပထမဆုံး working aloft permit လိုပါလိမ့္မယ္ … Permission လိုမွာ ျဖစ္သလို working aloft Check list ကို Record keeping လုပ္ထားရပါမယ္ … ဒါမွ PSC Officer or Auditor ေတြ က Maintenance record နဲ႔ တိုက္ဆိုင္စစ္ရင္ working aloft permit ကို ျပႏိုင္ဖိုလိုပါမယ္ …

# အေျခအေနေပးရင္ … လွိင္း ေလ ၿငိမ္တဲ့ ဆိပ္ကမ္းကပ္ထားတဲ့ အခ်ိန္၊ Anchorage လိုေနရာမ်ိးကို ေ႐ြးသင့္ပါတယ္ … မျဖစ္မေန At sea မွာ လုပ္ရမယ္ ဆိုရင္ေတာ့ … Strong wind, rolling နဲ႔ pitching ရွိေနတဲ့ … အေျခအေနေတြကို ေရွာင္ပါ …

# Mast ေတြေပၚ မတက္ခင္မွာ … ေအာက္က အခ်က္ေတြကို … မျဖစ္မေန စိတ္ခ်ရေအာင္လုပ္ပါ …
၁၊ Mast ေပၚမွာ မိမိကို ဒုကၡ ေပးႏိုင္တဲ့ … Radar , Whistle / horn ေတြရဲ႕ power sources ေတြကို … ပိတ္ထားပါ … ျဖစ္ႏိုင္ရင္ fuses ေတြကိုပါျဖဳတ္ထားပါ …

၂၊ မေတာ္မဆ Radar ကို ဖြင့္မိတာမ်ိး ၊ Ship whistle ကို ဆြဲမိတာမ်ိး Test လုပ္တာမ်ိး မျဖစ္ေအာင္ … Maintenance အတြက္ Mast ေပၚမွာ လူရွိေၾကာင္း အသိေပးတဲ့ … Warning/ Caution sign ေတြကို Radar , Whistle ေတြနားမွာ Tag လုပ္ထားပါ …

၃၊ မိမိ Maintenance လုပ္မဲ့ ေနရာဟာ … antennas ေတြလို communication equipment ေတြနဲ႔ နီးရင္ … Switch off လုပ္ထားပါ … communication devices ေတြက ထြက္တဲ့ radiations ေတြက … လူကို ထိခိုက္ ေစႏိုင္လိုပါ …

# အေပၚမွာ ေျပာခဲ့သလို … ေသခ်ာ စီစဥ္ၿပီးၿပီဆိုရင္ေတာ့ ဘာေတြ စစ္ၾကမလဲ …
ေဆြးေႏြးၾကည့္ရေအာင္ …

၁၊ Main နဲ႔ Spare lights ေတြမွာ ရွိတဲ့ bulb ေတြ ၂ လုံး လုံးေကာင္းေနရပါမယ္ ၊ ဒါမွ တလုံးမေကာင္းရင္ ေနာက္တလုံး ခ်က္ခ်င္း ေျပာင္းထြန္းလိုရမွာပါ …

၂၊ navigation / signal lights ေတြထဲမွာ … ေရ ရွိ မရွိ စစ္ေဆးပါ …
ေရဆိုတဲ့ ေနရာမွာ … မိုးေရ လဲ ျဖစ္ႏိုင္သလို ပင္လယ္ေရ၊ Atmospheric moisture လဲ ျဖစ္ႏိုင္ပါတယ္ … navigation / signal lights ေတြဟာ weather tight နဲ႔ watertight ျဖစ္ရပါမယ္ …

ဒါေပမဲ့ သုံးတဲ့သက္တန္းၾကာလာတာနဲ႔ ေရ၀င္ႏိုင္မႈ အလားအလာ လည္းမ်ားလာတာေၾကာင့္ပါ … ဒါေၾကာင့္ မီးလုံး လဲတိုင္း Casing ထဲမွာ Rust formation/ salt formation ရွိ မရွိ စစ္ေဆးပါ … ဆားေတြ႕ၿပီဆိုရင္ေတာ့ … Sea water ၀င္တာ ႀကိမ္းေသေနပါၿပီ …
မီးလုံး ခဏ ခဏ လဲေနေနရၿပီဆိုရင္ေတာ့ … Casing ထဲကို ေရ၀င္ ေနၿပီဆိုတာ ႀကိမ္းေသပါဘဲ …
Casing ရဲ႕ Glass ကို အ၀တ္သန္႔ နဲ႔ clean လုပ္ေပးပါ … ဒါမွ ျမင္ႏိုင္စြမ္းအားပိုေကာင္းေအာင္ပါ
light fitting ေတြကို contact cleaner နဲ႔ clean လုပ္ေပးပါ …
မီးလုံး လဲၿပီးတိုင္း … silicon ဒါမွမဟုတ္ putty သုံးၿပီး ျပန္ပိတ္ဖို မေမ့ပါနဲ႔ …

၃၊ Navigation light casing မွာ ေလ်ာ့ေနတဲ့ Bolt / nut ေတြ ရွိမရွိစစ္ပါ
သေဘာရၤဲ့ vibration ေၾကာင့္ သေဘာေပၤၚမွာရွိတဲ့ Equipments ေတြရဲ႕ … Bolt / nut ေတြဟာ အခ်ိန္ၾကာလာတာနဲ႔ အမွ် … သူအလိုလို ေခ်ာင္လာတတ္ပါတယ္ … ဒါေၾကာင့္ အၿမဲ Bolt / nut ေတြကို … စစ္ၿပီးလိုအပ္ရင္ ျပန္ ၾကပ္ေပးပါ … ဒါေၾကာင့္ သက္ဆိုင္တဲ့ spanner/wrench ကို ယူသြားဖို မေမ့ပါနဲ႔ …

၄၊ Navigation light ေတြ အတြက္ wire / wire connection ေတြကိုလဲစစ္ေဆးပါ
Navigation lights ေတြ ရဲ႕ … Location ေတြက သေဘာသၤက္တန္းတေလ်ာက္ … weather expose ျဖစ္ေနတာေၾကာင့္ ၾကာလာတာနဲ႔ အမွ် … wire ေတြရဲ႕ conditions, wire ေတြကို ခ်ည္ေႏွာင္ထားတဲ့ Clips ေတြ ၊ flat bar ေတြကို အၿမဲ စစ္ဖိုလိုပါမယ္ …

၅၊ Navigation light controller မွာ ေအာက္ေဖၚျပပါ Alarm ေတြကို စစ္ေဆးရပါမယ္
i) Alarm for power supply to navigation lights
ii) Alarm for failure (including short circuit) of a lamp which is switched ON.

ၿပီးရင္ Navigation lights ေတြရဲ႕ … indicator ေတြရဲ႕ brightness ကို control လုပ္ႏိုင္တဲ့ Dimmer ကိုစစ္ပါ … ဒါမွ ညဘက္ အခ်ိန္ေတြမွာ OOW ရဲ႕ safe navigational watch ရဲ႕ … Night vision ကို … အေႏွာက္အယွက္ မျဖစ္ေစႏိုင္မွာပါ

၆၊ Marking ေတြကို စစ္ပါ

Navigation light တိုင္းမွာ ေအာက္ပါ Markings ေတြ ပါရမွာ … ျဖစ္ပါတယ္

1. the manufacturers name or symbol, and designation of type
2. the type/category of the NL in accordance with COLREGs
3. serial and certificate number
4. head line directions
5. range in nautical miles
6. nominal wattage of the light source in watts,

အထက္ပါ အခ်က္ေတြကို … documentation အတြက္ record keeping လုပ္ထားပါ

ကဲ … ဒီေလာက္ဆိုရင္ေတာ့ Navigation lights maintenance နဲ႔ ပါတ္သက္ၿပီး … နားလည္ႏိုင္ပါၿပီလို ထင္ပါတယ္ …
မိမိသေဘာၤ၊ မိမိ Company အတြက္ ေကာင္းသည္ထက္ … ေကာင္းေအာင္ ႀကိဳးစားႏိုင္ၾကပါေစ …

Maritime Pro ဆက္ၿပီး ႀကိဳးစားပါအုန္းမယ္ …

* * * * *

 

 

Maritime Pro Training Hub